Web

By @kothetzaw2/19/2018web

#web
ကမ္ဘာကြီးကို နှုတ်ခွန်းဆက်ကြသူများ

Web ပိုင်းလေ့လာနေသူတွေအတွက်ပါ။ကိုယ်သဘောကျတဲ့ website ကို ဘယ်လို ရေးထားသလဲ သိချင်တဲ့အခါ PC သမားတွေကတော့ Righr Click နှိပ်ပြီး View Source သို့ Source Code ကိုနှိပ်ရင် html tag တွေမြင်ရမှာပါ။ဖုန်း က ကြည့်ချင်ရင်တော့ ဖိုင်ဆိုက်သေးပြီးအသုံးတည့်လှတဲ့ X Browser apk နဲ့ကြည့်လို့ရပါတယ်။ Firefox fun တွေကတော့ View Source Add on ထည့်ပေးထားရင် ရတာပေါ့။
Web သမိုင်းအစ က website တွေကို html နဲ့ရေးခဲ့ကြတာပါ။ Develop အတွက် Source Code တွေကို ကြည့်ခွင့်ပေးထားတဲ့အခါ Hacking, Tracking လုပ်ဖို့ လမ်းဖွင့်ပေးထားသလိုဖြစ်နေလို့ နောက်ပိုင်းမှာ ASP ကို html tag တွေကြားမှာထည့်ခဲ့ပါတယ်။ Sever side ပေါ့။ဒီ Code တွေကို ပုံမှန် html tag တွေထဲမှာ မမြင်နိုင်ပါဘူး။ပိုပြီး safe ဖြစ်လာတယ်ပေါ့။ဒါပေမယ့် html ကို မစွန့်ကြသေးပါဘူး။ကျနော်တို့ တုန်းက html4 ကို စမှီခဲ့ပေမယ့် ခုအချိန်ထိ html5 ကိုသုံးထားတဲ့ site တွေက ခေတ်မီနေတုန်းပါပဲ။ Free website builder အများစုဟာ ဒီကောင်နဲ့ရေးပါတယ်။တည်ဆောက်လို့ လွယ်တာကိုး။ဘယ်လိုလွယ်သလဲ ပြောပြပါမယ်။
PC မှာ Window system မှာ ပါတဲ့ Notepad ဆိုတာရှိပါတယ်။ Text Editor တစ်ခုပါ။ မူလ ဖိုင် extention က .txt ပါ။ Program or Application တစ်ခုအကြောင်းသုံးစွဲသူကို အသိပေးတဲ့ ဖိုင် ကို readme.txt ဆိုပြီးတွေ့နိုင်ပါတယ်။ Notepad ရဲ့အားသာချက် က တခြားဖိုင်အမျိုးအစားတွေ သိမ်းလို့ရတာပါ။ သက်ဆိုင်ရာ Code တွေရေးပြီး သိမ်းချင်တဲ့ အမျိုးအစားနဲ့သိမ်းလို့ရပါတယ်။
Batch ဆို .bat VisualBasic Script ဆို.vbs ပေါ့။
ဒီဖိုင်တွေကို Run ချင်တဲ့အခါ သီးခြား program မလိုဘဲ Run နိုင်ပါတယ်။ .hlml or. htm လည်း ဒီမှာပါ ပါတယ်။ပြောချင်တာက html ဖိုင်တစ်ခုကို Run ဖို့ သီးခြား Compiler မလိုဘူးဆိုတာပါပဲ။
ကျနော်တို့တုန်းက web ကိုသုံးချင်ရင် window component မှာ IIS တင်ပြီးမှ သုံးလို့ရပါတယ်။ရေးတော့လည်း Office မှာပါတဲ့ Frontpage နဲ့ စခဲ့ကြတာပါ။နောက်တော့ Dreamwaver ပေါ့။ရေးထားတဲ့ ဖိုင်ကို ကြည့်ချင်တဲ့အခါ Browser ကကြည့်ရုံပါပဲ။ဒါ ကျနော်ပေးချင်တဲ့ Concept ပါ။ html ဖိုင်တစ်ခု ကို ကြည့်ဖို့ Browser လိုပါတယ်။ Html ဖိုင်တစ်ခုရေးချင်ရင် Text Editor တစ်ခုရှိရပါမယ်။ Notepad က အသေးစား program အတွက်ဖြစ်ပြီး Wordpad နဲ့လည်း ရေးပါတယ်။ တခြားဟာတွေလည်းသုံးလို့ရတယ်ပေါ့။ ဖုန်းကသုံးချင်တဲ့အခါ Text Editor အဖြစ်သုံးလို့ရတဲ့ apk မှန်သမျှက သုံးလို့ရပါတယ်။ ကျနော်ပြပေးထားတာက Xplore File Manager နဲ့ပါ။

