📒📔

By @gla•4/25/2018•artzone

ဝိပဿနာ သမာဓိဥာဏ် မဂ်ဖိုလ်ဥာဏ် ဖြစ်ပုံ

         တစ်စက္ကန့် တစက္ကန့်မှာ တစ်ကြိမ်ထက်

မနည်း မပြတ်ရှုနိုင်ရန် အားထုတ်သော်လည်း
အားထုတ်ခါစ ယောဂီမှာ မရှု့မိပဲ မေ့သွားသော ကိုယ်အမူအရာ စိတ်အမူအရာတို့ များစွာရှိပေ
လိမ့်မည် ၊ တခြားတစ်ပါးသို့ ရောက်ရှိနေသော
နီဝရဏ စိတ်များလည်း ရှိနေပေလိမ့်မည် ။
သမထလုပ်ငန်းစဉ်၌ ထိုစိတ်များကို
ရှု့ ရန်မလိုပါ ။ ရှု့မြဲ သမထအာရုံကိုသာ ပြန်၍
ရှု့ရန်လိုပါသည် ။

        ဤဝိပဿနာ လုပ်ငန်းစဉ် ၌  မရှု့မိပဲ

မေ့သွားသော စိတ်များ၊ ထွက်သွားသော စိတ်များ
ကို ရှု့မှတ်ရသည်၊ ထိုသို့ရှု့သိပြီးမှ ဖောင်းမှု့ပိန်မှု့
ရှု့မြဲကိုပြန်၍သွားရသည် ။ မရှု့မိလျှင် ထို စိတ်
များ ၌ နိစ္စ သုခ အတ္တ ဟု စွဲလန်းမှု့ ကျရောက်
မည် ဖြစ်၍ သမထအလုပ် မှာကဲ့သို့ နှလုံးမသွင်း
ပဲ ထားရုံနှင့် ကိစ္စမပြီး ၎င်းတို့ကိုလည်း 'သဘာဝ
လက္ခဏာ ၊ သာမညလက္ခဏာ' တို့ဖြင့် မှန်ကန်စွာ
သိအောင်ရှု့မှ သာလျှင် စွဲလန်းမှု့ကင်းစေနိုင်၍ ဝိပဿနာကိစ္စ ပြီးစေနိုင်ပါသည် ။

          ထိုသိုရှု့ဖန်များသော်တခြားသို့ မထွက်

တော့ပဲ ရှုမြဲပင် တစ်စဉ်တည်းဖြစ်ကာ အာရုံ ၌
ကပ်ကနဲ ကပ်ကနဲ အံကျလျှက် တည်နေသော
သမာဓိသည် ဝိပဿနာသမာဓိ မည်ပါ၏ ။ သမ
ထလမ်းမှ ဥပစာရသမာဓိနှင့်လည်း ညီမျှ၏ ။
နိဝရဏနှင့်ရောနှောခြင်းမရှိသောကြောင့် "စိတ္တ -
ဝိသုဒ္ဓိ "လည်းမည်၏ ။

         ရှု့မိသည့် ဖောင်းမှု့ ပိန်မှု့ ရုပ်အပေါင်း

ကို အသိနာမ်နှင့် လည်းကောင်း ၊ ရှုမှု့ကြံမှု့သိမှု့ မြင်မှု့ နာမ်အပေါင်းကိုလည်း ရုပ်နှင့်လည်း
ကောင်း ၊တစ်ကြိမ် တစ်ကြိမ် ရှု့ခိုက်မှာပင် နာမ်
နှင့်ရုပ်ကို ပိုင်းခြား ၍ သိခြင်းသည် "နာမရူပ -
ပရိစ္ဆေဒ ဥာဏ်" မည်ပါ၏ ။

         ထိုသို့ သိဖန်များလာသောအခါ အာရုံကို

မသိတတ်သည့် ရုပ်တရားနှင့် အာရုံကို သိတတ်
သည့် နာမ်တရားဟူ၍ နှစ်မျိုးသာရှိသည် ။ ဤ
ရုပ်နာမ်မှတစ်ပါး ပုဂ္ဂိုလ်သတ္တဝါကောင် မရှိတော့
ပြီဟု သိမြင်သဘောကျ၏ ။ရှု့နေရင်းပင် ဤသို့
သဘောကျသွားခြင်းသည် "ဒိဋ္ဌိဝိသုဒ္ဓိ" မည်ပါ၏ ။

           ဆက်လက်၍ အားထုတ်နေလျှင် အပူ

အအေးဓာတ်ကြောင့် ပူရုပ်အေးရုပ်များဖြစ်ပေါ်
လာကြသည်ကို လည်းကောင်း ၊ အစာအာဟာရ
ကြောင့် ရုပ်သစ်များ ဖြစ်ပေါ်လာကြသည် ကို
လည်းကောင်း ၊နှလုံးသွင်းမှု့ရှိ၍ ထိုထိုအာရုံများ
ဆီ စိတ်က ရောက်ရောက် သွားသည် ကိုလည်း
ကောင်း မျက်မှောက်တွေ့လျှက်သိမြင်သဘော
ကျ၏။

