မျက်ဝါးထင်ထင်

By @ellae7/22/2018wafrica

တခါက အပျံသင်စ ကျေးညီနောင် ရှိတယ်။
လေပြင်းမုန်တိုင်း တိုက်တော့ အသိုက်ထဲက လွင့်ပါသွားကြတယ်။
တစ်ယောက် တစ်နေရာစီ ရောက်သွားကြတယ်။
အကိုဖြစ်တဲ့သူက ရသေ့တွေနေတဲ့ ကျောင်းသင်္ခန်းကို ရောက်သွားတယ်။
ရသေ့တွေက ကောက်ယူ မွေးကြတယ်။
ညီဖြစ်တဲ့သူက လူဆိုးဓားပြတွေနေတဲ့ စခန်းကို ရောက်သွားတယ်။
လူဆိုးတွေက ကောက်ယူ မွေးကြတယ်။
ဘုရင်ကြီးတစ်ပါး ရုပ်ဖျက်ပြီး တစ်ယောက်တည်း တိုင်းခန်းလှည့်လာတယ်။
ခရီးပန်းလို့ အမောဖြေဖို့ သစ်ပင်အောက်မှာနားတယ်။
သစ်ပင်ပေါ်က ကျေးက အော်တယ်။
" လာကြလော့၊ ဒီလူကိုသတ်ပြီး သူ့အဖိုးတန် တန်ဆာတွေကို ယူကြလော့ "
ဘုရင်ကြီးလဲ မနားတော့ပဲ ခရီးဆက်တယ်။
ကျောင်းသင်္ခန်းနားရောက်တော့ ကျေးတစ်ကောင်က ကြိုဆိုတယ်။
" အရှင်မင်ကြီး ကြွပါ၊ အေးမြသောရေကို သောက်ပါ "
ဘုရင်ကြီးက ပြန်ပြောတယ်။
" သင်ကား ယခင်ကျွန်ပ်လမ်းမှာ တွေ့ခဲသော ကျေးနှင့်မတူ၊ အလွန် ယဉ်ကျေး ဖော်ရွေပေ၏ "
ကျေးက ပြန်ပြောတယ်။
" ဤကျေးကား ကျွန်ပ်၏ညီ ပေတည်း၊ လေပြင်းကျစဉ် ခိုးသူတို့ထံရောက်သွား၍
ရိုင်းပြပေသည်။ ကျွန်ပ်ကား ဆရာရသေ့တို့ထံရောက်၍ လိမ္မာယဉ်ကျေး၏ "
ဘုရင်ကြီးလဲ ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲတတ်ပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပေတော့တယ်။images (2).jpeg

45

comments