မယ်ကြည်၏ သူဌေးဖြစ်ကျမ်း😁

By @kyi10/2/2018myanmar

မယ်ကြည်တစ်ယောက် မျက်စိရှေ့မှာ မြင်နေရသော မြင်ကွင်းကြောင့် မှင်သက်လျှက် ရှိနေရလေသည်။
လှလိုက်တာ..ဟု အသံပါထွက်သွားရလေသည်။ မြင်ရသည်က အရမ်းလှသော ပင်လယ်ကြီးပင် ဖြစ်လေတော့သည်။
မိမိ ဘယ်နေရာ ရောက်နေတာပါလိမ့် ဟုတွေးရင်း ဖုန်းလေးထုတ် google map မှာ location ရှာကြည့်လိုက်တော့ James Bond Island(Ko Tapu), Phang Nga Bay, Thailand ဆိုပါလား😌😌။ တအံ့တသြနဲ့ ကြည့်နေတုံး ဒီကို ဘယ်လို ရောက်နေတာပါလိမ့် တွေးရင်း အနီးနား ဝေ့ကြည့်မိလိုက်တော့ အယ်လဲ့ လေယာဉ်ကြီးတစ်စီး ရပ်ထားပြီး လေယာဉ်ပေါ်ကနေ @chitsone တစ်ယောက် မြောက်ကြွ မြောက်ကြွ ဆင်းလာပါရောလား..။


crd-source

စိမ်းပြာနေတဲ့ ရေပြင်ကြီး ကြည့်ရင်း နောက်ကနေ ချစ်ဆုံးက တွန်းပစ်လိုက်သောကြောင့် ဗွမ်း ကနဲ အေးမြနေတဲ့ အထိအတွေ့နဲ့အတူ.....မယ်ကြည်တစ်ယောက် ရေတွေ စိုသွားလေတော့သည်။
အယ့် ဘယ်လိုဖြစ်ပါလိမ့် မယ်ကြည် စဉ်းစားမရတော့ပါချေ။ ပင်လယ်ကဘယ်မှာ လေယာဉ်ကရောဟင်..။ ဘေးပတ်ဝန်းကျင်ကြည့်တော့ ပိန်းပစ်အောင် မှောင်နေတုံး..။ အော် လက်စသတ်တော့ မယ်ကြည်တစ်ယောက် အိပ်မက် မက်နေတာကိုး😁။
ညဦးပိုင်းက ပြတင်းပေါက်မပိတ်မို့လို့ ခုလိုမိုးရွာတော့ အိပ်နေတာကို မိုးရေပတ်တာနဲ့ နိုးလာပါရော..။

giphy.gif
Crd-source

အမလေး အပြင်မာ မိုးတွေရွာနေပါလား ကမန်းကတမ်းထ တံခါးပိတ်ရတယ်။ ပြီးတော့ ပြန်အိပ်မပျော်တော့ဘူး ခုနက မက်ခဲ့တဲ့ အိပ်မက် အကြောင်း ပြန်တွေးရင်း ကိုယ့်ဖာသာ ရယ်မိတယ်လေ။ အိမ်း မဖြစ်ချေဘူး သူဌေးဖြစ်ဖို့ ကြိုးစားရမယ်လေ။ ဘယ်လိုလုပ်ရပါ့ စဉ်းစားစမ်း မယ်ကြည် စဉ်းစား စမ်း သူဌေးဖြစ်ဖို့ နင်ဘာလုပ်ရမလဲ..။ မသမာတဲ့နည်းနဲ့တော့ မချမ်းသာချင်ပါဘူးလေ..။ အာ့တော့ ဘာလုပ်ရမလဲ တွေးစမ်း..😁😁..တွေးကြည့်စမ်း..
ဟုတ်ပီ နက်ဖန် mscတစ်ရွာလုံးကို စိတ်ဝင်စားစရာ တစ်ခု ဖွရမယ်..အဲလေ ကြေညာရမယ်ပြောတာပါ...

https://s3.us-east-2.amazonaws.com/partiko.io/img/4cc2137386b8744cf707505c1ca95e6ca26f2695.png
crd-source

