Pencil Drawing of Flower Vase on Books

2025-05-16T03:10:48
ဒီနေ့ ပန်းအိုးတစ်လုံးနဲ့ စာအုပ်နှစ်အုပ်ပုံကို ခဲတံဖြင့် အဖြူရောင်စက္ကူပေါ်မှာ ဆွဲထားပါတယ်။ ထိုပန်းအိုးကို စာအုပ်တွေပေါ်မှာ တင်ထားတဲ့ပုံပါ။ ယခင်ကလည်း စာအုပ်နဲ့ ပန်းပုံ၊ စာအုပ်နဲ့ပန်းသီးပုံလေးတွေဆွဲထားဖူးပါတယ်။ထိုပုံမှာပန်းအိုးကိုဆွဲရတာအရမ်းမခက်ခဲပေမဲ့၊ စာအုပ်တွေကို သဘာဝကျစေရန်ဆွဲရတာက အနည်းငယ်ခက်ခဲပါတယ်။
ပထမဆုံးစာအုပ်နှစ်အုပ်ကိုဆွဲပါတယ်။နောက်တစ်ဆင့်မှာ ပန်းအိုးကိုဆွဲ၍ ပန်းပုံစံများအတွက်စက်ဝိုင်းများကို ပထမဆုံးဆွဲပါတယ်။
ဒီအဆင့်မှာ ပန်းများကို ဆွဲ၍ ပန်းအဖူးနှစ်ခုကိုလည်း ဆွဲပါတယ်။ ပွင့်ဖတ်တွေပေါ်မှာ မျဥ်းများကို ပုံအတိုင်းထပ်မံပေါင်းထည့်၍ ခဲခြစ်ပါတယ်။ ပန်းအိုးပေါ်မှာလည်းခဲခြစ်၍ အောက်ခြေမှာအရိပ်ပုံစံကိုခဲခြစ်ပါတယ်။ စာအုပ်တွေမှာလည်းလိုအပ်တဲ့မျဥ်းများကိုထပ်မံဆွဲ၍ ခဲခြစ်ပါတယ်။ စာအုပ်ရဲ့ အရိပ်ကိုလည်း ခဲခြစ်ပါတယ်။
ထိုပုံက လှပြီး နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။
May 16, 2025
17
0
0.28