နောက်ဆုံးတော့လည်း
လူတွေဘာမှပြောစရာမရှိတော့တဲ့အခါ
အရိုင်းအစိုင်းလို့သတ်မှတ်လေသတဲ့
ပင်အိုကနုမျစ်လို့အသစ်တစ်ဖန်
ပြန်ဖြစ်ရန်မစွမ်းသာသလို
ပြောမိတဲ့လေသံ
ခပ်မှန်မှန်မဖြစ်ခဲ့ရင်
အလှည့်ကျတော့ နွဲ့ပြလို့ရဘူးနှော်
ငါ့ရင်ထဲကပုံကြီးကားချပ်မှာတော့
လူတွေမကောင်းဘူးဆိုပဲ
ဟေ့ ဟေ့
ဘဝဆိုတာ ဒီအတိုင်းမပြီးသွားပါဘူးကွ ။
Rosin Noung