ခေါင်းစဉ်မဲ့ ကဗျာ - ၂

By @myanmarkoko2/9/2026hive-122133

တိတ်ဆိတ်ခြင်းတွေထဲမှာ
ကျွန်တော့်ရဲ့ ဖုန်းသံ တိတ်ဆိတ်သွားခြင်းက
ပိုပြီးတုန်လှုပ်ခြောက်ခြားရလိမ့်မယ်လို့
တစ်ခါမှ မတွေးဖူးခဲ့
ညတွေဟာ အပ်ကျသံတောင် မကြားရအောင်
တိတ်ဆိတ်တက်တယ်ဆိုတာကိုလည်း
တစ်ခါမှ မကြုံဖူးခဲ့
အတွေးတွေ မရပ်မနား
ဆုံးရှုံးသွားသော နှလုံးသားအပိုင်းစများ
လှောင်ပြုံးများ
မျှော်လင့်ခြင်းမကင်းခဲ့သော
ပေးဆပ်ခြင်းများအတွက် ပူဆွေးဒေါသများ
ဟူး....။
အတိတ်မာယာတွေ ပြည့်နပ်နေတဲ့
ဒီလို တိတ်ဆိတ်ငြိမ်သတ်ခြင်းမျိုးကို
ကျွန်တော် မုန်းတီးမိ၏။

#ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko

Untitled137.png

29

comments