Continued from previous post

By @donatemesteem8/22/2019dlike
Shared From Dlike

Continued part of previous post

ခန်းမများနှင့် ရုံးခန်းသည် စတီးဘောင်များသာ ရှိတော့သည်။ သူတို့၏ ဘေးမှ နံရံများသည်လည်း ဆွေးမြေ့နေသည်။ တောင်ကုန်းများတွင်လည်း လှိုဏ်များ ပေါက်နေသည်။ တရုတ် အလုပ်သမားများက ကျောက်သားများ၏ အမာအပျော့ကို စစ်ဆေးရန် တူးထားခြင်း ဖြစ်သည်။

တရုတ်တို့၏ ရည်မှန်းချက်

ချီဗွေ ဆည်စီမံကိန်းသည် ပြီးစီးရန် နှစ်များစွာ လိုအပ်ဦးမည် ဖြစ်သော်လည်း လုပ်ငန်းဆိုက်တွင် ကျန်ရှိသော အရာများကို ကြည့်ရှုခြင်းဖြင့် တရုတ်တို့၏ ရည်မှန်းချက်ကို သိရှိနိုင်သည်။ စီးပွားရေး အရေးယူပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ အထီးကျန်နေချိန် အိမ်နီးချင်း ယူနန်ပြည်နယ်တွင် လျှပ်စစ်မီး မလုံလောက်မှုကို ခံစားနေရချိန် ၂၀၀၀ ခုနှစ် အစောပိုင်းတွင် ထိုဆည် ၇ ခုကို ဆောက်လုပ်ရန် တရုတ်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် China Power Investment Corporation နှင့် မြန်မာနိုင်ငံမှ လုပ်ငန်းစုဖြစ်သော Asia World သည် မြန်မာ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်လိုက်သည်။ ၎င်းဖြင့် မက်ဂါဝပ် ၂၀ ၀၀၀ အထိ ထုတ်လုပ်နိုင်မည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံတန် ဆည် ၇ ခုကို တည်ဆောက်ရန် သဘောတူညီခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံ လက်ရှိထုတ်နေသော လျှပ်စစ်ပမာဏထက် ၄ ဆ ခန့် ပိုမိုများပြားသည်။ ၈ ခုမြောက် ဆည်ဖြစ်သော ၉၉ မက်ဂါဝပ် ထုတ်လုပ်မည့် ဆည်ကို ချီဗွေ ချောင်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ချီဗွေချောင်းသည် မေခမြစ်၏ လက်တက်တစ်ခုဖြစ်ပြီး ၎င်းမှ ရရှိသော လျှပ်စစ်ကို မြစ်ဆုံ စီမံကိန်းနှင့် ချီဗွေ စီမံကိန်း တည်ဆောက်ရာတွင် အသုံးပြုမည် ဖြစ်သည်။

ထိုဆည်များက လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သော်လည်း စစ်အစိုးရလက်ထက်တွင် ဆန့်ကျင်သူများ မရှိခဲ့ပေ။ သို့သော် အရပ်သား အယောင်ဆောင် အစိုးရ ၂၀၁၁ ခုနှစ်တွင် တက်လာသောအခါ လွတ်လပ်မှုများ ပိုမိုရှိလာခဲ့သည်။ တက်ကြွလှုပ်ရှားသူများက မက်ဂါဝပ် ၆၀၀၀ ထုတ်လုပ်မည့် မြစ်ဆုံဆည်ကို ဆန့်ကျင်လာကြသည်။ ယင်းဆည်သည် မေခနှင့် မလိခ မြစ်တို့ ဆုံရာ မြစ်ဆုံ အောက်တွင် တည်ဆောက်မည် ဖြစ်သည်။ ထိုသို့ဖြင့် စင်ကာပူ နိုင်ငံခန့် ကျယ်ဝန်းသော မြေနေရာကို ရေဖုံးလွှမ်းသွားမည် ဖြစ်သည်။

အများပြည်သူက ဆန့်ကျင်သောကြောင့် သမ္မတ ဦးသိန်းစိန်သည် မြစ်ဆုံဆည် တည်ဆောက်မှုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ရပ်ဆိုင်းခဲ့ရသည်။ တည်ဆောက်နေသော တရုတ် ကုမ္ပဏီက State Power Investment Corporation ဟု အမည်ပြောင်းပြီး ယင်းစီမံကိန်း ပြန်လည်စတင်နိုင်ရန် နိုင်ငံရေး သမားများကို တွန်းအားပေး ဆွဲဆောင်နေခဲ့သည်။ သို့သော် မြစ်ဆုံဆည်ကို ပြန်လည်စတင်နိုင်မည့် အလားအလာက ဝေးကွာလျှက် ရှိသည်။

မြစ်ဆုံဆည်မှအပ တခြားဆည် ၆ ခုကိုမူ အများပြည်သူက သိပ်အာရုံမထားပေ။ ၎င်းတို့၏ နေရာသည် ဝေးလံပြီး မြစ်ဆုံဆည်လောက် ပမာဏ မများပြားသောကြောင့် ဖြစ်သည်။ ချီဗွေဆည်သည်လည်း ၂၈ စတုရန်း ကီလိုမီတာ ဧရိယာကို ရေလွှမ်းမိုးနိုင်ပြီး ဆည်၏ နံရံသည် ၂၀၆ မီတာမြင့် သည်။ ၎င်းသည် မြစ်ဆုံထက် ၆၅ မီတာ ပို၍ပင် မြင့်သည်။

သို့သော် ဦးသိန်းစိန် အစိုးရသည် မြစ်ဆုံဆည်ကိုသာ ရပ်တန့်ခဲ့သည်။

တပ်မတော်နှင့် KIO တို့ကြား ပဋိပက္ခကို ဖြေရှင်းနိုင်ပါက SPIC နှင့် ၎င်း၏ မိတ်ဖက် ကုမ္ပဏီများသည် ကျန်ဆည် ၆ ခုတွင် တည်ဆောက်ရေး လုပ်ငန်းကို ပြန်လည်စတင်နိုင်မည် ဖြစ်သည်။ သို့ပါက စွန့်ပစ်ထားသော ချီဗွေဆည် တည်ဆောက်ရေး လုပ်ငန်းဆိုက်သည် တရုတ်အလုပ်သမားများ ဆောက်လုပ်ရေးယာဥ်များ ထောက်ပံ့ရေး ယာဥ်များဖြင့် ပြန်လည်စည်ကားလာမည် ဖြစ်သည်။

You can help improve this blog.

If you want to donate, just give me a LIKE.

Or send any amount of steem to donatemesteem.


Source of shared Link

6

comments