မျှော်လင့်စောင့်စားနေရသည့် အသီးလေးများ

By @myintmo.shweyi10/19/2025hive-122133

ကျွန်မ တို့ မိသားစုသည် အာနာသိမ်းခဲ့သည့် လေးနှစ်တာ ကာလအတွင်း ခင်ပွန်းဖြစ်သူ အလုပ်ကိုင် ရှိရာသို့ လိုက်နေခဲ့ရပါသည်။ အိမ်ငှားဖြင့် နေထိုင်သည့်အတွက် မည်သည့်အပင်မျှ စိုက်ပျိုးခဲ့ခြင်းမရှိပါ။

ယခုအခါ မြေငလျှင် လှုပ်ခက်ခဲ့သည့်အတွက် အိမ်ငှားပြောင်းရွေ့ နေထိုင်ရန် အဆင်မပြေမှုများကြောင့် ကိုယ်ပိုင် တစ်နိုင်အိမ်ကွင်းလေးဝယ် ယူကာ အိမ်ဆောက်နေထိုင်ခဲ့ပါသည်။

မြေ အလွတ်လေးများပေါ်တွင် အလှပင်များ၊ ပန်းပွင့်သည့် အပင်များ၊ အရွက်စားရသည့် အပင်များ နှင့် အရိပ်ရ အပင်များ စိုက်ပျိုးဖြစ်ခဲ့ပါသည်။

ယခုအခါ စိုက်ပျိုးခဲ့သည့် အသီးစားရသည့် အပင်များထဲမှ ခါဝဲသီး၊ ငရုတ်သီး၊ ရုံးပလွေသီး နှင့် ရွှေဖရုံသီး အပင်တို့မှာ ချက်စားရတော့မည် ဖြစ်ပါသည်။

ကြည်နူးပိတီဖြင့် ရေးသားတင်ပြရခြင်းဖြစ်ပါသည်။

comments