ခရီးထွက်နေ့လို့ပါ

2025-05-03T12:09:30
အားလုံး မင်္ဂလာပါ။
အခု ခရီးထွက်နေတာမို့ နေ့စဥ် လှူပ်ရှားမှု actifit ပိုစ့်လည်း မတင်ဖြစ်နေပါ။
အိမ်မှာနေ အလုပ်လေး လုပ်ဆိုတော့ တင်ဖို့ အကြောင်းအရာ မရှိနေဘူး။ ဒီကြားထဲ အားတဲ့ အချိန်စာလေးနဲနဲ တော့ ဖတ်ဖြစ်ပါတယ်။ ဒေါက်တာ ဖြိုးပိုင် မျှဝေထားတဲ့ စာအုပ်တွေ အခမဲ့ ဒေါင်းလုပ်ဆွဲ ပြီး ကြည့်လို့ရတဲ့ ဆိုက်လေး ကို ဝင်ကြည့်ဖြစ်ပါတယ်။ အဲမှာ ကျွန်တော်စိတ်ဝင်စားတဲ့ စာအုပ်တွေ များများ တွေ့ရတယ်။ ကျွန်တော် အရင် က ဘာသာပြန် ရည်ညွန်းပြီးရေးတဲ့ အီခီဂိုင် (IKIGAI) စာအုပ်လေးလဲ အဲမှာရှိတယ်။ အခြား personal growth နဲ့ စာအုပ်တွေလည်းတော်တော်များပါတယ်။ web page ကတော့ https://z-library.sk/ ဖြစ်ပါတယ်။ အဲဒီမှာ စာအုပ်တွေကို online ဖတ်ချင်လဲ ရပါတယ်။
image source: https://z-library.sk/
လောလောဆယ်တော့ ကျွန်တော်စဖတ်ဖြစ်တဲ့ စာအုပ်ကတော့ '01 Essays That Will Change The Way You Think' ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆောင်းပါးတိုပေါင်း ၁၀၁ ခု ပါဝင်တာဖြစ်ပါတယ်။ အစကနေစဖတ်နိုင်သလို တစ်ပုဒ်ချင်း ကိုယ်စိတ်ဝင်စားရာ ခေါင်းစဥ်ကို ပဲ ရွေးပြီးလဲ ဖတ်နိုင်ပါတယ်။ အဲဒီအထဲက တတိယမြောက်ဆောင်းပါး '10 Things Emotionally Intelligent People do not Do' 'ခံစားချက် အသိဉာဏ်မြင့်သူတွေ လုပ်လေ့ မရှိတဲ့ အရာဆယ်ခု' ကို မျှဝေပေးချင်ပါတယ်။ အဲဒီအချက် ၁၀ခုကတော့၊
၁။ ခံစားချက် ဉာဏ်ရည်မြင့်သူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို အဖြစ်မှန် အနေနဲ့ မမှတ်ယူဘူး။ ခံစားချက်ဆိုတာ ဘက်လိုက်မှု၊ ဖြစ်ခဲ့တဲ့ အတိတ် အကြောင်းတရားတွေပေါ်မှာ မူတည်နေနိုင်တာမို့ပဲ ဖြစ်ပါတယ်။ ဒီလို ရှု မြင်လိုက်တာဟာ သူတို့ကို အလွန်အမင်း တုန့်ပြန်ခံစားတတ်တာ၊ အမှန်တရားကို လွဲမှာ အဓိပ္ပါယ်ဖွင့်ဆိုတာတွေကနေ လွတ်မြောက်စေပါတယ်။
၂။ ခံစားချက် ဉာဏ်ရည်မြင့်သူတွေဟာ သူတို့ရဲ့ ခံစားချက်တွေအတွက် အခြား သူတွေကို အပြစ်မတင်တတ်ကြပါ။ သူတို့ဟာ သူတို့ရဲ့ ခံစားချက်တွေဟာ အခြားသူတွေကြောင့် ဖြစ်တာမဟုတ်ပဲ ကိုယ့်ခံစားချက်တွေ အတွက် တာဝန်ယူတတ်ကြပါတယ်။ ဒီလို လုပ်တတ်တာဟာ သူတို့ကို အခြားသူတွေအပေါ် အပြစ်တင် နာကျဥ်း တတ်တာကနေလွတ်မြောက်စေပြီး၊ အခြားသူတွေ မှားယွင်းလုပ်ဆောင်တာဟာလည်း သူတို့ကိုယ်တိုင်က ပြုပြင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
