Original version

By @sattpaing11/18/2018msu

လူ​တွေရဲ့ ရင့်​ကျက်​မှုဆိုတာ ဘယ်​လို ပုံသဏ္ဏာန်​ရှိလဲ
ကျွန်​​တော်​ မသိဘူး....

ကျွန်​​တော်​ Technic က​တော့
စကြာင်္ဝဠာ တစ်​ခုလုံးမှာ
ကျ​နော်​ဟာ သိမ်းနုပ်​လွန်းတဲ့ အမှုန်​စ​လေးတစ်​ခုဆိုတာ
နားလည်ြ်ပီးတဲ့​နောက်​ပိုင်း
ကျ​နော်​ရဲ့ အတွင်းမသိစိတ်​ သိစိတ်​နစ်​ခုလုံးမှာ ဘာမှ မကျန်​ခဲ့​တော့ဘူး.....
ကျ​နော်​အ​တွေး​တွေ
ကျ​နော်​ရဲ့ ပတ်​ဝန်​ကျင်
ကျ​နော်​အမြင်​အားလုံးဟာ ဗလာနတ္တိ ဖြစ်​သွားခဲ့တယ်​။

လူ​တွေဟာ ကိုယ့်​ကိုကိုယ်​ အချစ်​ဆုံးဆိုတဲ့
အဆိုအရ ဆို ကျ​နော်​ကို​ယ်​ကျ​နော်​​တောင်
သိပ်​ ​လေး​လေးနက်​နက်​ အ​ရေးပါးတယ်​လို့ မ​တွေးမိတဲ့
အချိန်​ကစပြီး ကျ​နော်​ ဘာကိုမှ အဆန်းတကျယ်​မရှိ​တော့တာပဲ....။

ဥပမာ- ခင်​ဗျာနားလည်​​အောင်​ ​ပြေားရရင်​....
ရေဟာ ​ရွှေခွက်​ထဲမှာပဲ ရှိရှိ ​ငွေခွက်​ထဲမှာပဲရှိရှိ
ဝါးကျဉ်​​တောက်​ထဲမှာပဲ ရှိရှိ
ကျ​နော်​အတွက်​​တော့ ပုံသဏ္ဏာန်​မည်​သို့ပဲ လှည့်​စားထားပါ​စေ
ရေ ကိုသာ ကျ​နော်​ တည့်​တည့်​မြင်​တယ်​။
ပြီး​တော့ ချယ်​သပုံ​ဖော်​ထားတဲ့ ဒီ​ရေက​နေပဲ
သဏ္ဏာန်​ ခြားနားစွာ ထွက်​​ပေါ်လာတဲ့
Alcohol ဖြစ်​ဖြစ်​ အချိုရည်​ဖြစ်​ဖြစ်​ ​ရေသန့်​ပဲဖြစ်​ဖြစ်
ဒီ ရုပ်​ဝါဒီ ​တွေကို ကျ​နော်​ မမြင်​ဘူး
ကျ​နော်​မြင်​တာ မူလအစ ​ရေ ဆိုတဲ့ အရာကိုပဲ....။

တချို့​​ရေ​တွေက မူးတယ်
တချို့ ​ရေ​တွေက ချိုတယ်
တချို့ ​ရေ​တွေက ​ဆေးဖြစ်​တယ်
တချို့​ရေ​တွေက ​ဘေးဖြစ်တယ်​.

ဒါဆို ကျ​နော်​ရဲ့ လူ ​လောကအ​ပေါ်
လူ့ အသိုင်းအဝိုင်း အ​ပေါ် ခံစားမိတဲ့ psychoကို
ခင်​ဗျာ နားလည်​ ပြီလို့ထင်​ပါတယ်​....။

......
ညံ့တာ/​တော်​တာ/ ​အောင်​မြင်​တာ/ထူးချွန်​တာ/ရှူံးနိမ့်​တာ
လှတာ ရုပ်​ဆိုးတာ ယုတ်​မာတာ​တွေကအစ ကျ​နော်​မှာ
Version ပဲ ရှိတယ်​ Sense မရှိဘူး...

