HBD အနေဖြင့် CoinGecko မှာ stable coin အဖြစ် သတ်မှတ် ဖော်ပြခြင်း ခံရပြီဟု ဒီနေ့ ပိုစ့် တခု တွေ့လိုက်ရ၏။ ဝမ်းသာ စရာပင်။ CoinMarketCup လောက်သာ သိသူ ကျနော့်အဖို့ အဆိုပါ Website နဲ့ သိပ်တော့ ရင်းနှီးမှု မရှိနေပေ။ ဘာပဲ ပြောပြော ကောင်းသည့် ကိစ္စ ပေမို့ ဝမ်းသာ ကြိုဆိုပါ၏။ HBD က USDT လိုပဲ Stable coin ဖြစ်၏။ 1$ နဲ့ အမြဲ ညီမျှနေအောင် ချိန်ထား၏။ HBD က ဈေး အတက်အကျ မရှိဘဲ Hive သာ ဈေးအတက်အကျ ရှိမည် ဖြစ်၏။
ပြောသာ ပြောရတယ်၊ Hive ဈေး 1$ ကျော်သည်ကို မမြင်ရတာ အတော်လေး ကြာခဲ့ပြီ။ Hive ဈေး 1$ အထက်မှာ ဘယ်အချိန်က နောက်ဆုံး ရှိခဲ့လဲ ဆိုတာကိုတောင် မမှတ်မိတော့ပေ။ 1$ အထက် မပြောနဲ့ 1$ နား နီးနီးထားဦး 0.5$ နားထိ မရောက်ခဲ့ မမြင်ခဲ့ရတာပင် အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ Hive ကား တည်ငြိမ် နေနိုင်လွန်းအားကြီးလှပေ၏။
စကားစပ်လို့ ပြောရဦးမယ် Hive အနေဖြင့် CoinMarketCup မှာ Top 50 အထက်မှာ ရှိမနေခဲ့ပေ။ ထိုအကြောင်းကို ယခင်က ကိုဟင်လည်း ပြောခဲ့ဖူး၏။ ကိုယ်တွေ သုံးနေသည့် Platform မို့ ပြောတာ မဟုတ် တကယ်ကောင်းသည့် platform ဖြစ်နေရဲ့သားနဲ့ ဘာလို့ Top 50 ထဲ မပါနေရတာလဲဟု ကျနော်လည်း တွေးနေမိ၏။ နို့ပေမယ့် ကိုယ့် တထွာတမိုက် ဉာဏ်လေးနဲ့ စဉ်းစားလို့ မမှီသည့် ကိစ္စရပ်မို့ လက်လျော့ထားလိုက်၏။ သူ့သူ ဈေးတက်လာပါလိမ့်မယ်။ ဈေးမတက်လာခင်လေး ကိုယ်က power စုလို့ ရသလောက် စုထားရုံဟုသာ တွေးပြီး လုပ်စရာ ရှိတာ ဆက်လုပ်လို့ နေခဲ့ပါ၏။
Hive Power သည် Hive မှာ အဓိက ဖြစ်၏။ စာရေးလို့ရသည့် HBD လေးကို Hive အဖြစ် swap ပြီး ဈေးတက်ရင်း ထုတ်ရောင်းလိုက်နဲ့ ဟုတ်တော့ ဟုတ်နေ၏။ HBD နှင့်အတူ တွဲပြီးရသည့် HP ကိုပဲ power အတွက် သုံးနိုင်တော့၏။ ယခင်လို reward တွေကို 100% power up တာမျိုး မလုပ်နိုင်သေးပေ။
တချိန်ချိန်မှာတော့ ခုလို တဝက်စု ဝက်သုံး မဟုတ်ဘဲ အပြည့်စု လုံးဝ ထုတ်မသုံးဆိုသည့် အနေအထားမျိုး ပြန်ရောက်နိုင်အောင် ကြိုးစားရပေလိမ့်ဦးမည်။ Hive ကို အချိန်တခု အတွက် ရည်ရွယ်ပြီး သီးသန့်ထားချင်ပါ၏။ ထိုအချိန်ကို ရည်သန်ရင်း Hive ခရီးလမ်းမှာ ဆက်လက်လျှောက်လှမ်းနေပါဦးမည်။