မကောင်း ဘယ်နဲ့ ရှိပါ့အေ

By @htwegyi7/24/2021myanmar

image

ယနေ့ တူမဖြစ်သူက ငှက်ပျော်ပေါင်း
လုပ်စားမည်ဟုပြောသည်။
ထုံစံအတိုင်း ဈေးမသွားပါနဲ့ဆိုလည်း
သွားပြန်သည်။ မက်တပ်ကာ
ဆိုင်ကယ်ခွ၍ ဈေးသို့ ထွက်သွား
လေသည်။

အိမ်အတွက် ကြက်သားဝယ်လာသည်။
နွားနို့ငါးဆယ်သားထုပ်၊ ငှက်ပျော်ဖီးကြီး၊
နို့စိမ်းဘူးများဖြင့် ဆိုင်ကယ်စီးပြီး
ဈေးမှ ပြန်ခဲ့သည်။

အိမ်အတွက် ဟင်း ကြက်သားအား
မချက်သေးဘဲ သွားရည်စာကို
အရင်လုပ်ကြသည်။ ဒယ်နီထဲသို့
ငှက်ပျော်သီးဖီးကြမ်း ဆယ်လုံးကို
အခွံနွာထဲ့သည်။ နွားနို့ထဲ့သည်။
နို့စိမ်းထဲ့သည်။

နို့စိမ်းထဲ့သည့်အခါ တစ်ဗူးလုံးထဲ့၍
ကျွန်တော့်အမနှင့် တူမ စကားလုပြောကြသည်။
စကားနိုင်လုကြပါတော့သည်။

"အမလေး ညည်းဟာက ငှက်ပျော်သီးက
အဲ့လောက်မဟုတ်ဘူး အစာပလာက
ကောင်းနေတာပါအေ၊ ဘယ်နဲ့
ငှက်ပျော်သီး ဆယ်လုံးကို နွားနို့ရော၊
နို့စိမ်းတစ်ဘူးလုံးပါထဲ့မှတော့
ကောင်းရောပေါ့"

"ဟ အမေကလည်း ဒါမှ ရှယ်ကောင်းမှာပေါ့။
ဝယ်စားရင် ဒီလောက် ဘယ်ကောင်းမလဲ၊
ခုဆို များများနဲ့ ကောင်းကောင်းစားရတာပေါ့"

20210724_150623.jpg

20210724_150730.jpg

"အမလေး များများနဲ့ ကောင်းကောင်း
ဟတ်လား၊ ရပ်ကတို့ ။ ငှက်ပျော်သီးက
တစ်ထောင်၊ နွားနို့ ငါးဆယ်သားက
တစ်ထောင်၊ နို့စိမ်းဗူး က တစ်ထောင်
ဒါတောင် နို့ဆီဘူးမပါသေးဘူး
အိမ်က အကျန်ထဲ့လို့နော်။
သုံးထောင်ပေးရတဲ့ ငှက်ပျော်ပေါင်း
မကောင်း ဘယ်နဲ့ ရှိပါ့အေ"

"အဟီး အမေကလည်း မြိုမကျအောင်
မပြောပါနဲ့။ အေးအေး ဆေးဆေး
စားပါရစေ"

"စားတော်မူပါတော်"

သူရို့ သားအမိ စကားပြောနေချိန်
ကျွန်တော်က ငှက်ပျော်ပေါင်း
နူး မနူး၊ အိ မအိ စမ်းကြည့်ရင်း
မြည်းနေပါတော့သည်။

@htwegyi
24-7-21

21

comments