Crypto currency အကြောင်းကို မြန်မာဘာသာနဲ့ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
https://www.facebook.com/myancryptocurrency?mibextid=ZbWKwL
Iran အစိုးရဟာ cryptocurrency တွေကို တရားဝင်အသိအမှတ်ပြုဖို့ တဖြည်းဖြည်းနီးစပ်လာနေပါတယ်။ နိုင်ငံတွင်းမှာ crypto အသုံးပြုမှုတွေကို ကန့်သတ်ပစ်မယ့်အစား စည်းမျဉ်းဥပဒေတွေနဲ့ အရင်ထက်ပိုပြီး ထိန်းချုပ်သွားဖို့ရှိနေကြောင်း စီးပွားရေးနဲ့ဘဏ္ဍာရေးဝန်ကြီးက ပြောလာပါတယ်။ ဈေးကွက်အတွင်းမှာ ဖြစ်နေတဲ့ cryptocurrency တွေနဲ့ ပတ်သက်တဲ့ မကောင်းတဲ့အရာတွေကို ရှင်းထုတ်ပစ်ပြီး crypto အသုံးပြုမှုမြှင့်တင်ပြီး အကျိုးရှိရှိအသုံးချသွားဖို့ ရှိနေသလို ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လည်ပတ်သွားဖို့ ရှိနေကြောင်း ဆိုထားပါတယ်။
Argentina နိုင်ငံရဲ့ မြို့တော် Bueno Aires မြို့သူမြို့သားတွေဟာ သူတို့ရဲ့ ID Card တွေကို blockchain အခြေပြု ID card အဖြစ်နဲ့ အသုံးပြုလို့ရနေပါပြီ။ Argentina မြို့အုပ်ချုပ်ရေးအဖွဲ့ဟာ Ethereum scaling protocol တခုဖြစ်တဲ့ zkSync Era ပေါ်မှာ တည်ဆောက်ထားတဲ့ decentralized digital ID တွေကို မြို့သူမြို့သား 3.6 million ကျော်ဆီကို ဖြန့်ဝေပေးနိုင်ခဲ့တာဖြစ်ပြီး ဖုန်းထဲမှာတင် Quark ID ဆိုတဲ့ wallet ထဲမှာ ကိုယ့်ရဲ့ digital ID ကို ထည့်ထားလို့ရနိုင်မှာပါ။
HBO ရဲ့ Satoshi Nakamoto ကြီး Peter Todd ပြေးနေရပါပြီ။ HBO ရဲ့ မှတ်တမ်းရုပ်ရှင်အသစ်မှာ Bitcoin ရဲ့ ဖန်တီးရှင်ကြီး Satoshi Nakamoto ဟာ Peter Todd ဖြစ်ကြောင်း နာမည်တပ်ခံလိုက်ရပြီးနောက်မှာ သူ့ကို ဘေးလွတ်ရာရှောင်နေဖို့အတွက် တိုက်တွန်းမှုတွေရှိနေကြောင်း Peter Todd က ဆိုလာပါတယ်။
US အခြေစိုက် ငွေပေးချေဝန်ဆောင်မှုပေးတဲ့ Stripe company ဟာ stablecoin platform တခုဖြစ်တဲ့ Bridge ကို $1.1 billion အထိ ပေးပြီး ဝယ်ယူလိုက်ပါတယ်။ Bridge ဟာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ stablecoin တွေနဲ့ ငွေလက်ခံချင်ရင် လက်ခံလို့ရအောင် ဝန်ဆောင်မှုပေးတဲ့ software company တခုဖြစ်ပြီးတော့ Stripe ရဲ့ Bridge ကို ဝယ်ယူလိုက်မှုဟာ crypto နယ်ပယ်ထဲ ခြေဆန့်ဝင်လာတော့မယ့် အရိပ်အယောင်တခုလည်းဖြစ်နိုင်ပါတယ်။
Coinbase website အတုလုပ်ပြီး $20 million အထိ cryptocurrency တွေ လိမ်လည်သွားခဲ့သူ India နိုင်ငံသားတဦး ထောင်ဒဏ် 5 နှစ်အထိ ချမှတ်ခံလိုက်ရပါတယ်။ Chirag Tomar ဆိုတဲ့ 31 နှစ်အရွယ်ပုဂ္ဂိုလ်ဟာ Coinbase website အတုကနေတဆင့် user ပေါင်း ရာနဲ့ချီဆီကနေ $20 million ကျော် လိမ်လည်သွားခဲ့တာပါ။ ခိုးရာပါပိုက်ဆံတွေနဲ့ Lamborghini နဲ့ Porsches လိုမျိုး ဇိမ်ခံကားတွေ၊ ဇိမ်ခံပစ္စည်းတွေဝယ်ယူခဲ့သလို ထိုင်းနဲ့ ဒူဘိုင်းတို့ကိုပါ အပျော်ခရီးတွေ ခေါက်တုံ့ခေါက်ပြန်ထွက်ခဲ့ပါသေးတယ်။
အလုံးတွေနဲ့ မျက်လုံး scan လိုက်ဖတ်လွန်းလို့ အစိုးရတွေနဲ့ ခဏခဏပြဿနာတက်လေ့ရှိတဲ့ Worldcoin ဟာ World အဖြစ်နဲ့ နာမည်ပြောင်းပြီး ခရီးဆက်ကြတော့မှာပါ။ နာမည်ပြောင်းလိုက်တာနဲ့အတူ သူတို့ရဲ့ မျက်လုံး scan ဖတ်တဲ့ World Orb version အသစ်ကိုလည်း တခါတည်း မိတ်ဆက်လာခဲ့ပြီး hardware အပိုင်းမှာဆိုရင်လည်း Nvidia hardware တွေ အသုံးပြုထားကြောင်း World founder Sam Altman က ဆိုထားပါတယ်။