သစ်ခွပန်းတွေကြည့်ရအောင် ( အပိုင်း - ၅ )

By @kachinhenry3/21/2026hive-122133

001.jpeg

မင်္ဂလာပါ။ သစ်ခွပန်း ဓါတ်ပုံတွေကြီးပဲ post တင်တာတောင် အပိုင်း ၅ အထိ ရှိလာပြီ။ ဓါတ်ပုံတွေက မကုန်သေးဘူး အများကြီးကျန်နေသေးတယ်။ ဒါပေသိ မနက်ဖြန် အပိုင်း ၆ တင်ပြီးရင်တော့ ကိုဟင် သစ်ခွပန်း အကြောင်းကို အဆုံးသတ်လိုက်ပါတော့မယ်။ တင်္နလာနေ့ ခရီးထွက်ရမှာဆိုတော့ Post တင်ဖို့ မသေချာဘူးရယ်။ အင်္ဂါနေ့မှ တခြားအကြောင်း အရာ Post တွေ ပြန်ရေးတင်ပါ့မယ်။

စာရေးတာကို မနည်း အစပြန်လုပ်နေရတယ်။ Hive မှာ အရင်တုန်းကလောက် $$ တွေမရပေမယ့် နည်းနည်းချင်းဆိုလည်း များလာတာကိုယ်တွေကြုံခဲ့ပြီးသားမို့သိပ်တော့ ခံစားချက်မရှိပါဘူး။ ပြီးတော့ Gate.io ထဲမှာ Hive 4000 ကျော်ပိတ်မိနေတာလေး ပြန်ယူနိုင်ခဲ့ရင်တော့ နည်းနည်းပိုအဆင်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ အခုတော့ လှလှပပ သစ်ခွပန်းတွေ ကြည့်လိုက်ကြပါအုံးစို့။ 

image.png

image.png

image.png

image.png

image.png

image.png

အပေါ်မှ ပြထားခဲ့တဲ့ သစ်ခွပန်းတွေကတော့ အရောင်အဆင်းနဲ့ ပန်း ပုံစံကွာခြားပေမယ့် အရှေ့မှာ နှင်းရည်ခံတဲ့ ရေအိုးလို အိတ်လေးပါတာကတော့ အတူတူပါပဲ။ အမျိုးအစားတူတယ်လို့ ပြောရမှာပေါ့။ 

image.png

image.png

ဒီသစ်ခွကတော့ မသိရင် ချယ်ရီ ပန်းတွေနဲ့တောင် ဆင်တူနေသေးတယ်။ 

image.png

image.png

သစ်ခွပန်းတွေမယ် တပွင့်ချင်းစီ ပွင့်တာရယ် အပွင့်တွေအတန်းလိုက်ပွင့်တာရယ်ပဲ တွေ့ဘူးတာ ဒီသစ်ခွကြတော့ အဆုပ်လိုက် ပွင့်တာမျိုးထင်ပါရဲ့ ။ တမျိုးလှတာပေါ့။ 

image.png

image.png

ဒီသစ်ခွပန်းလေးကြတော့ တမျိုးလေး။ သူ့ပန်းဝတ်မှုံ ဆံလေးက မသိရင် လက်မြောက်ထားတဲ့ ခလေးအရုပ်နဲ့တူတယ်။ 

image.png

image.png

image.png

image.png

ဒီသစ်ခွအမျိုးအစားကတော့ တခြားအရောင်မကူပဲ ဖွေးဆွတ်နေရောပဲ။ ဒါလည်း တမျိုးလေးလှတယ်ဟုတ်။

image.png

image.png

image.png

image.png

ဘယ်လောက်တောင် လှလိုက်တဲ့ သစ်ခွပန်း။ ကိုယ့်အိမ်ရှေ့က ဝရန်တာမှာ ဒီလို သစ်ခွပန်းခြင်းသာ ချိတ်ထားလိုက်ရလို့ကတော့ကွာ ။ သေချာတယ် ခိုးခံထိမှာ။ 

image.png

image.png

image.png

image.png

လှတယ်ဟုတ်။ ဒီလို သစ်ခွပန်းများကလည်း အေးတဲ့နေရာမှာ ပေါက်ကြတာမို့ Aircon ခန်းထဲ ထည့်ထားကြတာပါ။ အမှန်တော့ စင်္ကပူ သစ်ခွဥယျဉ် က ပန်းတွေကို တနေရာမှာ ပျိုးထားတာပါ။ အများကြီးပျိုးထားပြီး ပန်းတွေညှိုးသွားတာနဲ့ ချက်ချင်း အသစ်လဲလှည် လိုက်ကြတာပါ။

သစ်ခွခြံဝန်ထမ်းတွေက အမြဲတမ်း မပြတ်လိုက်ကြည့်ပြီး အပွင့်ကြွေသွားတဲ့ ပန်းနေရာမှာ အခြားပန်းပွင့်တဲ့ ပန်းအိုးနဲ့ ချက်ချင်း လဲလိုက်တာမျိုးကြောင့် ဥယျဉ်ဟာ အမြဲမပြတ် ပန်းတွေနဲ့ လှပနေတာပါ။ 

image.png

ါကတော့ ဝန်ထမ်းတွေသစ်ခွပန်းတွေအသစ်လိုက်ချနေတာပါ။ အဲသလို ကားအသေးလေးတွေနဲ့ သစ်ခွပန်းအိုးတွေကို လိုက်ချကြတာပါ။ ကဲဒီနေ့တော့ ဒီလောက်ပါပဲ။ မနက်ဖြန်ကျရင် စိတ်ဝင်စားစရာ သစ်ခွပန်းတွေအကြောင်း တင်ပေးပါ့မယ်။ 

Henry Aung ( Kachin )

21/03/2026 March 16;57 PM

34

comments