မျည်​ရည်​မဲ့ ​နောင်​တ

By @moekhaing3/7/2018myanmar

10046-00-BAKI_20170106142648.jpg
ဘယ်​သူ​တွေ ဘာ​ပြော​ပြော သံယောဇဉ်ရှိတဲ့သူတွေ နဲ့  ခွဲခွာရလို့ ငိုကြွေးဖူးခဲ့ပါတယ် လှည့်စားခံလိုက်ရလို့  ငိုခဲ့ရတယ် အလိမ်ခံရလို့  ငိုခဲ့ဖူးတယ် ကိုယ့်အပြစ်နဲ့ ကိုယ်မို့ လည်း ငိုခဲ့ဖူးတယ် အမှားလုပ်မိလို့ လည်း ငိုဖူးခဲ့တယ် ဒါတွေဟာ ပြန်တွေးကြည့်တော့ စိတ်ထဲမှာ ကြည်နူးမိသလိုတချို့ အရာတွေဆို ပြန်ပြောပြီး ရယ်မိပါတယ် တကယ်တော့ လူ့ ဘဝအစမှာ လူတိုင်းကြုံခဲ့ဖူးတဲ့အရာတွေလေ။

လူ့ လောကကြီးရဲ့ မာယာတွေကို ကိုယ်မှ မသိသေးပဲလူတွေရဲ့ အထာတွေကို ကိုယ်မှ မကြုံဖူးသေးခဲ့တာပဲ မျက်ရည်တွေ ခဏ ခဏ ကျခဲ့တာပေါ့ အသက်တွေ တဖြေးဖြေးကြီးလာတာနဲ့ အမျှ လောကကြီးရဲ့ မာယာတွေကိုလည်း သဘောပေါက်လာပြီ လူတွေအကြောင်းလည်း ကောင်းကောင်းသိလာပြီ

အခုတော့ မျက်ရည်ခဏ ခဏ မကျတတ်တော့သလိုမျက်ရည်ကျဖို့  မတန်သူတွေကိုလည်း ခွဲခြားသိလာခဲ့ပါပြီ ချစ်သူဆိုတာ အတင်းဆွဲထားလို့  မရတဲ့ အရာ အချစ်ဆိုတာကလည်း ကိုယ်ချစ်နေဖို့ သာ လိုအပ်ပါတယ် ။

သံယောဇဉ်ဆိုတာ ပိုသူသာ ပိုခံစားရပြီး ငိုကြွေးရကြောင်းသိလာပြီးနောက်
လိုတာထက် ပိုမထားမိအောင် ဆင်ခြင်တတ်ခဲ့ပြီ လိမ်ညာလှည့်စားခြင်းခံရတယ်ဆိုတာ အယုံလွယ်သူတွေအတွက် သီးသန့် ဖြစ်တည်မှု အဖြင့် လက်ခံလိုက်တယ် ။

ကိုယ်ယုံကြည်မိသူတွေကသာ ပိုပြီးလှည့်စားတတ်တာလည်းကောင်းကောင်းသိခဲ့ပြီ သာမာန်ထက် ဘယ်သူ့ ကိုမှ ပိုမယုံတတ်တော့ဘူး လူတိုင်း အမှားဆိုတာ မကင်းကြတာသိပေမယ့်မတော်တဆအမှား အတွက်လည်း ဆင်ခြင် သုံးသပ်ဝေဖန်တတ်ခဲ့ပြီ ။

ရင့်ကျက်လာလို့  မျက်ရည်မကျတာတော့တာ မဟုတ်ဘူးမျက်ရည်ဆိုတာ ထိုက်တန်သူအတွက်ပဲ ကျသင့်တယ်ဆိုတာ
သင်ပေးခဲ့ကြလို့  လွယ်လွယ်နဲ့  မျက်ရည် မကျတတ်တော့တာ ။

လူတွေကပြောကြပါတယ်
" လောကကြီးမှာ နေတတ်ရင် ကျေနပ်စရာတွေချည်းပဲ "တဲ့မှန်ပါတယ် နေတတ်ရင်တော့ စိတ်အေးချမ်းပါတယ် နေတတ်အောင်လည်း ရင်းနှီးပေးဆပ်မှုက ဒုနဲ့  ဒေး အမြောက်အများဆိုတာ ကိုယ့်အရင်းအနှီးအကြောင်း ကိုယ်သာအသိဆုံး ဒါကြောင့် ဆိတ်ဆိတ်နေလိုက်ခြင်းနဲ့  ဘဝကို ကျေကျေနပ်နပ် နေလိုက်တယ် ။

လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်
အတိတ်မှာ နာကျင်စရာ ' ဝမ်းနည်းစရာ
ပျော်စရာ အစရှိတဲ့ သင်ခန်းစာတွေရှိတယ်နာဂါတ်မှာလည်း ကြုံလာရမဲ့ သင်ခန်းစာတွေရှိလာဦးမယ် ဘယ်သူ ! ဘယ်ဝါက ဘယ်လိုဆိုပြီး ဝေဖန် ' ကဲ့ရဲ့ ' ချီးမွမ်းနေဖို့ ထက် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင်ပဲ နေလိုက်တယ် ။
ဒါမှ မနက်ဖြန်တိုင်းလည်း မျက်ရည်မကျပဲ ​နောင်တမဲ့စွာ လှပနေမှာဖြစ်​ပါတယ်​။

28

comments