ကွန်တော်နှင့်ဖုန်းများ (အပိုင်း ၁)

By @khonte7/30/2018photo

ကျွန်တော်က တောကပါ။သာမန်လူလတ်တန်းစားပါပဲ။ကျွန်တော် သုံးခဲ့တဲ့ ဖုန်းလေးတွေအကြောင်း သတိရလို့ ဒီစာလေး ရေးဖြစ်သွားပါတယ်။
ကျွန်တော် ပထမဦးဆုံး စသုံးဖူးတဲ့ ဖုန်းက ဆမ်ဆောင်း ကလုန်း ဂျာဗားဖုန်းပါ။အဲဒီတုန်းက မှတ်မှတ်ရရ mpt က gsm ဖုန်းကတ်တွေကို မြန်မာငွေ ၂သိန်း၊ wcdma ဖုန်းကတ်တွေကို မြန်မာငွေ ၂သိန်းခွဲနဲ့ ရောင်းတဲ့ အချိန်ကပေါ့ဗျာ။
Nimbuzz-for-java-1.6-on-Samsung-jet.png
#photo credit to image source.
ကျွန်တော်တို့လို တောမှာနေတဲ့ တောသာျးတွအဖို့ အဲဒီအချိန်က ဖုန်းဆိုတာ မြင်ရုံသာ မြင်ဖူးတာ။မကိုင်ဖူးကြဘူး(မသုံးစွဲဖူးကြဘူး)။
ကျွန်တော့အကို တစ်ဝမ်းကွဲက အစိုးရဝန်ထမ်းပါ။သူ ကျွန်တော့အိမ် အလည်လာရင်နဲ့ စကားပြောဖြစ်တော့ သူစီးပွါးရေးအဆင်မပြေတဲ့အကြောင်း၊ပေးစရာအကြွေးတွေ ရှိနေတဲ့အကြောင်း၊သူ့မှာလည်း ရောင်းစရာဆိုလို့ ဖုန်းလေးတစ်လုံးပဲရှိကြောင်း ပြောတယ်။
ကျွန်တော်လည်း ကူညီရမယ့်လူ ဖြစ်နေတော့ သူ့ဖုန်း(ဆင်းကတ်နဲ့ ဖုန်း)ကို ၃သိန်းနဲ့ ဝယ်ထားလိုက်တယ်။ဆင်းကတ်က ၂သိန်းခွဲ၊ဖုန်းက ၅သောင်း ဈေးဖြတ်ပြီးတော့ ဝယ်လိုက်တယ်။

7af4437bee5738a8947e0f51c68aa7cb.webp
#photio credit to image source.

တကယ်တော့ ကျုပ်က ကျုပ်အကိုဝမ်းကွဲကူညီချင်တာရယ်၊ဖုန်းပိုးထနေတာရယ်(ဖုန်းလိုချင်စိတ်များနေတာရယ်)ကြောင့်သာ ဝယ်လိုက်ရတာ။ကျုပ်နေတဲ့တောမှာ အဲဒီအချိန်တုန်းက mpt က တာဝါတိုင် လာမစိုက်သေးဘူးဗျ။ကျုပ်နေတဲ့ တောနဲ့ ၇မိုင်လောက်ဝေးတဲ့ မြို့မှာတော့ mpt gsm တာဝါတိုင်ရှိတယ်ဗျ။အဲဒီတော့ လိုင်းမမိပဲ ဖုန်းဝယ်လိုက်တယ်ပေါ့ဗျာ။

fc49e8aa045ce413cb32f8d67cfa535f--mobile-business-mobile-mobile.jpg
ကျုပ်တို့ရွာမှာ လိုင်းလုံးဝမမိတာတော့ မဟုတ်ဘူးဗျ။ရွာထိပ်က ဘုရားကုန်းပေါ်တက်သွားရင်တော့ ဖုန်းထဲမှာ လိုင်း(signal)တစ်တုံးလောက် တက်လာတယ်ပေါ့။အဲဒီတော့ ဖုန်းပြောချင်ရင် ကျုပ်အိမ်ကနေ ဘုရားကုန်းကို ဆိုင်ကယ်နဲ့ သွားပြီး ဘုရားရင်ပြင်ပေါ်တက်ပြီး ဖုန်းပြောရတယ်။ဒါတောင် လိုင်းက မမိတချက် မိတချက်ရယ်။ကျုပ်လိုဖုန်းဝယ်ထားတဲ့သူတွေလည်း ဖုန်းပြောချင်ရင် အဲဒီဘုရားကုန်းပေါ်ကို လာပြောကြရတယ်။

Feature%2520phone-001.jpg
#photo credit to image source

ဖုန်းဆက်တယ်ဆိုလို့ သမီးရည်းစားစကားများ ပြောဖို့စိတ်မကူးလေနဲ့။no ပါ။လိုင်းမကောင်းတော့ အသံက ပြတ်တောင်းပြတ်တောင်းနဲ့ဆိုတော့ ဘုရားကုန်းပေါ်တက်လာရင် ဖုန်းဆက်နေတဲ့သူတွေဆီက ''ဘာတဲ့?'' ''ဘာတဲ့?'' ဆိုတဲ့ အသံတွေ ကြားနေရတယ်။ဒီကြားထဲ ဟိုတစ်ဖက်က ''အသံသိပ်မကြားရဘူး။ကျယ်ကျယ်ပြော'' ဆိုလို့ လေးဖြူတို့ ဇော်ဝင်းထွဋ်တို့လို ဘော်ကယ်မျိုးနဲ့ အသားကုန်အော်ပြောရတဲ့ အခါတွေလည်း ရှိသေးသဗျ။တစ်နေကုန် ဖုန်း သုံးလေးကောလောက် ပြောလိုက်ရလို့ရတော့ သေချာပေါက် အသံဝင်ပြီပဲ။
သြော်-----ဒါတွေက တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။
အပိုင်း (၂) ဆက်ရေးပါဦးမယ်။အားပေးကြပါဦးနော်။

23

comments