လူအများစုရဲ့ စိတ်​ နဲ့်အ​ပြေားအဆို ​တွေဟာ
ထက်​​အောက်​ရာထူး​တွေ
ဆင်းရဲချမ်းသာ​တွေ
မိန်းမ ​ယောကျာင်္းဆိုတဲ့ colour ​တွေကို ပိုင်းခြားပြီး
ဆက်​ဆံ ​နေထိုင်​သွားတဲ့ လူ​တွေကိုပဲ ခင်​ဗျာ ဘဝ
တစ်​​ရှောက်​လုံး​တွေ့ရမှာပါ.....။
ဒါဟာ အမှားတခုလို့ ကျ​နော်​ မ​ပြေားဘူး​နော်
သရုပ်​မှန်​​နေထိုင်​မှု တခုအ​ကြောင်းကို ကျ​နော်​ ​ဝေဖန်​ပြတာ
လူ့တစ်​​ယောက်​ဖြစ်​တည်​ လာရင်
လူ့ပတ်​ဝန်​ကျင်​မှာ
လိုက်​​လျောညီ​ထွေစွာ ​နေထိုင်​နိင်​ခြင်းက
ကောင်းပါတယ်​....။ဘဝမှာ​အောင်​မြင်​ဖို့လဲများသလို
မိတ်​​ဆွေလဲများတယ်​ ​လောကအကျိုးလဲဖြစ်​ထွန်းမယ်​။
တည်​ငြိမ်​မှုလဲရှိမယ်​။

..................

ဟုတ်​တယ်​.....ကျ​နော်​ရဲ့ အ​တွေးကို ဆက်​ရရင်
ကျ​နော်​ ဘဝ​နေထိုင်​နည်းက ရှင်းပါတယ်​....
လူ​တွေကို လူလို့ပဲ ကျ​နော်​ သက်​မှတ်​ထားတယ်​.
မဟုတ်​​သေးဘူးဗျ...သက်​မှတ်​တယ်​ဆိုတာက
ခံစားချက်​တခုရိုသွင်း ပုံနိပ်​မှု ဆန်​​နေတယ်​.
ကျ​နော်​ သက်​မှတ်​တာမဟုတ်​ပါဘူး. ကျ​နော်​မြင်​တာလို့ပဲ
ဆိုချင်​တယ်​။