             ထို့ပြင် ကောင်းသည် ချမ်းသာသည်ဟု

ထင်သောအဝိဇ္ဇာ , ကောင်းစား ချမ်းသာချင်သော တဏှာတို့ကြောင့် ကြံစည်အားထုတ်ပြုလုပ်နေ
ကြသည်ကိုလည်းကောင်း ၊စသည်ဖြင့်အကြောင်း
တရားပါ သိမြင်ခြင်းသည် "ပစ္စယပရိဂ္ဂဟဥာဏ်"
မည်၏။

             ရှေးကလည်း ဒီလို အကြောင်းအကျိုး

ရုပ်နာမ် မျှသာရှိခဲ့သည် ၊နောင်လည်း ဒီလို အ
ကြောင်း အကျိုး ရုပ်နာမ်မျှသာရှိမည်ဟု သဘော
ကျခြင်းသည် "ကင်္ခါဝိတရဏဝိသုဒ္ဓိ "မည်၏ ။
ရှေးကငါရှိခဲ့သလား.. ယခုမှပဲရှိလေသလား ?
သေပြီးနောက်မှလည်း ရှိဦးမည်လား .?ဟူ သော
ယုံမှားမှု့မျိုးလည်း မရှိတော့ပေ ။

               ဆက်လက်၍ အားထုတ်လျှင် ရှုတိုင်း

ရှုတိုင်း ရုပ်နာမ်များသည် ဖြစ်ပေါ်လာပြီးလျှင်
ပျောက်ပျောက်သွားကြသည်ကိုသာ တွေ့ရသော
ကြောင့် မမြဲ ဟူ၍လည်းသုံးသပ်ဆင်ခြင်မိသည် ။
"အနိစ္စသမ္မသနဥာဏ်"ပင်တည်း ။

              ဖြစ်လိုက် ပျက်လိုက်နှင့် ဖြစ်ပျက်မှု

က မပြတ်နှိပ်စက်နေသည်ကိုသာ တွေ့ရသော
ကြောင့် နှစ်သက်သာယာဖွယ် အားကိုးဖွယ်မရှိ
ကြောက်ဖွယ်ကောင်းသော ဆင်းရဲချည်း ဟု သုံး
သပ်ဆင်ခြင်မိ၏ ။"ဒုက္ခသမ္မသနဥာဏ်"ပင်တည်း ။

            ကိုယ့်အလိုအတိုင်း မဖြစ်မူ၍ သူ့သ

ဘောအတိုင်းသာဖြစ်ပျက်နေသည်ကို သိရသော
ကြောင့် အစိုးရသော အတ္တကောင် ငါကောင် မ
ဟုတ် အနတ္တသဘောတရားချည်း ဟု ဆင်ခြင်သုံး
သပ်မိ၏ ။ အနတ္တသမ္မသနဥာဏ်ပင်တည်း ။

       ဤကဲ့သို့ သုံးသပ်ဆင်ခြင်၍ အားရသော

အခါ ရှု့ရုံသာရှု့လျှက် ရှိတော့၏ ။ မိမိရှု့မိ
သော အာရုံ၏ အစဖြစ်ပေါ်လာသည်ကို လည်း
ကာင်း ၊ထို အာရုံ တိကနဲပြတ်သွားပုံကို လည်း
ကောင်း ၊ ရှင်းလင်းပြတ်သားစွာသိရ၏ ။

         အလင်းရောင်များ၊ နှစ်သက်အားရမှု့များ

စိတ်အေးချမ်းသာမှု့များ ၊ဘုရားတရားနှင့်စပ်သော
သဒ္ဒါကြည်ညိုမှု့များ ၊ထက်သန်စွာ အားထုတ်လို
မှု့များ ၊ ရှုစရာအာရုံတွေကို အထူးကြောင့်ကြမှု့
မပြုရပဲ ရှု့နိုင်လာမှု့များ စသည့် ထူးခြားမှု့သဘော
တရားများဖြစ်ပေါ်လာတတ်၏ ၊ တရားထူးရပြီဟု ထင်မှတ်မှားတတ်၏ ။ နုသော ဥဒယဗ္ဗယဥာဏ်နှင့်
မဂ် မှား ပင်တည်း ။

