Myanmar Knowledge

By @myanmargirl6/28/2018steemit

သာလွန်မင်းတရားကြီး လက်ထက်ဝယ် ဝိနည်းပါဠိတော်
အဋ္ဌကထာနိသယ များကို " အရှင်ဇမ္ဗုဓဇ" မည်သော ရွှေဥမင်
ဆရာတော် နှင့် တောင်ဖီလာဆရာတော်တို့ စီရင်တော်မူကြ၏။
အခါတပါး၌ တောင်ဖီလာဆရာတော်သည် နိဿသ ယချင်းတိုက်ဆိုင်
လို၍ ပုခန်း သာဂရဝက်ကျဥမင်၌ တောရကျင့်သော ရွှေဥမင်ဆရာ
တော် အထံသို့ အခြွေအရံလှူဖွယ်များဖြင့် ကြွလာ၏။ အလုပ်အကျွေး
ဖိုးသူတော်တစ်ယောက်သာ ရှိသောရွှေဥမင်ဆရာတော်သည် မင်း
ဆရာအတွက် ခင်းပေးစရာဘာမျှမရှိသောကြောင့် မိမိသုံးစွဲနေကျ
ဖြစ်သော စမ္မခဏ်( သားရေနယ်) ကိုခါ၍ ခင်းပေးရလေသတတ်။
ပညာရှိသူတော်ကောင်းကြီးနှစ်ပါးတို့ အားရဝမ်းသာနှုတ်ခွန်းဆက်
သပြီးသောအခါ မင်းဆရာတော် က " ပရိသတ်ခြွေရံ နည်းပါးလှပါ
သည်။ ကြောက်တော်မမူပါလား။" ဟုမေးလျှောက်ရာ " ကြောက်
သောကြောင့် ပရိသတ် နည်းနည်းနှင့်နေပါသည်" ဟုပြန်ပြောလေ
သည်။
ထိုအခါ " ဩော် .. ငါကား ပရိသတ်အများနှင့်နေသူဖြစ်၍ သံသရာ
အရေးကိုတွေးကာ မကြောက်ရာရောက်ချေပေါ့" ဟုသံဝေဂ ဖြစ်
တော်မူ၏။
ပြန်လာသောအခါ ရခဲ့သောသတိသံဝေဂကြောင့် နေရင်းဖြစ်သော
စစ်ကိုင်းလေးထပ်ကျောင်းကြီးသို့ မဝင်တော့ဘဲ တောင်ဖီလာတောရ
သို့ ကြွ၍ တောထွက်တော်မူပါသတဲ့။

အရှင်ဇနကာဘိဝံသ ၏
"အနာဂတ်သာသနာရေး" ကျမ်း
အင်းဝခေတ်သာသနာ မှ

3

comments