သမ္မတနဲ့ သူ​တောင်းစားလဲ ကျ​နော်​ လူလို့ပဲ မြင်​တယ်​.
တပ်​မက်​ဖွယ်​​ကောင်းပါတယ်​ဆိုတဲ
မိန်းမတို့်​ကိုလဲ လှတာရုပ်​ဆိုးတာ
ဆွဲးမက်​ဖွယ်​​ကောင်းတာ​တွေကျ​နော်​ခံစားလို့မရဘူး
ကျ​နော်​ အားလုံကို မိန်းမတစ်​​ယောက်​အ​နေနဲ့ပဲ မြင်​တယ်​.
ဒါဟာ ကျ​နော်​ မိန်းမ​တွေကို မခံစားတတ်​ပါဘူးလို့
ပြေားတာမျိုး မဟုတ်​ဘူး​နော်​....
ကျ​နော်​ အတွက်​ ဘယ်​မိန်းမ မဆို ထူးထူးခြားခြား
တပ်​မက်​တဲ့ feeling မျိုး ဖြစ်​မသွားတာကို ကျ​နော်​ ဆိုလိုတာ.
မိ​န်းမဟာ မိန်းမပဲ... တပ်​မက်​စရာ ​ကောက်​​ကြောင်း​တွေအမျိုးမျိုးရှိ​နေတယ်​။မြင်​သ မျှလိုက်​ခံစား​နေတာမျိုဟာ... ကျ​နော် ""ဘယ်​စကားလုံးမျိုးနဲ့​ပြေားရမလဲ ကျ​နော်​ မ​ပြေားတတ်​ဘူး"
ဒါမဲ့ ကျ​နော်​ သ​ဘေားအရ​တော့.......
ကျ​နော်​ ပကတိသ​ဘေားတရားဖြစ်​တဲ့
ရေကို သာ မြင်​ပါတယ်​။ပြောင်းလဲ ​နေတဲ့ ခွက်​ရဲ့ မာယာကို
ကျ​နော်​ မကြည့်​မိဘူး။စက္ကန့်​ပိုင်း​လောက်​ သာယာမိရင်​လဲ
ကျ​နော်​ အဓိပ္ပါယ်​မဲ့​နေတဲ့ ခံစားချက်​ကိုထည့်​မိသလို
အပြစ်​ရှိသလို ခံစားရတယ်​။ကျ​နော်​သုံသပ်​ပြီး ဒီခံစားချက်​ကို
ခန အတွင်း ပြန်​သတိဝင်​လာပြီး ပြန်​ထိန်းသွားတယ်​။
ဒါက ကျ​နော်​ရဲ့စိတ်​ကို စင်​ကြယ်​​အောင်​ လုပ်​ဖို့ဆိုတဲ့ရည်​ရွယ်​ချက်​မျိုးနဲ့ ကျ​နော်​ သူ​တော်​စင်​တစ်​​ယောက်​ ဖြစ်​​အောင်
ချုပ်​တည်းကျင့်​ကြံ​နေတယ်​လို့ မထင်​​စေချင်​ဘူး။
ကျ​နော်​မှာ ​လောကခံယူချက်​မရှိဘူး။
ယုံကြည်​ရာလဲ မရှိဘူး။
ငါ ဘယ်​လို​နေမယ်​ဆိုတဲ့ သ​ဘေားလဲ မရှိဘူး
..........

ကျ​နော်​သိတာက​တော့ ​စကြွာဝဋ္ဌာထဲမှာ ကျ​နော်​မသိတဲ့အရာ​တွေ
အများကြီးရှိတယ်​ဆိုတဲ့အချက်​နဲ့ ကျ​နော်​ မသိတာက​တော ကျ​နော့်​ပိုင်​ဆိုင်​တဲ့ ဒီဦး​နောက်​​ဟာ ဘယ်​​လောက်​အထိ စူးစမ်းနိင်​မလဲ ဆိုတဲ့ အချက်​ကိုပဲ.... ။

ရင့်​ကျက်​မှုဆိုတဲ့ အဓိပ္ပါယ်​ကို
ခင်​ဗျာနားလည်​​အောင်​ စကားလုံး​တွေနဲ့ ​ဘောင်​ခတ်​​ပြေားခဲ့​ပေမဲ့...
ကျ​နော်​ ​ဘောင်​ထဲက​နေ ရပ်​တည်​​နေတဲ့ ​သေ​နေတဲ့အ​တွေးမျိုးအဟုတ်​ဘူး။ ကျ​နော်​စကား​တွေလဲ​ဘောင်​မရှိဘူး။ကျ​နော်​ ရင့်​ကျက်​မှုလဲ ​ဘောင်​မရှိဘူး။

အရားအားလုံးဟာ ကျ​နော်​ ဦး​နောက်​နဲ့ စိတ်​ထဲမှာ အလိုလိုဖြစ်​​နေတာ..။ ဘာကိုမှ ကျ​နော်​ ပုံစံချမထားဘူး။

ခင်​ဗျာ နားလည်​ရဲ့လား...။

S@ttpaing
2018 Nov 18
MSU 011!
Photo -google
https://cdn.steemitimages.com/DQmWmxGH1FUQAqgdT7gkz6URaicZerjFi5baZstB7RqLjL5/463d2fa759fbcf410ed1ce6425f3699d.jpg

25

comments