မေတ္တာနေ့ကတော့ ၁၀ရက် တရားစခန်း နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာ ယောဂီတွေ စကား ပြောလို့ရပါပြီ။ တရားစခန်း ဝင်နေတဲ့ အချိန်အတွင်းမှာ ယောဂီတွေအချင်းချင်းစကားပြောခွင့် မရှိပေမယ့်၊ ဝစီပိတ်တော့ မဟုတ်ပါဘူး၊ လိုအပ်တာရှိရင် ဓမ္မလုပ်သားတွေကို ဆက်သွယ် စကားပြောနိုင်ပါတယ်။
တရားစခန်းက ယောဂီတွေကို စိတ်ပိုင်း ရုပ်ပိုင်း ခံနိုင်ရည် ရှိအောင် လေ့ကျင့် ပေးလို့ လို့ အတိုချုန်းပြောရမှာပါ။ ယောဂီ တစ်ယောက်ကို မေးကြည့်တယ်၊ ဘာတွေထူးလာလဲလို့၊ သူက 'ကြောက်စိတ်တွေ လျော့လာတယ်' တဲ့။ ကျွန်တော့် အနေနဲ့လဲ တူတူပဲလို့ပြောရမှာပါ။
ဝိပဿနာ အားထုတ်တာက ခံစားချက်တွေ ကင်းမဲ့သွားစေတာလား?
ဒီလို မဟုတ်ပါဘူးနော်၊ ဝိပဿနာ အားထုတ်တာက မကောင်းတဲ့ စိတ်တွေကိုလျော့စေ နိုင်စေပြီး တစ်ဘက်မှာ မေတ္တာ ဂရုဏာ စတဲ့ တရားတွေကို အားကောင်း စေပါတယ်၊တကယ်လို့ အားမကောင်းလာရင်လဲ အားကောင်းအောင် စိတ်ကောင်းစေတနာကောင်းတွေကို
လက်ခံ ခံယူ တတ်ရပါတယ်။