အအီအီ လည်နေတဲ့ ဘီးသံတွေကြားမှာ ၊ ကျနော်တို့ လမ်းလျှောက်စသင်ခဲ့ကြရတယ်။
အဲဒီလို မောင်းသူမဲ့ သုံ့ပန်းယဉ်ပေါ် အပြေးအလွှားလေး လုလုတတ်နေကြတာများဗျာ ပုံတိုပတ်စတွေတောင် အလွဲလွဲတွေဖြစ်လို့ပေါ့။
စစ်နှင့် စစ်ခင်း သူ့အတင်း ငါ့အဖျင်းတွေ သူနဲ့ငါ အပြိုင်ဆိုင်ပါပဲလား။
အချစ်စိတ်လေးတွေ စကားပြောတဲ့ ညနေခင်းတချို့မှာ... ဆန္ဒဆိုတာ မင်းကိုများ ရည်ညွှန်းလေသလားကွာ။
တပ်မက်တဲ့ စိတ်ဆန္ဒတွေထက် အသင့်တော်ရာ မသင့်တော်ကြောင်း ထိန်းသိမ်းတတ်တာကိုမှ လူ့ .. တန်းဖိုးရယ်လို့
အပေါင်းအပါတွေကိုလဲ လိုက်တရားဟောခဲ့သေးတယ်....
ဒီလိုပါပဲ အသက်တွေလဲ ခဏခဏ ရှုတာတွေရပ်လို့ ၊ အပျက်တွေလဲ ခဏခဏ ရင်မှာ ခပ်လို့ ၊ ငါ့အသက်နဲ့ ငါ အိုးစာကွဲမယ့် အရေးကို
ငါ ကိုယ်တိုင် ကာကွယ်ရတာ့မှာပဲ...
ရမ္မက်တခုထက် သာလွန်ပါတယ်ဆိုတဲ့တစ်နေ့ မင်းနှာခေါင်း သွေးမလျှံတော့ဘူးဆိုရင် ငါ့ဆီကို လာတွေ့ဖို့ အကြောင်း ဟောဒီ
ဆောင်းပါးလေးနဲ့ပဲ မှတ်ချက်တင်ခဲ့တယ်....
....အချစ်တွေနဲ့ မချစ်တတ်သောသူက ကျနော်ပါပဲတဲ့......
Mso-5