January လ 27 ရက်နေ့မနက်အစောပိုင်းတုန်းက Algorand CEO ရဲ့ X account hack ခံခဲ့ရပါတယ်။ ဒါပေမယ့် hacker ဟာ ပုံမှန် X account hacker တွေလို ငွေညှစ်တာမျိုးတွေ၊ fake airdrop link ချတာမျိုးတွေ မလုပ်ခဲ့ဘဲ Algorand ကိုပဲ ဝေဖန်လေကန်သွားခဲ့ပါတယ်။
Algorand ရဲ့ ဘဏ္ဍာရေးစာရင်းဇယားတွေဝင်ကြည့်ပြီးပြီ၊ ဒီကောင်တွေမွဲတေနေလိုက်တာ’ ဆိုတဲ့ tweet မျိုးတွေ၊ ‘Account ပြန်ဆယ်နေတယ်သာ ပြောတယ်၊ ငါက ဒီမှာ တရေးရပြီးလို့ ပြန်နိုးနေပြီ၊ အခုထိ account ပြန်မယူနိုင်ကြသေးဘူး’ ဆိုတာမျိုးတွေ၊ Algorand Foundation ရဲ့ သတိပေးစာ tweet တွေကို ပေါက်ကရစာတွေ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေသုံးပြီး retweet တာတွေ လုပ်ခဲ့ပေမယ့် X ပေါ်က crypto community ကတော့ ဒါကို တော်တော်အကြိုက်တွေ့ခဲ့ကြပြီးတော့ Web3 မှာ လိုအပ်နေတာ ဒီလို CEO မျိုးဖြစ်ကြောင်းပါ အားပေးအားမြှောက်ပြုထားကြပါတယ်။
Hacker ဟာ CEO ရဲ့ account ကို 15 နာရီကြာ ထိန်းချုပ်ထားခဲ့ပြီးနောက်မှာတော့ Algorand ဖက်ကနေ recover ပြန်လုပ်နိုင်ခဲ့ပါတယ်။
Elon Musk လက်ထက်မှာလည်း X ဟာ account တွေရဲ့ လုံခြုံရေးပိုင်းမှာ အတော်အားနည်းနေဆဲဖြစ်ပြီးတော့ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ X account တွေဟာ အရင်ကထက်တောင် ပိုပြီး hack ရလွယ်နေပုံပါပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း US SEC ရဲ့ X account hack ခံခဲ့ရပြီးနောက် ETF တွေကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းမှားတွေ တင်ခဲ့ပြီး crypto market ကြီးကို လှည့်စားခဲ့ပါသေးတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancryptohttps://t.me/myancryptochannelCrypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCryptoCrypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDHBinance Myanmar Telegram Group
https://t.me/BinanceBurmeseTrader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL