သဘာဝတရား

By @thithisann8/30/2018myanmar

FB_IMG_1535625640155.jpg
Image source

သဘာဝဆိုတဲ့သ​ဘောက ကမ္ဘာကြီး နဲ့အတူ​ပေါ်လာတာဖြစ်​လိမ့်​မယ်​။ဘယ်​သူမှ တီထွင်​ဖန်​တီးခြင်းမရှိဘဲနဲ့ ဒီအတိုင်း​လေး အချိန်​တန်​ရင်​ ဖြစ်​​ပေါ်လာတတ်​တယ်​။ လူ​တွေက တင်​စားကြတယ်​ သဘာဝအလှတရားကြီးကို ဘယ်​အလှမှမမှီဘူးတဲ့​လေ။ အမှန်​ပင်​ လူ​တွေဘယ်​​လောက်​ပင်​အ​ကောင်းဆုံး ဖန်​တီးထားတယ်​ပဲ​ပြော​ပြော သဘာဝကိုမှီပြီး ဖန်​တီးကြတာပါပဲ။ဒါ​ကြောင့်​လည်း သဘာဝအလှတရားကို မမှီနိုင်​တာထင်​ပါရဲ့။ သဘာဝမှာ အလှတရား​တွေရှိသလို ​ဘေးဒုက္ခပျက်​ဆီးခြင်း​တွေလည်းရှိတယ်​။

FB_IMG_1535625629065.jpg
Image source

ဘယ်​အရာမှမတည်​မြဲဘူး သဘာဝက ဖျက်​ဆီးသွားနိုင်​တယ်​။ ကျွန်​မတို့မြန်​မာနိုင်​ငံမှာ သဘာဝက​ဘေးတဲ့ဒုက္ခကို အ​တော်​​လေး အလူးအလဲခံရတယ်​။ အခုလို မိုးတွင်းမှာဆို လမ်း​တွေပျက်​တာပဲကြည့်​​လေ။ ဘယ်​မြို့မှာ ​ရေကြီးလို့ ဒုက္ခသည်​ ​တွေဖြစ်​ကုန်​ကြပြီ။ ဒီလို့ပါပဲ သဘာဝကို ဘယ်​သူမှမဆန့်​ကျင်​နိုင်​ဘူး။ အိုမြန်​မာ​ရေ့.....ခင်​ဗျားရင်​ဆီးခံအုံး​ပေါ့ဗျာ။

@thithisann
Msc 262

55

comments