သူ့မှာလည်း တဒုက္ခ

(59)in#hive-122133

Binance ကတော့ မြွေပူရာကင်းမှောင့်ဖြစ်တော့မယ့်ပုံပါပဲ။ CNBC သတင်းဌာနဟာ Binance ရဲ့ တရုတ်ဘာသာစကားပြော Discord Server နဲ့ Telegram Channel တို့က Binance Angel တွေ ပြောထားခဲ့တဲ့ message တွေကို ဘာသာပြန်ကြည့်ခဲ့ရာမှာ Angel တွေဟာ user တွေကို KYC (Know Your Customer) ဘယ်လို လိမ်တင်ရမလဲဆိုတာကို လမ်းညွှန်ပေးနေကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုလာပါတယ်။

တရုတ်နိုင်ငံတွင်းမှာ cryptocurrency တွေကို ban ထားတာကို အားလုံးလည်း သိထားကြပြီးဖြစ်မှာပါ။ ဒါပေမယ့် ဒီ online community chat တွေထဲမှာတော့ user တွေဟာ KYC ကို VPN ခံပြီးတော့ တင်လို့ရနိုင်ကြောင်း လမ်းညွှန်ပေးထားကြပြီး သုံးမယ့် VPN တွေဟာလည်း US၊ Singapore နဲ့ Hong Kong တို့ကနေ ထုတ်တဲ့ VPN တွေ မဖြစ်ဖို့ လိုကြောင်း သေချာရှင်းပြခဲ့ကြတယ်လို့လည်း CNBC က ဆိုပါတယ်။

ဒါ့အပြင် အချို့ user တွေ ကိုလည်း တရုတ်ပြည်မကြီးအတွက် သီးသန့်ထုတ်ထားတယ်ဆိုတဲ့ Binance app တစ်ခုဆီ လမ်းညွှန်ပေးခဲ့ကြပြီး ဒီ app ဟာ တရုတ်ပြည်မက user တွေအတွက် တရုတ်ပြည်မ ID နဲ့ပဲ KYC တင်လို့ရစေခဲ့ပြီးတော့ Binance service တွေကို VPN ခံစရာမလိုဘဲ အသုံးပြုလို့ရစေခဲ့ကြောင်းလည်း သိရပါတယ်။

March လ နှောင်းပိုင်းမတိုင်ခင်အထိ Binance ရဲ့ တရုတ်ဘာသာစကားပြော Discord နဲ့ Telegram community တွေကို လွတ်လွတ်လပ်လပ် join လို့ရနေခဲ့တာကြောင့် CNBC အနေနဲ့ message တွေကို ဝင်ဖတ်လို့ရခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ community access တွေကို approval ခံထားလိုက်ပြီလို့လည်း ဆိုပါတယ်။

Binance ဖက်ကတော့ ဒီကိစ္စကို အတွင်းပိုင်းစုံစမ်းစစ်ဆေးရေးတွေ လုပ်နေကြောင်းဆိုထားပြီး ဒီလိုမျိုး လုံခြုံရေးချိုးဖောက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် KYC စစ်ဆေးရာမှာ AI နဲ့ရော လူနဲ့ပါ အထပ်ထပ်စစ်ဆေးတာဖြစ်လို့ စာရွက်စာတမ်းအတုတွေနဲ့ KYC အောင်ဖို့ဆိုတာ တော်တော်လေး ဖြစ်တောင့်ဖြစ်ခဲသာဖြစ်နိုင်ကြောင်း တုံ့ပြန်ထားပါတယ်။

နိုင်ငံအစိုးရတွေ၊ အထူးသဖြင့် US ဖက်ကနေ crypto exchange တွေ၊ company တွေကို ရတဲ့နည်းနဲ့ နှိပ်ကွပ်နေတဲ့အချိန်မှာ Binance Angel တွေ ကိုယ်တိုင်ကိုက ဒီလိုလုပ်ရပ်မျိုးတွေလုပ်လာတယ်ဆိုတော့ Binance မှာလည်း Trojan တွေ ဝင်နေပုံပါပဲ။

User တွေ အနေနဲ့လည်း KYC ကို အင်မထုကြဘဲ ကိုယ့် ID နဲ့ကိုယ် မှန်မှန်ကန်ကန်လုပ်ကြဖို့ လိုပါတယ်။ ကို အင်ထုထားတာမိသွားခဲ့ရင် Binance ရဲ့ database ကနေ တစ်သက်တာ ban ခံရမှာဖြစ်ပြီးတော့ account ထဲမှာ ထည့်ထားသမျှ asset တွေလည်း ပြန်ထုတ်လို့ရတော့မှမဟုတ်ပါဘူး။ ဒါ့အပြင် Binance account ကို ဝယ်သုံးတာ၊ ရောင်းချတာတွေလည်း မလုပ်သင့်ပါဘူး။ တကယ်လို့ KYC ပြန်တင်ခိုင်းတာနဲ့များကြုံခဲ့ရင် ဝယ်သုံးထားတဲ့ account ဟာ သူများမျက်နှာ၊ သူများ ID နဲ့ KYC အောင်ထားခဲ့တာဖြစ်လို့ KYC ပြန်တင်နိုင်ဖို့ တော်တော်ခဲယဉ်းပါလိမ့်မယ်။

Reference Links: https://www.cnbc.com/2023/03/23/binance-employees-volunteers-tell-users-how-to-evade-china-crypto-ban.html
https://protos.com/chinese-users-bypassed-binance-kyc-thanks-to-help-from-binance/
https://cointelegraph.com/news/binance-launches-internal-investigation-following-kyc-bypass-rumors

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL