အက်ိဳးေက်းဇူး

By @k0184/17/2018esteem

" သီလရှင် ဝတ်ခြင်းအကျိုး "

မိန်းကလေးတစ်ဦးအနေဖြင့်မိမိ၏
အလှအပအနေအားဖြင့်ဗန်းတင်ပစ္စည်းဖြစ်သော
ဆံပင်ကိုရိတ်ပယ်လိုက်ခြင်းသည်ပင်
အလွန်ခဲယဉ်းသောကိစ္စဖြစ်၍
ပစ္စည်းဥစ္စာရတနာတွေကိုစွန့်ပစ်ရသကဲ့သို့
နိက္ခမပါရမီ တစ်မျိုးပင်ဖြစ်သည် ။
image

ထို့နောက်မှာတော့ ဖန်ရည်သင်္ကန်းဆင်မြန်းပြီး
လူတို့စောင့်ထိန်းနိုင်ခဲသော
၈ ပါး ၉ပါး စတဲ့သီလတွေကို
စောင့်ထိန်းရတော့မှာပင်ဖြစ်သည်
ဗုဒ္ဓရဲ့စာပေပရိယတ်တွေကို သင်အံပို့ချနိုင်မည်လည်းဖြစ်သည်
image
ဘဝပေါင်းများစွာက လင်ယူ သားမွေးကိစ္စတွေနှင့်
အချိန်ကုန်ခဲ့သမျှ ဘုရားသာသနာတော်ရောက်မှ
တရားဘာဝနာတွေနှင့်တွေ့ခိုက်
မဂ်ရေး ဖိုလ်ရေး နိဗ္ဗာန်အရေးကို
တွေးနိုင်မည်လည်းဖြစ်သည် ။

တချို့က သီလရှင်ဆရားလေး ဆရာကြီးများကို
လူတို့နှင့်တန်းတူပုံစံမျိုးအနေထားနှင့်ဆက်ဆံကြသည်
ကန်တော့စရာမလိုဘူးဟုပင်တွေးထားသူများလည်း
တွေ့ဖူး မြင်ဖူး ကြုံဖူးသေး၏ ။

အမျိုးသမီး တစ်ဦးဟာ သီလရှင်ဝတ်တော့မည်ဆိုရင်
ရဟန်း (သို့မဟုတ် ) သီလရှင် ဆရာကြီးဆီမှာ
၈ ပါး ၉ ပါးစတဲ့သီလတွေကိုအရင်ဆောက်တည်ပြီးမှ
အရင်သီလယူပြီးမှသာလျှင် ဝတ်နိုင်သည် ။
သီလရှင်ဖြစ်သွားပြီဆိုတာနှင့် လိင်ဆယ်ပါး
ဒဏ်ဆယ်ပါး သေခိယ ၇၅ ပုဒ်စတဲ့ စာပေတွေကို
စောင့်ထိန်းပြီးစတင်သင်အံရတော့မည်ဖြစ်သည် ။

တချို့ယောကျာ်းသားများကပြောသေးသည်
သီလရှင်ဆိုတာကလည်းမိန်းမထဲကမိန်းမပါပဲ
ငါတို့ကယောက်ျားလေးပဲ ရှိခိုးစရာမလိုပါဘူး
အရိုသေပေးစရာမလိုပါဘူးဟုဆိုကြသည် ။
မိန်းကလေးရှိခိုးရင် ဘုန်းကံနိမ့်တယ်ဟုပင်
တချို့သောသူများထင်ကြလေသည်
ကိုယ်စောင့်ထိန်းတာကငါးပါးသီလလောက်နဲ့
၈ ပါး ၉ ပါး စောင့်ထိန်းနေသောသူများကို
မလေးမစားပြုမူစရာမလိုပေ ။

အထက်မှာဖော်ပြခဲ့တဲ့အကြောင်းအရာ
ထိုဂုဏ်ရည်တွေနှင့်ပင်
သီလရှင်ဆရာလေး ဆရာကြီးများကို
ရှိခိုးသင့် / မသင့် ဆိုတာနှင့် တန်းတူထားခွင့်ရှိ /မရှိဆိုတာကို သိနိုင်ပေမည် ။
image
ထို့ကြောင့် သီလရှင်ဆရာလေး ဆရာကြီးများကို
တန်းတူထာခြင်း မရိုမသေပြုခြင်း မရှိခိုးခြင်းများ
မပြုလုပ်မိပါစေနှင့် တခိျု့လူတွေမလေးမစားနဲ့
ပြုမူဆက်ဆံတာများကိုမြင်တွေ့ရတော့
များစွာစိတ်ပျက်စရာဖြစ်ရသည် ။

သီလရှင်ဆရာလေး ဆရာကြီးများကို
ကြည်ညိုလေးစားနိုင်ကြသူများဖြစ်ကြပါစေ..........
#Crd

4

comments