မိုက်တွင်းနက်နေတာ

By @htethtetnaing8/27/2021sports

တချို့တွေကျတော့ ငယ်တော့တဲ့အရွယ်တွေလည်း မဟုတ်ပါပဲ မိုက်တွင်းနက်ကြတယ်လို့ ဆိုကြပြန်တယ်။ ကျွန်မအပေါ်မှာ ဆိုခဲ့ပြီးသလို သူတို့ဟာ မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်ခြင်းတွေမရှိတာမို့ ၊ ယုံကြည်မှုတွေဟာလည်း တလွဲတွေမို့ အများအမြင် မိုက်တွင်းနက်သထက် နက်နေတာပါ။ သူတို့မှားတယ်ဆိုတာကို သူတို့လက်မခံသရွေ့ ဘယ်သူပြောပြော သူတို့မမှားဘူးပဲ။ အမွားကို ဝန်မခံချင်လွန်းလို့ မမြင်ရတဲ့ အတိတ္ကံကိုပါ လွှဲချကြသေးတယ်။ အငယ်အနှောင်းဖြစ်ရတာ ကံပါခဲ့လို့ပါပေါ့။ ဒီဘဝအတွက် သူတို့အသိဉာဏ်နဲ့ ဆင်ခြင်စွမ်းအားတွေဟာ ဒီလောက်ပဲပါလာတယ်လို့ လက်ခံလိုက်ရုံပါ။

comments