ကျွန်တော် တစ်နေ့တာသဘ်ောDockတင်/ချ အလုပ်လုပ်ပုံ 10.4.2023

2023-04-10T15:45:42
ကျွန်တော် တစ်နေ့တာသဘ်ောDockတင်/ချ အလုပ်လုပ်ပုံ 10.4.2023
ဒီနေ့ တစ်နေ့ကုန် စာတစ်ပုဒ်ရေးဖို့ မနည်းအားခဲရသလို ပိုစ်တင်ဖို့လည်း အရမ်းခက်ခဲတဲ့နေ့ဖြစ်တယ်။မနက်(၅)နာရီလောက် စောစောထရတယ်။စောစောထပြီး မျက်နှာသစ် သွားတိုက် စသော နေ့စဉ်ဓူ၀အလုပ်ကို အိပ်ယာထခြင်း လုပ်ရတာလေ။အဲလို အလုပ်ပြီးတာနဲ့ ကျွန်တော် ဒီနေ့ သဘ်ောတစ်စီးကို ဒေါင့်ချပေးရမယ်။(Dockဆိုတာ သဘ်ောတစ်စီးရဲ့ ပြုပြင်မှု အစစအရာရာပြုလုပ်ရာတွင် သဘ်ောတိုင်းပြုလုပ်ရတာကို ဆိုလိုပါတယ်)
‌ကျွန်တော် အလုပ်လုပ်တဲ့ Dockက သဘ်ောတစ်စီးဖြစ်ပြီး ပြင်ဆင်လိုတဲ့သဘ်ောတစ်စီတင်ရင် ရေထဲမြုပ်ပြီး ထိုသဘ်ောကို မိမိသဘ်ောပေါ် တင်တဲ့သဘ်ောပါ။ထိုသဘ်ောက မိမိသဘ်ောပေါ်မှာ စက်ပိုင်းဆိုရာ လျှပ်စစ်ပိုင်းဆိုင်ရာ အီလတ်ထရောနစ်ပိုင်းဆိုင်ရာ Deckပိုင်းဆိုရာအသီးသီးကို ပြုပြင်ဖို့ Dockတင်ခြင်းဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ သဘ်ောအမည်က Floating Dock(ရေပေါ်လွန်းကျင်း)လည်း ခေါ်ဝေါ်ကြတယ်။
ကျွန်တော်တို့ ‌Floating Dock Shipရဲ့ ရည်ရွယ်ချက်က မည့်သည့်သဘ်ော ဘယ်နေရာမှာ ပျက်ပျက် သွားရောက်ပြုပြင်နိင်ဖို့ရည်ရွယ်ချက်ပါ။အလုပ်လုပ်ပုံကတော့ Dockတင်မဲ့သဘ်ောကို ရေစတတ်ချိန်မှာ မိမိသဘ်ောရှိ Float Thank(ရေပေါ်ကန်)တွေထဲ ရေသွင်းစနစ်နဲ့ အလုပ်လုပ်တာပါ။အဲလို ရေသွင်းမှာ မိမိသဘ်ောဟာ ရေထဲမြုပ်သွားပြီး သတ်မှတ် levelရောက်မှာ Dockတင်မဲ့ သဘ်ောကို သဘ်ော၀မ်းထဲထည့်ကာ ရေချိန်ညှိပြီး တင်တဲ့အလုပ်ပါ။ရေပေါ်ကန်ထဲ ရေထည့်ရင် ကြာချိန်က ၃ နာရီကြာတတ်ပြီး ရေထုတ်ချိန်ကတော့ ၁ နာရီဘဲ ကြာပါတယ်။စုစုပေါင်း Dockတင်/ချချိန်က ၄ နာရီကြာတတ်ပါတယ်။
‌Dockတင်/ချ အပြီးအစီးဆို ၅ နာရီလောက်ကြာသောကြောင့် မနက် ၁၀ နာရီလောက်မှာ ပြီးပါတယ်။ထိုသို့ ပြီးသော်လည်း မိမိအလုပ်မှာ မပြီးသေးတော့ ခက်တာပေါ့။ထိုသဘ်ောရဲ့ ပစ္စည်းတွေတင်ချဖို့ Crane(ကရိန်း)မောင်းရပြန်တယ်။
‌နောက် နေလည်ထမင်းစားချိန် (၁၂)နာရီထိုးထီ အလုပ်ကမပြီးသေးတော့ ထမင်းအမြန်စားက(၁)နာရီမှာ အလုပ်ပြန်စရတော့ လူက ဖက်ဖက်မောတာပေါ့ အဲလိုနဲ့ အလုပ်လုပ်ရင် အချိန်က တဖြည်းဖြည်းနဲ့ ညနေ(၅)နာရီရောက်မှဘဲ အလုပ်ကပြီးတော့တယ်။
‌အလုပ်ပြီးတော သဘ်ောကနေ ကုန်းပေါ်တတ် ရေချိုးဖို့ပြင်ဆင်ရပြန်တယ်။တစ် နေကုန့်အလုပ်လုပ်ထားတော့ နေပူထဲ ချွေးက ရေချိုးထားသလိုထွက်တော့ ရေမချိုးလို့မရပါ။အဲလိုနဲ့ကုန်ပေါရောကတော့ ရေအမြန်ချိုးပြိး သဘ်ောပေါ်ပြန်ဆင်းပြိး ထမင်းစားကာ စာရေးဖို့ပြင်ဆင်ရတယ်။
စာကတစ်နေ့ကုန် စာကမရေး ပိုစ့်မတင်နိင်တော့ ဒီနေ့ရဲ့ အလုပ်လုပ်ခဲ့ပုံတွေ တင်ပြရင် စာတစ်ပုဒ် ပိုစ့်တစ်ခုဖြစ်အောင် တင်ပြအပ်ပါတယ်။
@tunnaingwin
10.4.2023
22:07PM
7
2
0.08
2 Replies