You Never Fully Dress Without A Smile
Taunggyi,Shan State, Myanmar
Europa League Final ကန်မယ့် နှစ်သင်းက ဟာသ။ မသိရင် ပြောင်နေသည့်အလား။ ဗိုလ်လုပွဲ ရောက်ထားတာမှ အားမနာ တသင်းနဲ့ တသင်း အပြိုင်အဆိုင်ကို ရှုံးနေကြတော့၏။ စနေနေ့ မနက် အစောမှာ ကစားသွားသည့် EPL Round 37 မှာ Man United ကော၊ Tottenham ကော ပြိုင်ဘက်တွေကို အသီးသီး ရှုံးနိမ့် သွားခဲ့ရ၏။ Man United က Chelsea ကို 1-0 ဖြင့် လည်းကောင်း၊ Tottenham က Aston Villa ကို 2-0 ဖြင့် လည်းကောင်း ရှုံးနိမ့် သွားခဲ့၏။
မနေ့ည ၁၂ နာရီလောက်က massage ဝင်လာ၏။ လေဖိအားနည်း ရပ်ဝန်းနဲ့ ပတ်သက်ပြီး မိုး/ဇလက အသိ၊ သတိပေးတဲ့ massage ဖြစ်၏။ တနင်္ဂနွေနေ့ည တနည်းအားဖြင့် တနင်္လာနေ့ မနက် ၁၂ နာရီခွဲမှာလည်း massage ဝင်ထားသေး၏။ အဆိုပါ massage ကိုတော့ သတိမထားမိလိုက်ပေ။ ထိုနေ့က အစောအိပ်ပျော်သွားခဲ့၏။
HBD အနေဖြင့် CoinGecko မှာ stable coin အဖြစ် သတ်မှတ် ဖော်ပြခြင်း ခံရပြီဟု ဒီနေ့ ပိုစ့် တခု တွေ့လိုက်ရ၏။ ဝမ်းသာ စရာပင်။ CoinMarketCup လောက်သာ သိသူ ကျနော့်အဖို့ အဆိုပါ Website နဲ့ သိပ်တော့ ရင်းနှီးမှု မရှိနေပေ။ ဘာပဲ ပြောပြော ကောင်းသည့် ကိစ္စ ပေမို့ ဝမ်းသာ ကြိုဆိုပါ၏။ HBD က USDT လိုပဲ Stable coin ဖြစ်၏။ 1$ နဲ့ အမြဲ ညီမျှနေအောင် ချိန်ထား၏။ HBD က ဈေး အတက်အကျ မရှိဘဲ Hive သာ ဈေးအတက်အကျ ရှိမည် ဖြစ်၏။
နေ့လည်ခင်းတုန်းက မိုး သဲကြီး မဲကြီးကို ရွာချ၏။ ပီဘိ မိုးတွင်းအလားနှယ်။ နွေက ပြီးသွားပြီလားဟု အမေ့ကို မေးကြည့်မိတော့ ကုန်တော့ မကုန်သေး။ ဒါပေမယ့် မိုးဦးစောလိမ့်မည်ဟု ဆို၏။ နယုန်ဆို မိုးရာသီ ရောက်ပြီတဲ့ ခုက ကဆုန် လဆုတ် ဆိုတော့ နယုန် ပြောင်းကူးတော့မှာမို့ မိုးလာတော့မှာဟု အမေက တဆက်ထဲ ဆိုလေ၏။
မနေ့က ဘာများ အခန့် မသင့်သည် မသိ။ မနက် အိပ်ရာထ ကတည်းက ဗိုက် မကောင်းနေပေ။ မနေ့ ရှေ့တနေ့ကလည်း မတည့်၊ အဆက်မပြေတာ မစားမိပေ။ အကင်လေး နည်းနည်း၊ အာလူးကြော်၊ ကြက်ဥကြော်၊ ခေါက်ဆွဲပြုတ်၊ မလာဟင်း နည်းနည်း ဒါလေးပဲ စားခဲ့တာပါ။ ထိုအထဲမှာ ကျနော်နဲ့ မတည့်သည့်ဟာ မပါပေ။ မကြာခဏ စားနေကြ အစာတွေသာ ဖြစ်၏။ ဘာကြောင့်ရယ် မသိ မနက် အိပ်ရာ နိုးသည်နဲ့ ဗိုက်မကောင်းနေပေ။ အစာအိမ် နာပြီထင်။
ခြင်။ လူသားတွေနဲ့ အင်မတန် ရင်းနှီးသည့် အင်းဆက် ဖြစ်ချေ၏။ ကောင်းသော ရင်းနှီးခြင်းမျိုးတော့ မဟုတ်ပေ။ လူကို ဒုက္ခပေးသော၊ မကောင်းကျိုးသာ ရစေသော အင်းဆက် ဖြစ်ချေ၏။ တချို့ မွေးမြူရေး လုပ်ငန်းများ အတွက် အစာ အဖြစ် သုံးရန် အင်းဆက်တွေကို တမင် မွေးမြူရတာမျိုးလည်း ရှိသေးသည် ဆို၏။ ထူးဆန်းပါပေ့။