Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
https://www.facebook.com/myancryptocurrency?mibextid=ZbWKwL
တလတခါ ပေါ်လို့လာတဲ့ ၅ ယောက် ပြန်လာပါပြီ။ ဒီတခေါက်မှာလည်း မေးချင်ရာမေးတာတွေကို ဖြေချင်ရာဖြေမှာဖြစ်လို့ ဒီနေ့ည ၈ နာရီအချိန် ကနေ မေးချင်ရာလာမေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်။
Stablecoin USDT ထုတ်တဲ့ Tether company ဟာ Argentina ရဲ့ နို့ထုတ်လုပ်ရေးလုပ်ငန်းစုတခုမှာ $100 million ရင်းနှီးမြှုပ်နှံပြီး company ရှယ်ယာ 9.8% ကို ဝယ်ယူလိုက်ပါတယ်။ 2002 ခုနှစ်တည်းက စတင်တည်ထောင်ခဲ့တဲ့ Adecoagro ဟာ တနေ့ကို နို့ litre 5 သိန်းခွဲအထိ ထုတ်လုပ်နိုင်နေပြီး Brazil မှာလည်း သကြားနဲ့ စွမ်းအင်ထုတ်လုပ်ရေးနယ်ပယ်ထဲကိုပါ ဝင်ရောက်ခဲ့ပါတယ်။
2021 NFT ခေတ်ဦးမှာတည်းက ထိပ်သီး NFT Collection ကြီးတခုဖြစ်ခဲ့တဲ့ CryptoPunk Collection ထဲက NFT တခုဟာ 620 ETH ($1.5 million ကျော်) နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ အတုံးကောင် CryptoPunk #6915 ဟာ CryptoPunk Collection ထဲက ရှားပါး NFT 24 ခုထဲက တခုဖြစ်ပြီး ဦးထုပ်၊ နားကွင်းနဲ့ မျက်လုံးကာတခုတို့ကို ဝတ်ဆင်ထားတဲ့ ပုံပါ။
အဖမ်းခံရပြီးနောက်ပိုင်းမှာ Telegram CEO Pavel Durov တယောက် ပထမဆုံး public announcement တခု ထုတ်ပြန်လာခဲ့ပါတယ်။ Telegram အနေနဲ့ ဥရောပသမဂ္ဂအတွင်းက နိုင်ငံတွေမှာ ဥပဒေလိုက်နာဖို့အတွက် ကိုယ်စားလှယ်တယောက်ရှိသလို ဥပဒေရေးရာကိစ္စတွေအတွက် ဆက်သွယ်ဖို့ email address တခုကိုလည်း အများအမြင်မှာချပြပေးထားပြီးဖြစ်သလို သူကိုယ်တိုင်ဟာလည်း Dubai က ပြင်သစ်ကောင်စစ်ဝန်ရုံးကို မကြာခဏရောက်နေတာဖြစ်လို့ တခုခုဆိုရင် သူ့ကို တိုက်ရိုက်ဆက်သွယ်လို့လည်း ရနိုင်လျက်နဲ့ ပြင်သစ်လေဆိပ်ရောက်မှကို ဝရမ်းနဲ့ဖမ်းခံရတာကြောင့် သူအဖမ်းခံခဲ့ရတဲ့ကိစ္စဟာ အံ့ဩစရာကောင်းနေကြောင်း ဆိုထားပါတယ်။
ဒီရက်ပိုင်းတွေမှာ crypto website အတော်များများပေါ် တွေ့နေရတဲ့ memecoin project တခုရှိပါတယ်။ ပြင်သစ်ဘောလုံးသမား Mbappe ကို Pepe memecoin ပုံစံထုတ်ထားတဲ့ Mpeppe ဆိုတဲ့ project ပါ။ ဒီ project ဟာ memecoin သက်သက်ချည်းပဲတော့မဟုတ်ဘဲ နောက်ပိုင်းမှာ crypto casino တခု၊ NFT Collection တွေနဲ့ DeFi protocol တွေပါ ဖန်တီးဖို့ ရည်ရွယ်ထားကြောင်း ဆိုထားပါတယ်။ လောလောဆယ်မှာ Mpeppe ဟာ အရောင်းအဝယ်လုပ်လို့မရနိုင်သေးဘဲ token တွေကို mint လုပ်ထားတဲ့ wallet ကနေပဲ supply 7.6 billion ကျော် Mpeppe token တွေကို ကိုင်ထားပါတယ်။
OKX ဟာ Singapore နိုင်ငံမှာ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ရသွားပါပြီ။ OKX SG အနေနဲ့ service ပေးရမှာဖြစ်ပြီး Singapore နိုင်ငံတွင်းမှာ digital payment တွေ ဝန်ဆောင်မှုပေးခွင့်၊ နယ်စပ်ဖြတ်ကျော်ငွေလွှဲဝန်ဆောင်မှုပေးခွင့်ရှိမှာဖြစ်သလို Singapore လူမျိုး ရင်းနှီးမြှုပ်နှံသူတွေကို spot crypto trading ဝန်ဆာင်မှုတွေပါ ပေးခွင့်ရှိမှာပါ။ OKX SG CEO အဖြစ်ကိုတော့ MAS (Monetary Authority of Singapore) ရဲ့ အရာရှိဟောင်း Gracie Lin ကို ခန့်အပ်လိုက်ပြီး အမျိုးသမီးဦးဆောင်တဲ့ ပြည်တွင်း CEX တခုဖြစ်လာတော့မှာပါ။