၃။ ခံစားချက် ဉာဏ်ရည်မြင့်သူတွေဟာ သူတို့ကို ပျော်ရွင်စေတဲ့အရာတွေကို သိပြီးဖြစ်တယ်လို့ မမှတ်ယူကြပါဘူး။ အတိတ်က ကြုံတွေ့ဖူးခဲ့တာတွေဟာ သူတို့ကို ပျော်ရွင်ကျေနပ်စေတယ်လို့ မယူဆပါဘူး၊ ပျော်ရွင်မှုကို သိရှိခံစားတာဟာ အတိတ်က အတွေ့အကြုံတွေအပေါ်မှာ ကန့်သတ်ထားလို့ရတဲ့ အရာ မဟုတ်ပဲ အမြဲ ပြောင်းလဲ နေတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပါတယ်။
၄။ သူတို့ဟာ စိုးထိတ်မှု ခံစားရတာဟာ လမ်းကြောင်းလွဲ ပေါ်ရောက်နေတယ်လို့ မယူဆကြဘူး။ စိုးထိတ်တာဟာ ကိုယ်နှစ်သက်တဲ့ နေရာကို ဦးတည်နေစဥ် ခံစားရတာဖြစ်ပြီး၊ စိတ်မပါပဲ လုပ်ကိုင်နေခြင်းကပဲ လမ်းကြောင်းလွဲမှားခြင်းကို ပြတဲ့ ပြယုဒ် ဖြစ်ပါတယ်။
၅။ သူတို့ဟာ ပျော်ရွင်ခြင်းကို အမြဲလုပ်မယူနေပါဘူး။ ခံစားချက်ပေါင်း များစွာရှိတာမို့ လူတစ်ဦးဟာ အမြဲ ပျော်ရွင်နေရမှာ မဟုတ်ပါဘူး။ သူတို့ဟာ ခံစားချက်တွေကို တွန်းကန်ပစ်မယ့်အစား ကျေနပ်လက်ခံတတ်ကြသူတွေပါ။
၆။ ခံစားချက် ဉာဏ်ရည်မြင့်သူတွေဟာ အခြားသူတွေ သူတို့ရဲ့အတွေးကို ရွေးချယ်တာ မခံပါဘူး။ သူတို့ဟာ လူ့အဝိုင်းအဝန်း အခြေအနေ နဲ့ လက်ဆင့်ကမ်း အတွေးတွေကို သေချာစီစစ် စစ်ဆေးတတ်ကြပြီး ဘယ်လိုအတွေးမျိုးကို လက်ခံရမယ်ဆိုတာကို ရွေးချယ်ကြသူတွေပါ။ ဒီအချက်ဟာ သူတို့ကို အဆိပ်အတောက်ဖြစ်စေတဲ့ အတွေးအခေါ်တွေက နေကာကွယ်ပေးစေပါတယ်။
၇။ သူတို့ဟာ တည်ကြည်စွာနေတာကို ခွန်အားတစ်ခုအနေနဲ့ မမှတ်ယူပါဘူး။ ခံစားချက်ကို ထိန်းချုပ်ထားတာဟာ ခံစားချက်ဉာဏ်ရည် မြင့်တဲ့ အချက် တစ်ချက်မဟုတ်ပါဘူး။ သူတို့ဟာ ခံစားချက် မရှိသလို ရုပ်တည်နဲ့ နေတာမျိုး၊ လုံးဝ အိတ်သွန်ဖာမှောက် ဖော်ပြလိုက်တာမျိုး ထက် သူတို့ ရဲ့ ခံစားချက်ကို သင့်တော် တဲ့အချိန် လိုအပ်သလို ဖော်ပြတတ်ကြသူတွေပါ။
၈။ ခံစားချက်ဆိုတာ တဒင်္ဂဖြစ်စဥ် ဆိုတာ သူတို့ သိကြတယ်။ ခံစားချက်ဆိုတာ တာရှည်မခံတတ်ပါဘူး။ ဒီအချက်ကို သိရှိထားတာဟာ သူတို့ကို ဆိုးဆိုး
ဝါးဝါး ထိခိုက်စေမှုကနေ သက်သာစေပါတယ်။
၉။ သူတို့ဟာ မိတ်ဖွဲ့ခင်မင်တတ်ကြပေမယ့် လူတိုင်းနဲ့ တော့ အရောတဝင် မလုပ်ကြပါဘူး။ သူတို့ဟာ သူတို့ ဘဝနဲ့ အသည်းနှလုံးထဲကို ဘယ်သူတွေကို လက်ခံမယ်ဆိုတာကို သတိထား ဂရုစိုက် ရွေးချယ်တတ်ကြတာကြောင့်မို့ပါ။ သူတို့ဟာ လူတိုင်းအပေါ် ကြင်နာတတ်ပေမယ့်၊ လူနည်းစုနဲ့ပဲ့ ပွင့်လင်းတတ်ကြပါတယ်။
၁၀။ သူတို့ဟာ ဆိုးဝါးတဲ့ခံစားချက်ကို သူတို့ ဘဝ အဖြစ် မမှတ်ယူတတ်ကြပါဘူး။
ဒါတွေကတော့ ကျွန်တော် ဖတ်တဲ့အထဲကနေ ကောက်နုတ်ဖော်ပြတာတွေပါ။ မိတ်ဆွေအနေနဲ့ လည်း ကိုယ်တိုင် သွားပြီးဖတ်ရှုနိုင်ပါတယ် လို့ပြောရင်း နိဂုံးချုပ်ပါတယ်။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
@princekham
5th May 2025
221
15
1.21
15 Replies