✏📒

By @blay•4/23/2018•artzone

It is not half cold today.
ဒီနေ့  တစ်ဝက်လောက်မအေးဘူး × (Facebook ပေါ်မှ)

ဘာသာပြန်ထားတာ ဖတ်ပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ် Not half ရဲ့ အဓိပ္ပာယ်မသိဘူးဆိုရင်တောင် တစ်ဝက်လောက်မအေးဘူးဆိုတဲ့ ဘာသာပြန်ကတော့ ပဲ့လွန်းပါတယ် တကယ်ဆို Not half က not ပါပေမယ့် အငြင်းအဓိပ္ပာယ်မဟုတ်ပါဘူး အရမ်းဆိုတဲ့ ရိုးရိုးအဓိပ္ပာယ်ပါ ဒါကြောင့် ဖော်ပြပါဝါကျကို ' ဒီနေ့ အရမ်းအေးတယ်လို့ ပဲဘာသာပြန်ရမှာပါ

He is not half good-hearted.ဆို သူအရမ်းစိတ်ထားကောင်းတယ်

He does not half love you.ဆို သူနင့်ကို အရမ်းချစ်တယ်

She does not half hate me.ဆို သူငါ့ကို အရမ်းမုန်းတယ်

They do not half respect you.ဆို သူတို့ နင့်ကို အရမ်းလေးစားတယ်

He is not half rude.ဆို သူက အရမ်းရိုင်းတာ
စသည်ဖြင့် Not half ကို ရိုးရိုးအဓိပ္ပာယ်နဲ့ ဘာသာပြန်ရမှာပါ

Not half နဲ့  as adjective as anything နဲ့ အဓိပ္ပာယ်တူပါတယ်

ဥပမာ It is not cold today.ဆိုရင် ဒီနေ့ မအေးဘူး လို့ ဘာသာပြန်ပြီး

It is not half cold today.ဆိုရင်တော့ ဒီနေ့ အရမ်းအေးတယ် လို့ ဘာသာပြန်ရမှာပါ
It is very cold today.
or
It is as cold as anything today.တို့ နဲ့ အဓိပ္ပာယ်တူပါတယ်

ဥပမာ She is mean with her money.
သူက ပိုက်ဆံနှမြောတယ်

She is not mean with her money.
သူက ပိုက်ဆံမနှမြောဘူး

She is not half mean with her money.
or
She is very mean with her money.
or
She is as mean with her money as anything.
သူက ပိုက်ဆံအရမ်းနှမြောတယ်

1.It is hot today.
သည်နေ့ ပူတယ်

It is not hot today.
ဒီနေ့ မပူဘူး

It is not half hot today.
or
It is very hot today.
or
It is as hot as anything today.
ဒီနေ့ အရမ်းပူတယ်

2.I am disappointed with /in you.
ငါနင့်ကို စိတ်ပျက်တယ်

I am not disappointed with/in you.
ငါနင့်ကို စိတ်မပျက်ပါဘူး

I am not half disappointed with/in you.
or
I am very disappointed with/in you.
or
I am as disappointed with you as anything.
ငါနင့်ကို အရမ်းစိတ်ပျက်သွားပြီ

3.She is lazy.
သူက အပျင်းကြီးတယ်

She is not lazy.
သူက အပျင်းမကြီးဘူး

She is not half lazy.
or
She is very lazy.
or
She is as lazy as anything.
သူက အရမ်းအပျင်းကြီးတယ်

4.She is frightened of dogs.
သူက ခွေးကြောက်တတ်တယ်

She is not frightened of dogs.
သူက ခွေးမကြောက်တတ်ဘူး

She is not half frightened of dogs.
or
She is very frightened of dogs.
or
She is as frightened of dogs as anything.
သူက ခွေးအရမ်းကြောက်တတ်တယ်

5.She is good to me.
သူက ကျွန်တော်အပေါ်ကြင်နာတယ်

She is not good to me.
သူက ကျွန်တော့်အပေါ်မကြင်နာဘူး

She is not half good to me.
or
She is very good to me.
or
She is as good to me as anything.

သူကျွန်တော့်အပေါ်အရမ်းကြင်နာတယ်

6.They are common.
သူတို့ က အောက်တန်းကျတယ်

They are not common.
သူတို့ က အောက်တန်းမကျပါဘူး

They are not half common.
or
They are very common.
or
They are as common as anything.
သူတို့ က အရမ်းအောက်တန်းကျတယ်

image

@blay

2

comments