မင်္ဂလာပါဗျ။ ။ PC ပေါ်မှာ Test Document ကိုမြန်မာလိုရေးပြီး SAVE နှိပ်ရင် ???? တွေကျန်ခဲ့လို့ အဆင်မပြေ
ဖြစ်နေသူတွေ အတွက်တင်ပေးလိုက်ပါတယ်ဗျ။😊 ။ကျနော် လဲ ????တွေ ကျန်ပြီးရေးထားသမျှလေးတွေ
ပျောက်ပျောက် သွားလို့ တော်တော် စိတ်ညစ်ခဲ့ရတာပါ။😇
အရမ်း ကိုလွယ်တာပါ။ ဆရာတွေကတော့ သိထားပြီးသားဖြစ်ပေမယ့်
ခုမှ စသုံးတဲ့ကျနော် တို့ လိုလူတွေကတော့ ဘာပဲဖြစ်ဖြစ် ဆိုင်ကိုပဲပြေးနေရလို့ ပါ။😂Boost လုပ်မလို့ ရေးစယာ စဉ်းစားမရတာ နဲ့ တွေ့ တာလေးရေးတင်ပေးလိုက်ပါတယ်။ 😜
ကျနော်တို့  New Document မှာမြန်မာဖောင့်နဲ့ ရေးပြီး SAVE နှိပ်ရင်အောက်က ပုံမှာပြထားတဲ့အတိုင်းပဲ
မြင်ရမှာပါဗျ။ ။OK ကိုထပ်နှိပ်လိုက်ပြီးတော့ နောက်တခေါက်ပြန်ဝင်လိုက်တာနဲ့  ????တွေဖြစ်သွားပါပြီ။
ဒီနေရာမှာ Cancel ကိုနှိပ်ပေးလိုက်ပါ။ အောက်ကပုံကို ဆက်ကြည့်ပေးပါ။ ။ 
Cancel နှိပ်ပြီးတဲ့အခါ ANSI မျှားလေးကိုနှိပ်ပေးပြီး Unicode ကိုရွေးပေးလိုက်ပါ။ SAVE ကိုနှိပ်လိုက်ပြီးရင်
ဖိုင်ထဲမှာ မြန်မာစာတွေမှန်သွားပါပြီ။ File Name နေရာမှာတော့ မြန်မာစာ ရေးရင် UNICODE ပဲပေါ်နေပေ
မယ့် SAVE နှိပ်ပြီးတဲ့အခါ စာတွေမှန်နေပါလိမ့်မယ်။ ။😊ရေးစယာ စဉ်းစားမရတာနဲ့ 
မြန်မာဖောင့်စမ်းယင်း
အကျိုးဖြစ်မယ်ထင်တာလေး ရေးတင်ထားလိုက်ပါတယ်။ ။မြန်မာလူမျိုးများအားလုံးပဲ STEEMIT ကနေ Voting တွေ SBD Dollarsတွေ များများရကြပါစေလို့  ဆုတောင်းပေးပါတယ် ခင်ဗျ။ 🙏
