အဓိက အရေးကြီးဆုံး……?

By @thura9/24/2018busy

https://ipfs.busy.org/ipfs/QmRYz4RG2V47bMgNNEwBZtmTZhqexnuByapSfH6FpL4f5D
စတီးမစ်မှာ စာရေး၍ ရင်တွင်းခံစားချက်များကို ရင်ဖွင့်မရေးသားဖြစ်ခဲ့သည်မှာ ရက်ပေါင်းနှစ်ဆယ်ကျော်သွားခဲ့ပါပြီ။
ဟိုအရင်က စာရေးပို့စ်တင်ခြင်းအလုပ်ကို နှစ်ရက်နှင့်ထက်ပိုပြီး တာဝန်တစ်ခုကို ဘယ်လိုအကြောင်းပြချက်မှမထုတ်ပဲ ပျက်ကွပ်မခံ နှစ်ရက်တစ်ပုဒ်လောက်တော့ မဖြစ်မနေ အလုပ်မအားလပ်သည့်ကြားမှနေ၍ အားသည့်အချိန်တွင် လမ်းလျှောက်ရင်းဖြင့် ပို့စ်တစ်ပုဒ်လောက်တော့ အဆင်ပြေသလို ရေးချတင်ပြခဲ့လေသည်။
သို့ပါသော်လည်း အပိုင်းဆက်ကို ပြီးဆုံးအောင်ရေးသားတင်ပြမည်ဟု ကြံရွယ်လိုက်တိုင်း ဆက်ရန်ရှိနေသော မပြီးဆုံးပဲ မသိသလို မေ့နေသလို သတိမရတော့သလို ဟိုလိုလို ဒီလိုလိုနဲ့ ရေးချတင်ပြရန် အပိုင်းဆက်ရန်များသည် တစ်ပုဒ်ပြီးတစ်ပုဒ် ခေါင်းစဉ်ကွဲပြားစွာဖြင့် ကျန်ရှိနေခဲ့သည်မှာ ကျွန်ုပ်ကိုယ်တိုင်အသိဆုံးပင်ဖြစ်လေသည်။လူဆိုသည်မှာ အခြားသောသူတွေကို လိမ်လည်လှည့်ပတ်လို့ရရင် ရနိုင်ပါလိမ့်မည်။သို့ပေမယ့် မိမိ၏စိတ်ကို ဘယ်လိုနည်းလမ်းနဲ့မှ လိမ်လည်လှည့်ဖြားလို့မရ ရနိုင်ပါသော်လည်း ခေတ္တခဏလောက်သာ ဖြစ်နိုင်ပါလိမ့်မည်။စတီးမစ်ပေါ်၌ ကျွန်ုပ်သည် မည်သည့်တာဝန်များကို ပျက်ကွပ်ခဲ့ပါသလဲဆိုသော် အဓိက တာဝန်ကတော့ စာရေးပို့စ်တင်ခြင်းအလုပ်ကို နေ့စဉ်မပျက်မကွပ် မလုပ်ဆောင်နိုင်ခဲ့ခြင်းပါပဲ။
ကိုယ်လုပ်မှ ကိုယ်ရမည် ကိုယ်ကအလုပ်မလုပ်သော် မိမိအားကျော်တက်သွားသော သူတို့အား ပါးစပ်ဟောင်းလောင်းပေါက်လေးနှင့် ဆီးရွက်လောက်ပမာ မျက်နှာငယ်လေးနဲ့ နောက်ကောက်ကျကျန်နေရစ်ခဲ့မှာကတော့ သေချာပေသည်။နောက်ကျလွန်းသွားခဲ့သော် မည်သို့သောသူကမှ စိတ်ဝင်စားကျလိမ့်မည်မဟုတ် မည်သူတွေစိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ ကိုယ်လုပ်မှ ကိုယ်ရမည့်ကိစ္စတွင် မိမိကိုယ်ကို စိတ်ဝင်တစား ရှိဖို့ရန်သည် အဓိကအရေးကြီးဆုံးပင်ဖြစ်လေသည်။
"ကဲ"
အချိန်က မနက်၂နာရီကျော်လို့ ကြက်ဖတွန်သံကြားနေရပြီ။မနက်၎နာရီလောက်ဆိုလျှင် တစ်နေ့တာ ဝမ်းသုံးထွာအတွက် အလုပ်သို့သွားရပေဦးမည်။အကြောင်းဆက်ဆက်မှုရှိသည့်ဖြစ်စေ မရှိသည်ဖြစ်စေ နောက်ရက်များစွာအတွက် ဒီနေ့ရေးချတင်ပြလိုက်သော ပို့စ်ကစ၍ စာရေးရှိန်ကို ယူရမှာပါပဲလေ။
နောက်နေ့များ၌ အပြီးဆုံးသေးသော ဝန်းလူမိုက်အကြောင်းကို ရေးချမည်ဟု စိတ်ကူးထားမိရင်း……………
@thura

123

comments