Health Knowledge

By @emptyman7/5/2017myanmar

##health knoFB_IMG_1496078368492.jpgwledeg

လွန်​ခဲ့​သောနှစ်​က အ​မေရိကန်​နိုင်​ငံတွင်​ ကျင်းပခဲ့​သော "Great Place to Work Conference " တွင်​ စတန့်​ဖို့ဒ်တက္ကသိုလ်​မှ ​ဒေါက်​တာဂျက်​ဖ်​ဖရီဖက်ဖ်ဖာက​​​ အခမ်းအနား၏ အဓိက​မိန့်​ခွန်းကို​ ပြောကြားရာတွင် ​"အလုပ်​လုပ်​ကိုင်​ရာတွင်​ သက်​​သောင့်​သက်​သာ အဆင်​​ပြေ​ပြေရှိ​စေ​သောလုပ်​ငန်းခွင်ကို တည်​​ဆောင်​​ပေး​သောကုမ္ပဏီများသည်​ အလုပ်​သမား၏ ကာယ၊ ဥာဏကျန်းမာ​ရေးကို မြှင့်​တင်​​ပေး​နေသည်​သာမက​သေး ထိုသူ သက်​တမ်းရှည်​စွာ​နေထိုင်​နိုင်​​ရေးကိုပါ ပံ့ပိုး​မတည်​​ပေး​နေ ခြင်းဖြစ်​သည်​"ဟု ထည့်သွင်း​ပြောကြားခဲ့သည်​။

ကျန်းမာ​ရေးနှင့်​မညီညွတ်​​သောလုပ်​ငန်းခွင်​တွင် ​အလုပ်​လုပ်​ကိုင်​ရမှု​ကြောင့်​ အလုပ်​သမားများ သင့်​ ရသော​ ဘေးဘယာ​ရောဂါများ​ ကုသရခြင်း​ကြောင့်​ နှစ်​စဉ်​ကျန်းမာ​ရေးစရိတ်​​ ဒေါ်လာဘီလီယံ ၁၃၀ မျှ ကုန်​ကျရပြီး လူ ၁၂၅,၀၀၀ ​ကျော် ​​သေဆုံးရ​လေ့ရှိသည်​ဟု သု​သေသီများက ဆိုသည်​။ လုပ်​ငန်းခွင်​ကျန်းမာ​ရေးအ​ကြောင်း ​ပြောဆိုလျှင်​ အလုပ်​သမားများ ကာယ​လေ့ကျင့်​ခန်းများ လုပ်​နိုင်​​ရေး၊ အဟာရ ပြည့်​ဝ​သော​နေ့လယ်​စာများ ​ကျွေး​မွေး​ရေး၊ ဖျားနာလျှင်​ကုသနိုင်​​ရေးတို့ကိုသာ ပဓာနထား​လေ့ရှိကြသည်​။ သို့​သော်​ထိုသည်​တို့ထက်​​ အ​လေးထားသင့်​​သောအချက်​မှာ လုပ်​ငန်းလုပ်​ကိုင်​ရာ တွင်​ သက်​​သောင့်​သက်​သာရှိ​စေမည့်​ လုပ်​ငန်းအဆင်​အပြင်​ ဖြစ်​ထွန်း​ရေးပင်​ဖြစ်​သည်​။

တစ်ခါက နာမည်​ကြီးလက်​ဘက်​ရည်​ဆိုင်​တစ်ဆိုင်​၏ပိုင်​ရှင်​သည်​ သူ၏လက်​ဘက်​ရည်​ဆိုင်​တွင်​ ခင်းကျင်းရန်​ စားပွဲကုလားထိုင်​များကို ပရိ​ဘောဂဆိုင်​တွင်​ အထူးမှာကြားခဲ့သည်​။ ထိုသို့ အထူးမှာရသည့်​အ​ကြောင်းမှာ သူ၏ဆိုင်​က ​နေရာအကွက်​အကွင်း ​ကောင်းသည်​၊ အခင်းအကျင်း ဆက်​ဆံ​ရေးကလည်း​ ကောင်း​သော​ကြောင့်​ စားသုံးသူတို့ အကြိုက်​​တွေ့၊ ထိုင်​​ပျော်​၍ တ​မေ့တ​မောထိုင်​​လေ့ ရှိခဲ့ကြသည်​။ အား​ပေးသူတို့အား အထိုင်​ကြာလွန်းသည်​ဟုဆို၍​ မောင်းမထုတ်​သာ​သောကြောင့်​ ပိုင်​ရှင်​သည်​ ပရိ​ဘောဂသမားထံ အထူးကုလားထိုင်​များ မှာခဲ့ရသည်​။ သူမှာခဲ့သည့်​ အထူးကုလား ထိုင်​များကား နာရီဝက်​ထက်​ပိုထိုင်​လျှင်​ ဖင်​နာဖင်​ကျိန်း မသက်​မသာဖြစ်​​စေ​သော ကုလားထိုင်​များ ဖြစ်​ခဲ့သည်​။

