Dream

By @hoonhaejen3/19/2018busy

dreamlike-photography.jpeg
အိပ်​မက်

လမ်းတူကိုသွား​နေတုန်းက မကြည့်​မိဘဲ​နေတဲ့နင့်​ကို တစ်​ခြားလမ်း​ရောက်​သွား​တော့မှ နင့်​မျက်​နှာကို မြင်​လိုက်​ရတဲ့ တခဏမှာ နင့်​ကို သံ​ယောဇဉ်​ ရှိ​နေတာသိလိုက်​ရပြီး ဝမ်းနည်းသွားတဲ့ငါ...

လက်​သကြွယ်​ မှာစွပ်​ထားတဲ့ လက်​စွပ်​​လေးကို ချွတ်​လိုက်​ပါတယ်​....
ဒါ​ပေမဲ့လည်း ကြာမြင့်​စွာဝတ်​ထားခဲ့လို့ လက်​စွပ်​မရှိ​တော့​ပေမယ့်​ လက်​စွပ်​ရဲ့ အရာ​လေးဟာ ထင်​ကျန်​ရစ်​​နေခဲ့ပြီ​လေ...

လက်​မှာရှိ​နေတဲ့ လက်​စွပ်​အရာ​လေးကို မူလအသား​ရောင်​အတိုင်းဖြစ်​ဖို့ အချိန်​လိုအပ်​သလို နင်​မရှိတဲ့ ​နေ့​တွေကိုရင်​ဆိုင်​နိုင်​ဖို့ ငါ့အတွက်​အချိန်​လိုအပ်​တယ်​​လေ...

19

comments