          ထို အလင်းရောင် စသည်တို့ကို တရား မဟုတ်သေး ဟူ၍လည်းကောင်း ၊ ပေါ်လာသမျှ

တို့ကို ရှု့ရုံမျှ မပြတ်ရှု့နေခြင်းသည် သာလျှင်
'တရားထူးကို ရရန် ဝိပဿနာလမ်းမှန်ဖြစ်သည် '
ဟူ၍လည်းကောင်း ၊ ကျမ်းဂန် ဗဟုသုတအရဖြစ်
စေ ၊ ဆရာသမားတို့၏ စကားအရဖြစ်စေ ၊ ယုံ
ကြည် ဆုံးဖြတ်ရ၏ ။ ထိုသို့ ဆုံးဖြတ်လိုက်ခြင်း
သည် "မဂ္ဂါမဂ္ဂဥာဏ ဒဿနဝိသုဒ္ဓိ" မည်ပါ၏ ။

           ထိုမှ ဆက်လက်၍ရှု့နေလျှင် အလင်း

ရောင် နှစ်သိမ့်အားရမှု့တို့သည် တဖြည်းဖြည်း
နည်း၍ နည်း၍သွား၏ ၊ ရှု့သိမှု့မှာလည်းသာ
၍ ရှင်းလင်း လာ၏ ၊ လက်ခြေတစ်ကွေး တစ်
ဆန့် ခြေတလှမ်းအတွင်း မှာပင် တရွေ့ချင်း တ
ရွေ့ချင်း ဖြစ်ပျက်သွားသော လှုပ်ရှားမှု့ပေါင်း
များစွာတို့ကို တစ်ပိုင်းစီ တစ်ပိုင်းစီ ရှင်းလင်းပြတ်
သားစွာ သိရ၏ ။ ရင့်သော "ဥဒယဗ္ဗယဥာဏ်"ပင်
တည်း ။

            ထိုဥာဏ် အားကောင်း လာသောအခါ

အာရုံ၏ အစဖြစ်မှု့ထက် အဆုံးပျောက်မှု့ကိုသာ
သာ၍ ထင်ရှားတွေ့ရ၏ ။လက် ခြေ ခေါင်း ကိုယ်
စသော ပုံသဏ္ဌန် အထည်ဒြပ်ကို မတွေ့ရပဲ တရိပ်
ရိပ်နှင့် ပျောက်နေသည်ကိုသာ ရှု့တိုင်းတွေ့ရ၏ ။
ဤသို့ အာရုံရော အသိစိတ်ပါ ရှေ့နောက်ဆင့်လျ
က် တစ်စုံလုံး ပျောက်ပျောက်သွားသည်ကို သိခြင်း
သည် "ဘင်္ဂဥာဏ်" မည်ပါ၏ ။

            ရှုတိုင်းသိတိုင်း အာရုံရော အသိစိတ်ပါ

တပျက်တည်းပျက်နေသည်ကို တွေ့ရသောကြော
င့် ကြောက်စရာကောင်းသည်ဟု ထင်မြင် သဘော
ကျလာ၏ ၊ "ဘယဥာဏ်"ပင်တည်း ။

              'မကောင်းဘူး 'ဟုအပြစ်လည်း မြင်လာ

၏ ၊ "အာဒီနဝဥာဏ်"ပင်တည်း ။

            'နှစ်သက်ပျော်မွေ့ဖွယ်မရှိ ၊ပျင်းရိငြီးငွေ့

ဖွယ်'ဟူ၍လည်း ထင်မြင်လာ၏။ "နိဗ္ဗိဒါဥာဏ်"ပင်
တည်း ။

           ဒီလိုဖြစ်ပျက်နေသော ရုပ်နာမ်တွေ မရှိမှ

ကောင်းမည်ဟု ရုပ်နာမ် ဆင်းရဲများမှလွတ်မြောက်
ရန် မျှော်ကြည့်သော ဥာဏ်လည်းဖြစ်ပေါ်လာ၏ ။
" မုဉ္စိတုကမျတာဥာဏ် " ပေတည်း ။

            ထိုအခါလွတ်မြောက်ရန် အထူးကြောင့်

ကြပြု၍ တဖန်ရှု့သဖြင့် အနိစ္စ ဒုက္ခ အနတ္တသဘော
တို့ကို ရှင်းလင်းစွာ သိမြင်၏ ။ အထူးအားဖြင့်
'ဒုက္ခသဘောများ'ကိုအလွန်ထင်ရှားစွာ တွေ့ရ၏ ။
" ပဋိသင်္ခါဥာဏ်"ပေတည်း ။