တကယ်​တမ်း​ပြောရလျှင်​ထိုင်​​ကောင်းသည့်​ကုလားထိုင်​များ ​ရောထိုင်​၍ မ​ကောင်းသည့်​ကုလား ထိုင်​များရော ပရိ​ဘောဂ​ဈေးကွက်​တွင်​ လွယ်​လွယ်​ရသည်​။ သို့​သော် ​လိုအပ်​သလို အနိမ့်​အမြင့်​ချိန်​နိုင်​သလို စိတ်​ကြိုက်​​ရှေ့​နောက်​လှန်နိုင်​​သော ဆိုဖာဆုံလည်​ကုလားထိုင်​မျိုးကို အချို့ကုမ္ပဏီကြီးများ တွင်​ အကြီးတန်းအရာရှိ၊ သို့မဟုတ် ​အမှု​ဆောင်​အရာရှိသုံးများအဖြစ်​သာ ထားသည်​။ အများအရာထမ်းဝန်​ထမ်းများက လက်​သင့်​သလို ဝယ်​ယူထားသည့်​စားပွဲကုလားထိုင်​များနှင့်​ စခန်းသွားရသည်
ထိုင်​၍မ​ကောင်း​သော ကုလားထိုင်​တလုံးက​ ရေတိုတွင်​ လုပ်​ငန်းထဲ စိတ်​ဝင်​စားမှုကို ထိပါးပြီး​ ရေ ရှည်​တွင်​ ကျန်းမာ​ရေးကို ထိခိုက်​​စေ​ကြောင်း ​ကျောက်​ခဲလိုမာ​ကြော၊ သို့မဟုတ်​ အထွာ​သေးသော ဖင်​ထိုင်​များနှင့်​ကုလားထိုင်​​ပေါ် ထိုင်​ရ၍ အလုပ်​ကို အာရုံမစိုက်​နိုင်​​အောင်​ မရိုးမရွဖြစ်​ရသူများ၊ ​နိစ္စဓူဝ ပုံစံမကျ​သောကုလားထိုင်​တွင်​ ထိုင်​ရ၍ ခါးကိုက်​ခါးနာ၊​ ကျောနာဖြစ်​ရသည့်​သူများ ​ကောင်း စွာ သိ​ပေမည်​။ ဤအပရိကာအ​သေးမွှားဟု ထင်​စရာကိစ္စသည်​လည်း ဝန်​ထမ်း၏လုပ်​အားကို ထိပါး​စေနိုင်​​သော်​လည်း ဤအ​ခြေခံအချက်​​လေးကို သတိပြုမိသူ၊ တနည်းလုပ်​ငန်းရှင်​များ နည်းပါးသည်​ကို​ တွေ့ရသည်​။
<><><><><><><><><><>>><><><>>><><><>>>>>
အလုပ်​သမားများကို​ ကျန်းမာ​ရေးထိခိုက်​မှုကင်း​သောလုပ်​ငန်းခွင်​၊ သို့မဟုတ်​​ ဘေးအန္တရာယ်​ကင်း​သောလုပ်​ငန်းခွင် ​မတည်​​ပေးနိုင်​လျှင်​ ယင်းတို့၏လုပ်​အားထုတ်​လှုပ်​မှု ၄၅ ရာခိုင်​နှုန်းပင်​ ထိပါးနိုင်​သည်​ဟု UAE နိုင်​ငံသို့ ကျွမ်းကျင်​ဝန်​ထမ်းများ ထပ်​တိုးလာ​စေရန်​အတွက်​ လုပ်​ငန်းခွင်​ကျန်းမာ​ရေး နှင့်​​ဘေးကင်း​ရေးစံနှုန်းအသစ်​များ ပြဌာန်းအ​ကောင်​အထည်​​ဖော်​မည်​ဟု လွန်​ခဲ့​သောလက သတင်း စာရှင်းလင်းပွဲ ပြုလုပ်​ခဲ့​သော UAE နိုင်​ငံ၏ ကျန်းမာ​ရေးနှင့်​​ ရောဂါကြိုတင်​ကာကွယ်​​ရေးဝန်​ကြီးဌာန ဒုဝန်​ကြီး​ဒေါက်​တာအာမင်​ဟူစိန်​ အလ်​အီမီရီက​ ပြော ကြားခဲ့သည်​<<<<<<<<<<<>><>>>>>>>>><><><>
