
Hive မှာ ပိုစ့်တင်ဖို့ Ecency ကိုသာ အသုံးများ၏။ တခါတလေ Ecency server ကျချိန်၊ maintenance လုပ်နေချိန်မျိုးမှာ Hive.blog သို့မဟုတ် PeakD ကနေ ပိုစ့်တင်ဖြစ်၏။ မနေ့က မြန်မာကိုကို၏ PeakD အကြောင်း ပိုစ့်ကို ဖတ်ရ၏။ PeakD မှာ build in AI နဲ့ photos တွေ generate လုပ်လို့ရကြောင်းကိုလည်း သူပဲ ကျနော့်ကို ပြောပြခဲ့ခြင်း ဖြစ်၏။ PeakD မှာ အားသာချက် အတော်များ၏။ Hive platform ပေါ်မှာ မိမိရဲ့ ခရီးလမ်းနဲ့ ပတ်သက်လို့ data တွေကိုလည်း စုစည်း ထုတ်ယူနိုင်သေး၏။ ဥပမာ တလကို ဘယ်လောက် income ရခဲ့တယ် ဆိုတာမျိုးက အစပေါ့။
ပြီး snap ဆိုတာမျိုးလား၊ ပိုစ့် အတိုလေးတွေ တင်လို့ရတယ် ဆိုလား၊ Ecency ၏ wave နှင့် ဆင်တူသည် ဆို၏။ Dbuzz လိုမျိုး မဟုတ်ပေ။ Dbuzz က ဓါတ်ပုံ အသားပေးပြီး စာအနည်းငယ်သာ ထည့်သွင်းခွင့်ရှိ၏။ ပြီး Dbuzz မှာ ပိုစ့်တင်ရင် မိမိ၏ မူရင်း Hive account မှာပါ ပိုစ့် ပေါ်၏။ Wave, Snap တို့ကတော့ ထိုသို့ မဟုတ်ပေ။ ထို့ကြောင့်လည်း short post လို့ ခေါ်တွင်ခြင်း ဖြစ်၏။

Ecency ၏ wave ကိုတော့ သုံးကြည့်ခဲ့ဖူး၏။ သိပ်မကြိုက်လို့ အဆိုပါ feature ကို မသုံးဖြစ်တော့ပေ။ Snap ကတော့ PeakD မသုံးဖြစ်လို့ မစမ်းကြည့်ရသေးပေ။ နို့ပေမယ့် မနေ့က မြန်မာကိုကို၏ ပိုစ့်အောင်မှာ ကိုဟိန်းက hivesnaps App အကြောင်း ပြောပြထား၏။ သို့နှင့် Play store မှာ သွားရှာကြည့်ပြီး စမ်းသုံးကြည့်၏။ မဆိုး၊ အတော်လေး အဆင်ပြေ၏။ ကျနော်တို့ အနည်းငယ် ရင်းနှီးသည့် Instagram, Twitter (X) တို့နှင့် ပုံစံဆင်၏။ ရှည်ရှည်ဝေးဝေး ပြောနေစရာမလို တိုတိုတုပ်တုပ်နဲ့ ဖော်ပြလို့ရ၏။
မနေ့က ဘာရယ်မဟုတ် အမငယ် ဝယ်လာသည့် Echeveria succulent အပင်ငယ်ကို ပုံရိုက်ပြီး တင်ထားကြည့်လိုက်၏။ 0.02$ တော့ ရထား၏။ အမယ် ဘယ်ဆိုးလို့လဲပေါ့။ တရက်ကို တခုလောက် တင်သွားကြည့်မယ် တွေးထား၏။ Snapshot တွေကို Hivesnaps မှာ တင်မယ်တို့ ဘာတို့ပေါ့လေ။ ကျေးဇူးပါ မြန်မာကိုကိုနှင့် ကိုဟိန်းဗျ။