         ထိုပဋိသင်္ခါဥာဏ်အားပြည့်လာသောအခါ

အလွန်ပင် ညင်သာသိမ်မွေ့စွာ သူ့အရှိန်နှင့်သူ သိ
လျှက် သိလျှက်သွားသည်မှာ တစ်နာရီ နှစ်နာရီ သုံး
နာရီ ကြာသွားတတ်သည် ၊ညောင်းညာပင်ပန်းခြင်း
ကား မရှိချေ ။ ဤသို့ကောင်းဆိုး အာရုံနောက်သို့
မလိုက် ၊ ကြောင့်ကြလည်း မစိုက်ရပဲ သဘောမှန်
ကို သိရုံမျှ ကြာရှည်စွာ သိသိသွားနေခြင်းသည် - -
" သင်္ခါရုပက္ခာဥာဏ် "မည်၏။

          ဤသို့ သူ့အရှိန်နှင့်သူ သိလျက်သိလျက်

အလိုလို သွားနေရာထဲမှ အထူးသွက်လက် လျှင်မြန်
သော အသိကလေးများဖြစ်ပေါ်လာ၏ ၊ ထိုအသိ
လေး များမှာ ဝုဋ္ဌာန မည်သော မဂ်ဆီသို့ တဟုန်တိုး
တက်သွားသော "ဝုဋ္ဌာနဂါမိနီဝိပဿနာဥာဏ် " ပင်
တည်း ။

         ထိုခဏ၌ ဒွါရခြောက်ပါးတွင် ထင်ရှားပေါ်

လာသော ရုပ်နာမ် အာရုံကိုပင် မမြဲဟူ၍သော်လည်း
ကောင်း ၊ ဆင်းရဲဟူ၍သော်လည်းကောင်း ၊ အနတ္တ
ဟူ၍သော်လည်းကောင်း ၊ သိမြင်လျှက် ဖြစ်ပေါ်
ပေသည် ၊ ထိုတွင် နောက်ဆုံးအကြိမ် အသိမှာ ..
ပရိကံ ဥပစာ အနုလုံ ခေါ် ဇောသုံးခု ပါဝင်သော
"အနုလောမဥာဏ်" ပင်တည်း ။ ရှေး ဝိပဿနာ -
ဥာဏ် နောက်မဂ်ဥာဏ်တို့ သင့်လျှော်စွာ ဖြစ်သော
ဥာဏ်ဟု ဆိုလိုပါသည် ။

          ရှေးရင့်သော ဥဒယဥာဏ်မှစ၍ ဤအနု

လောမဥာဏ် တိုင်အောင် ဥာဏ် ၉ ပါး အပေါင်း
သည် "ပဋိပဒါဥာဏဒဿနဝိသုဒ္ဓိ " မည်ပါ၏ ။

          ထိုဥာဏ်အခြားမဲ့၌ အသိစိတ်သည် ရုပ်

နာမ် ဆင်းရဲချုပ်သော နိဗ္ဗာန်အာရုံသို့ ကျရောက်
သွား၏ ။ "ဂေါတြဘူဥာဏ် "ပေတည်း ။ ပုထုဇဉ်
အနွယ်ကိုဖြတ်၍ အရိယာအနွယ်သို့ ဝင်ရောက်
သွားသော ဥာဏ်ဟုဆိုလိုပါသည် ။

           ထို့နောက် နိဗ္ဗာန်ကိုပင် မျက်မှောက်တွေ့

မြင်လျှက် သောတာပတ္တိမဂ်ဥာဏ် ဖိုလ်ဥာဏ်များ
ဖြစ်ပေါ်လာကြ၏ ၊ ထိုတွင် မဂ်ဥာဏ်ကို - - -
"ဥာဏဒဿနဝိသုဒ္ဓိ "ဟုခေါ်ပါသည် ။

          ထို မဂ်ဖိုလ်ဖြစ်ခိုက် အချိန်မှာ တစက္ကန့်

မျှပင်မကြာပေ ။ ထို့ကြောင့်ထူးခြားစွာ တွေ့သိရ
သော မဂ်ဖိုလ် နိဗ္ဗာန်တို့ကို ပြန်လည်၍ဆင်ခြင်မိ
၏ ။ ပစ္စဝေက္ခဏာ ဥာဏ်ပင်တည်း ။

           ဤ အစီအစဉ်အတိုင်း ပစ္စဝေက္ခဏာ

ဥာဏ်တိုင်အောင် ပြည့်စုံစွာ တွေ့မြင်သောသူသည်
သောတာပန် အဖြစ်သို့ ရောက်နေသော သူပင်
ဖြစ်ပါတော့သည် ။

             ဤ ကျမ်းစာအုပ်ငယ်လေးအား လွန်စွာ

နှစ်သက်မိ၍ အာနာပါန အားထုတ်ပုံမှ စ၍
ကောက်နှုတ် .. ထုတ်နှုတ်၍ မျှဝေခဲ့ပါသည်ရှင် ။
စိတ်တူသူ , လိုအပ်သူများ ရယူကြ၍ တရားထူး
တရားမြတ်များ ရရှိနိုင်ကြပါစေရှင် ။

image

@gla

5

comments