မယ်ကြည် သူဌေးဖြစ်ဖို့ အရေး 3in 1အစတွေ အရောင်းဝယ် သွက်ပေသိ ဒီလောက်နဲ့ ကျေနပ်မနေနိုင်သူပါလေ။ စီးပွားရေးတွက် ဘယ်တော့မှ တစ်ခုထဲပေါ် မမှီတည်ပါနဲ့ plan B ထားရမယ်မလား😁
မနက်ဖြန် မယ်ကြည် အိမ်ရှေ့မှာ မုန့်ပြားသလက်
လုပ်ရောင်းတော့မယ်လေ🤔🤔🙄🙄။ စားချင်စဖွယ် ပြင်ဆင်ပြီး msc ရွာမှာ အရင် နာမည်ကြီးအောင်လုပ်ရမယ်။ အဲ့တော့ မဖြစ်ချေဘူ။ တရေးနိုးသော်အကြံပေါ်တဲ့ အကြံပေါ်တုံး ထလုပ်မှပါလေ..။ ဆန်အိုးထဲက ဆန် တစ်ပြည်ခက်ပြီး အိမ်နာက်ဖေးမှာပဲ မုန့်မှုန့်ရအောင် ထောင်းပစ်လိုက်တော့တယ်။ မုန့်မှုန့်ကို ခန ဖြန့် ထားပြီး မနက်ဖြန်တွက် ready ပါပဲ။


Photo by me

မနက်မိုးလင်းတော့ အရင်ရက်တွေလို အိပ်ရေးပုတ်နေလို့မဖြစ် ဈေးပြေးရမယ်လေ..။ မုန့်ပြားသလက် ထဲ ထည့်ဖို့ ကြက်ဥ ၊ငုံးဥ၊ ဆူးပုတ်ရွက် ၊ ငရုတ်သီးစိမ်း စသဖြင့် အပြေးသွားဝယ်ရတယ်။ ဈေးထဲ လူစုံတွေ့တာတောင် ဘာမမပြောခဲ့ဘူး..။ အကောင်ထည်ဖော်ပြီးမှပဲ လက်တွေ့ ပြတော့မယ်လေ..။ မယ်ကြည် ဈေးက ပြန်ရောက်တာတောင် ညီမလေး မနိုးသေးဘူး။ သူမ တနေကုန် ကမြောချင်းတေထ အဲလေ အသားကုန် ဆော့တယ်ပြောတာပါ။ သူမကို ကူခိုင်းရင် အကူညီဖြစ်တာထက် အပျက်စီးက ပိုများမှာရယ်😁။ တုံ့ဆိုင်းမနေတော့ပဲ မုန့်မှုန့်ကို ခပ်ကျဲကျဲ ဖျော်လိုက်တယ်။


Photo by me

ပြီးတော့ ဆူးပုတ်ကြီးရွက်ရယ် ငရုတ်သီးရယ် နံနံပင်လေးရယ်ကို နုတ်နုတ်ကိုက်ထားလိုက်တယ်။ ကြက်ဥ ၁၀လုံးလောက် ခေါက်ထား၊ ပြီးတော့ ငုံးဥကတော့ ဒီတိုင်းဖောက်ထည့်မှာမလို့ အိတ်ထဲမှာပဲ ထားလိုက်တော့တယ်။


Photo by me

ညီမလေးနိုးလာရင်တော့ ရွာကိုပတ် ကြေညာခိုင်းရမယ်😁😁။ မီးမွှေးထား ပြီးတော့ မုန့်ပြားသလက် အိုးကင်း တွေ ပြန်ဆေးပြီး မီးဖိုပေါ် အပူပေးထားရတယ် ။ မုန့်လုပ်တဲ့အခါ အိုးမကပ်အောင်က ဆားနဲနဲစီ ထည့်ပြီးအိုးကင်း အပူပေးရင်း လှော်ရတယ်။ ပြီး တော့ မုန့်နှစ်ရေထည့် ပြီးတော့ ကြက်ဥ တစ်ဇွန်းထည့်၊ ပြီး ဆူးပုတ်နဲနဲ ငရုတ်သီးနဲနဲ နံနံနဲနဲ အုပ်လိုက်ရော ပြီး အိုးဖုံးပိတ်ထား အပေါ်ယံလေးတင်လာရင် ဆီသုတ်လိုက် ခနပြန်အုပ်ထား သံယောက်မနဲ့ ထိုးကြည့် အောက်မှာ မကပ်တော့ဘူးဆို ကော်လိုက်တော့ပဲ..။


Photo by me

ရှယ်မုန့်ပြားသလက်တွေနော်..။ အာ့လိုနဲ့ အများကြီး ရလာပါရောလား..။


Photo by me

မုန့်လုပ်တဲ့ထဲ အာရုံရနေတုံး နောက်ကနေ....😱😱။
ဆက်ရန်..
Author @kyi
Msc 050

Posted using Partiko Android

88

comments