သူတို့တွေ အရှက်လုံဖို့အတွက်နဲ့ ငါ ဟာ သူတို့အပါး ဝစ်လစ်စတစ် ဘဝနဲ့ နေနေပြရတယ်။
သူတို့တွေ သန့်သန့်ပြန့်ပြန့်နေနိုင်ဖို့အရေး ငါ့ကိုငါ ခါးကြောတွေကိုတင်း ငါ့တစ်ကိုယ်လုံးကိုလဲ ပုတ်ခတ် ညှည်းဆဲခံရတယ်။
သူတို့တွေ အမြင်မှာ သင့်တယ်ဖို့ ၊ လှပကျော့်ရှင်းဖို့တွက် ငါ့ကို တလျှောက်လုံးပေါ်မှာလဲ ခြစ်ခြစ်တောက် အပူပေးခြင်းကို ခံရတယ်။
သူတို့တွေ သစ်လွင်နေဖို့အတွက် ငါ့ကို အသုံးတော်ခံအဖြစ်နေခဲ့သလို၊ နှစ်တွေကြာလာတော့ ငါ့ကို အဟောင်းဆိုပြီး စွန့်ပစ်တတ်ကြတယ်။
အဝတ်တစ်ထည် ဘဝနဲ့ သူတို့လှပဖို့တွက် ကူပေးခဲ့တဲ့ ကျနော်၊ ခုကျတော့လဲ သူတို့ စိတ်တိုင်းကျ ၊ လက်နှီးစုတ် ခြေသုတ်ခုံ ဘဝနဲ့
ဆက်လက်အသုံးတော် ခံနေရစမြဲပါပဲ.
from google images
mso-5