.အချိန်ဆိုတာ...

By @naythuhtet8/14/2017myanmar

http://i.imgur.com/Ru513oh.jpg
.အချိန်ဆိုတာ...
အချိန်တဲ့.... ဘာ့ကြောင့်အချိန်လို့ခေါ်တာလဲ?
ရေတွက်ကြောင်း ဖြစ်လို့အချိန်။ရေတွက် အပ်သောကြောင့် အချိန်ဟုခေါ်ပါသည်။
၁နာရီ.၂နာရ.ီ ၁ရက်. ၂ရက်.စသည်အားဖြင့် ရေတွက် အပ်သောကြောင့် အချိန်ဟု ခေါ်ပါသည်။ သက်ရှိ သက်မဲ့ များမှာလည်း ဒီပုဂ္ဂိုလ်ကဖြင့် အသက်ဘယ်လောက်ရှိပြီ၊ ဒီအဆောက်အဦးကဖြင့် နှစ်ပေါင်း၆၀ရှိပြီ၊ ဒီသစ်ပင်ကဖြင့်နှစ်ပေါင်း၃၀ရှိ၊စသည် အားဖြင့် တိုင်းတာ နိုင်းယှဉ်ကြောင်း ဖြစ်သောကြောင့်
အချိန်ဟု ခေါ်ပါသည်။
ဟုတ်ပါပြီ...ကျွန်ူပ်တို့အားလုံးသည်လူ့ဘောင် လူ့လောကမှာ လူရယ်လို့ ဖြစ်လာခဲ့ ပြီဆိုတော့...လူတယောက်ရဲ့ အသုံးဆောင်ပစ္စည်းများ လိုအပ်လာပါသည်။ထို့ကြောင့် ကျနော်တို့အားလုံးသည် အလုပ် လုပ်ကြရ ပါတော့မည်။
ကျွန်ူပ်တို့ အသီးအသီး လုပ်ကိုင်နေကြသည့်လုပ်ငန်းများ အဆင်ပြေ အောင်မြင်မှု ရှိမှ ဖြစ်ပါမည်။
အလုပ်လုပ်ရမယ်ဆိုတော့ အချိန်သည် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်လာပေသည်။မိမိတို့ ကိုယ်ဆီလုပ်ကိုင်နေကြသည့် လုပ်ငန်းများအောင်မြင်မှ ဖြစ်ပါမည်။ဒါမှသာလျှင် ကျွန်ုပ်တို့ဖြစ်ချင်တာတွေ ရချင်တာတွေနှင့် ပြည့်စုံနိုင်ပါပေမည်။"ဒီတော့... ကျွန်ုပ်တို့မှာ အဓိက အရေးကြီးဆုံး လိုအပ်ချက်ဟာ (အချိန် )ဖြစ်လာပါတော့သည်"။အချိန်ကို လေးစားတန်ဖိုး ထားဖို့လွန်စွာမှ အရေးကြီးလှပါသည်။အောင်မြင်သည့် ပုဂ္ဂိုလ်များအား လေ့လာကြည့်သည့်အခါမယ်အချိန်ကို လွန်စွာမှ တန်ဖိုးထားတတ်ကြသည်ကို တွေ့ရပါသည်။
http://i.imgur.com/di2OVaf.jpg
အလုပ်ကို တရစပ် မရပ်မနား လုပ်ကိုင်နေကြတာတွေ တွေ့ရတော့ အရမ်းအားကျစရာလည်း ကောင်းလှပါသည်။ဆေးဝါးကုသသည့် ဆရာဝန်ကြီးများ ပါရဂူများကို ကြည့်ပါ။ဘယ်လောက် အားကျစရာကောင်းလဲဆိုတာ။ အပြင်ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ လှည့်လည်သွားလာ ကုသနေကြခြင်း ဖြစ်ပါသည်။ဆေးရုံဆေးခန်းတခုမှာ နာရီဝက် တစ်နာရီအတွင်းမှာ လူနာပေါင်းများစွာကို ကြည့်ရှု့စမ်းစပ်ပြီး ဖြစ်ပါသည်။ ဒီနေရာမှာ ကြည့်ရှု့စမ်းသပ်လို့ မပြီးသေးခင်မှာ နောက်တနေရာ ကြည့်ရှု့စမ်းသပ်ဖို့ရာ ဖုန်းconnect လုပ်နေပါသည်။အချိန်ကို အတိအကျ တန်ဖိုးရှိစွာ အသုံးချသွားကြပါသည်။ဒီလိုပုဂ္ဂိုလ်များ၏ မိမိကိုယ်ကို ယုံကြည်မှု အလုပ်အပေါ်အလေးထားမှု အချိန်ကိုတန်ဖိုးရှိစွာ အသုံးချသွားမှုတွေဟာ မိမိအား ကူးစက်လာသလို ခံစားရပါသည်။ဒါ့ကြောင့် အောင်မြင်တိုးတက်ချင်လျှင် အောင်မြင်နေတဲ့ ပုဂ္ဂိုလ်များနှင့် အတူတကွ နေထိုင်ရလျှင်ဖြင့် ထိုသူတို့၏အမူအကျင့်ကို ရပြီးတော့ ကိုယ်လည်းပဲ လောကမှာ အထိုက်အလျောက် အောင်မြင်သူ ဖြစ်လာနိုင်မယ်ဆိုတာ ယုံကြည်နေမိပါသည်။ဒီတော့ တရက်မှာ (၂၄)နာရီဆိုတဲ့ အချိန်ကို စားချိန် အလုပ်ချိန် နားချိန်ရယ်ဆိုပြီး ဇယားချပြီး အချိန်ကို တန်ဖိုးရှိရှိ အသုံးချဖို့လိုအပ်လာပါသည်။အကိုးမဲ့စေမည့် အနေအထိုင်မိုးကို ရှောင်ကြဉ်ကြရပါမည်။ ညအိပ်ရာဝင်ချိန်မှာ နဖူးပေါ်လက်တင်ပြီး ဒီနေ့..တနေ့တာမှာ ကုသိုလ် ပညာ ဥစ္စာ ဒီသုံးမိုးထဲက ငါဘာရခဲ့သလဲ။ ပြန်လည်စဉ်းစား သုံးသပ်သင့်လှပါသည်။ဒီသုံးမိုးထဲက တမိုးမိုးမှ မရဖူးဆိုရင်
အဲ့ဒီနေ့ဟာ ဘာအကိုးမှ မရှိတဲ့ အချိန်ဖြုန်းတဲ့ နေ့တနေ့ဖြစ်ပါလိမ့်မည်။
ကုသိုလ် ပညာ ဥစ္စာ သုံမိုးလုံး ရခဲ့သည် ဆိုရင်ဖြင့် အဲ့ဒီနေ့ဟာ အချိန်ကိုအကောင်းဆုံး အကိုးရှိအောင် အသုံးချခဲ့တဲ့နေ့ဖြစ်ပါသည်။
များသောအားဖြင့်က အချိန်ကိုဖြုန်းတီးပြစ်မှန်းမသိ ဖြုန်းတီးနေကြပါသည် ။
အားလုံးပဲ အချိန်ကို အကိုးရှိစွာ အသုံးချရင်း မိမိတို့ဖြစ်ချင်တာ ရချင်တာများ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

http://i.imgur.com/HMVPCb2.png

34

comments