ကျန်းမာ​သောလုပ်​ငန်းခွင်​တည်​​ရေးတွင်​ အမှတ်​တမဲ့ထား​နေမိသည့်​အချက်​ကား အပူဒဏ်​ပင်​ဖြစ်​သည်​။ အပူဒဏ်​ကာကွယ်​ရန်​အတွက်​​ လေ​အေးစက်​တပ်​ဆင်​ခြင်းသည်​ ပြဿနာတစ်စိတ်​တစ်ပိုင်း ရှင်းသွားသလို ပြဿနာတစ်စိတ်​တစ်ပိုင်း ပိုတိုး​လာသည်​။ လေ​အေးစက်​နေရာတခုမှ​ လေ​အေး စက်​တခု​သို့ ကူး​ပြောင်း၍ အလုပ်​လုပ်​ကိုင်​ရခြင်းသည်​ အဆင်​​ပြေတတ်​​သော်လည်း နေရာ​သဘာဝ အ​ပြောင်းအလဲရှိ​သောအခါ ကျန်းမာ​ရေးထိခိုက်​သည်​ကို​ တွေ့ရသည်​။
ဥပမာ အပူပြင်း​သော မြန်​မာနိုင်​ငံတွင်​​ လေ​အေးစက်​တပ်​ဆင်​ထား​သော အိမ်​မှ​နေ၍ ​လေ​အေးစက်​တပ်​ဆင်​ထား​သော ​မော်​​တော်​ယာဉ်​ဖြင့်​ ​လေ​အေးစက်​တပ်​ဆင်​ထား​သောလုပ်​ငန်းခွင်​သို့​ သွား၊ ​လေ​အေးစက်​တပ်​ဆင်​ထား​သော စား​သောက်​ဆိုင်​တွင်​​ နေ့လည်​စာစား၊ ​လေ​အေးစက်​တပ်​ဆင်​ထား​သောဘီယာဆိုင်​တွင်​ အပန်း​ပြေရသည့်​ဘဝ​အေးချမ်းမည်​မှာ အမှန်​ဖြစ်​​သော်လည်း လုပ်​ငန်း ခွင်​ပြင်​ပသို့​ရောက်​သည်​နှင့်​ အပူပြင်းပြင်းကြုံ လုပ်​ငန်းခွင်​ထဲ​ရောက်​သည်​နှင့်​အ​အေးမြမြကြုံရသည့်​ အလုပ်​သမား၏ဖြစ်​စဉ်​သည် ​ရှုံချည်နှပ်​ချည်သဘာဝမျိုးကြုံ​နေ​သောခန္ဓာကိုယ်​၏ တန်​ပြန်​မှုကို ခံရ ကိန်းရှိသည်​မှာ အမှန်​ပင်​။ ​ရေတိုတွင်​ နှာစီး​ချောင်းဆိုး​ခေါင်းကိုက်​​ရောဂါမျိုး ကြုံနိုင်​သည်​ဟု ဆိုသည်​။
<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ဤအ​နေအထားမျိုးလုပ်​ငန်းခွင်​ မဖြစ်​​မ​နေကြုံ​နေရ​သော မျက်​​မှောက်​​ခေတ်​တွင် ​ဝန်​ထမ်းများအ​နေ ဖြင့်​ အပူသက်​သာရန်​ အအုပ်​အ​ဆောင်းများ မပြတ်​မလပ်​​ဆောင်​ရန် ​သတိချပ်​ရ​ပေမည်​။ ဤ​နေရာ တွင် ​ညအ​အေးကဲ​ နေ့အပူသည်း​သော ကန္တာရနိုင်​ငံတို့၏လုံခြုံ​သော အဖုံးအကာ​ဆောင်းသည့်​ ဓ​လေ့ကို လုပ်​ငန်းခွင်​ကျင့်​ထုံးတစ်ရပ်​အဖြစ် ​ပြဌာန်းရန်​မှာ ကျန်းမာ​သောလုပ်​ငန်းခွင်​ဖြစ်​ထွန်း​ရေးကို လိုလား​သောလုပ်​ငန်းရှင်​တိုင်း၏ တာဝန်​ပင်​ဖြစ်​သည်​ဟု သု​သေသီတို့က ဆိုသည်​။

#COPY##

4

comments