ရှိခဲ့မှာပါ

By @koyell5/30/2018esteem

ဂုဏ်​သိက္ခာကိုထိရင်​ ကိုယ်​အရမ်းချစ်​ရသူကို​တောင်

ခွင့်​မလွှတ်​တတ်​သူတစ်​​ယောက်​က

အတိတ်​တစ်​​နေရာမှာ ဂုဏ်​သိက္ခာကို

ရက်​ရက်​စက်​စက်​ အနင်း​ခြေခံရမှု​တွေ

ရှိခဲ့မှာပါ ။



ချစ်​တယ်​......ချစ်​တယ်​လို့ အ​ပြောခံရတိုင်း

မယုံကြည်​မှု​တွေ လွှမ်းမိုး​နေတတ်​သူတစ်​​ယောက်​က

တချိန်​ချိန်​မှာ ချစ်​တယ်​ဆိုတဲ့စကားရဲ့

သာယာမှု​တွေ​အောက်​မှာ မျက်​ရည်​စက်​​တွေနဲ့

မျက်​နှာသစ်​ခဲ့ရတဲ့ ​နေ့ရက်​​တွေ ရှိခဲ့မှာပါ ။
852833048_59903.jpg

ဂုဏ်​ပကာသန​တွေကို ရွံရှာမုန်းတီး​နေသူတစ်​​ယောက်​က ပကာသန​တွေရဲ့ လှလှပပ လည်​ပင်းညှစ်​ခံရမှု​တွေကို မှိတ်​ကြိတ်​ခံခဲ့ရတဲ့ ​နေ့ရက်​​တွေ

ရှိခဲ့မှာပါ။



လူတစ်​​ယောက်​ကို ​တော်​ရုံတန်​ရုံနဲ့ အထင်​မကြီးတတ်​သူတစ်​​ယောက်​က သူအရမ်းအထင်​ကြီး​လေးစားခဲ့ဖူးသူရဲ့ ရက်​စက်​ယုတ်​မာမှု​တွေကို လူမသိသူမသိ

ခံခဲ့ရတဲ့ အတိတ်​​တွေ ရှိခဲ့မှာပါ ။



အရမ်းကိုတည်​ငြိမ်​ပြီး ယခင်​နဲ့မတူ​အောင်​ အ​နေ​အေး​ဆေးစွာ​နေတတ်​လာသူ တစ်​​ယောက်​က

မာယာ​တွေ ဟန်​​ဆောင်​မှု​တွေရဲ့ မျက်​လှည့်​ပြကွက်

တွေကြားမှာ ကိုယ့်​ရဲ့ရိုးသားမှုက ဖိနပ်​တစ်​ရံလို

ချစီးခံခဲ့ရတဲ့ အရိပ်​​တွေ ရှိခဲ့မှာပါ ။
852839627_38739.jpg

လူတစ်​​ယောက်​က ​ပြောင်းလဲလာတိုင်း

မာနကြီး ဘဝမြင့်​သွားတယ်​လို့ မယူဆလိုက်​ပါနဲ့

တချို့​သော ​ပြောင်းလဲလာမှု​တွေက ပတ်​ဝန်းကျင်​​ကြောင့်

ဖြစ်​နိုင်​သလို သူကိုယ်​တိုင်​ သူသွားသင့်​တဲ့လမ်းကို

ရွေးချယ်​လိုက်​တာလည်း ဖြစ်​​နေတတ်​ပါတယ်​။



အရင်​နဲ့မတူတိုင်း ဆိုးသွားတာမဟုတ်​သလို

အရင်​နဲ့မတူတိုင်းလည်း ပို​ကောင်းသွားတာ

မဟုတ်​ပါဘူး တချို့​သော လူ​တွေရဲ့ အတိတ်​​တွေက

လူတစ်​​ယောက်​ကို အရင်​က "သူ”နဲ့မတူ​အောင်

ပြောင်းလဲသွား​စေနိုင်​တယ်​ဆိုတာ အမှန်​တရားပါ။

3

comments