Html နဲ့ အလွယ်ဆုံး website တစ်ခု ဘယ်လိုဖန်တီးမလဲ။
အလွယ်ဆုံးကို ပြောရရင် ကြိုက်တဲ့ website တစ်ခုခု အထူးသဖြင့် html base ဖြစ်တဲ့ site ကို view source ကြည့် Select All လုပ်ပြီး Copy ကူးထားပါ။
ပြီးတော့ ကိုယ်သုံးတဲ့ Apk အလိုက်ရှာကြည့်ပါ။ ဒီမှာဆို New txt file ဆိုတာပါ ပါတယ်။ နှိပ်ရင် file name ပေးဖို့နဲ့ နောက်မှာ .txt ပြနေမှာပါ။ ကိုယ်က html ဆိုတော့ ဒါပြောင်းပေးရပါမယ်။ နမူနာ အနေနဲ့ default.html လို့ ပေးပြီး ဖိုင်အသစ်ဖွင့်ပါ။ ခုနက Copy လုပ်ထားတဲ့ Code တွေ ကို Paste လုပ်ပါ။ Save လုပ်ပါ။
ကိုယ်သိမ်းတာက Text Editor မှာ html နဲ့ သိမ်းလိုက်တာပါ။ File Manager. ကဖွင့်ရင် ဘာမှ ပေါ်မှာမဟုတ်ပါဘူး။ ဒီတော့ ဖိုင် ကို ဖိထားပြီး Open with ကိုရွေး။ ဖွင့်ချင်တဲ့ Browser ရွေးပေးလိုက်ပါ။
တစ်ခုထူးခြားမှုကို ပြောပြပါမယ်။ Html ရေးတဲ့ Tutorial တွေက code ကို ကူးပြီး စမ်းကြည့်ရင် တစ်ချို့ error တက်ပါတယ်။ ဘာလို့လဲ ဆို ဥပမာ link တစ်ခုကို သူက example.com လိုမျိုးထည့်ထားရင် error တက်မှာပါ။ သူက နမူနာပြတာ link အမှန်မှမရှိဘဲ ကိုး။ view source code ကျတော့ link က အမှန်ရှိပါတယ်။ ကိုယ် ကူးလိုက်တဲ့ page ကို တန်းပြပါတယ်။ Offline ပါ။ နောက် link တွေနှိပ်ရင်တော့ internet ဖွင့်ခိုင်းပါလိမ့်မယ်။
သူဘယ်လိုရေးထားသလဲ။ ဘယ်လိုချိတ်ထားသလဲ လေ့လာပါ။ side bar menu ကို ဘယ်လိုရေးထားတယ်။ ပုံတွေကို ဘယ်လို rollon လုပ်ထားတယ် စသဖြင့်ပေါ့။ ဘယ် tag မှာ ဘယ်လိုပြင်ရမယ် သိသွားရင် html နဲ့ website တစ်ခု ကို အချိန်တိုအတွင်း တည်ဆောက်တတ်သွားမှာပါ။
ပြီးရင်တော့ ကိုယ်ရေးထားတဲ့ ဖိုင် ကို free hosting က စမ်းသပ် တင်တာဖြစ်ဖြစ် paid hosting မှာ fee ဆောင်ပြီး တင်တာဖြစ်ဖြစ် လုပ်လို့ရပါပြီ။

2

comments