Binance ဟာ သူတို့ရဲ့ Web3 academy website မှာ Binance Sensei ဆိုတဲ့ chatbot တစ်ခုကို personal chatbot အဖြစ် အမေးအဖြေတွေလုပ်လို့ရနိုင်အောင် ထည့်ပေးထားပါတယ်။
ဒီ chatbot ဟာ ကိုယ်မသိတာတွေကို ဖြေပေးပြီးတော့ ကျယ်ပြန့်လှတဲ့ Web 3 နယ်ပယ်ထဲမှာ လျှောက်နေတဲ့ ကိုယ့်ရဲ့ လေ့လာမှုလမ်းကြောင်းမှာ personal guide အဖြစ် လမ်းညွှန်ပေးနိုင်မှာဖြစ်ကြောင်းလည်း Binance ဖက်က ဆိုထားပါတယ်။
အခုလောလောဆယ်မှာတော့ English ဘာသာတစ်မျိုးတည်းနဲ့ပဲ Binance Sensei ကို စကားပြောလို့ရနိုင်ဦးမှာဖြစ်ပြီး Sensei ကို မေးခွန်းတစ်ခုခုမေးလိုက်တယ်ဆိုရင် Sensei ဖက်ကနေ အဖြေအတိုချုပ်လေးတစ်ခုအပြင် မေးခွန်းနဲ့သက်ဆိုင်တဲ့ ဆောင်းပါး၃ပုဒ်ကို ပြပေးသွားမှာလည်းဖြစ်ပါတယ်။
Binance Sensei နဲ့ စကားပြောချင်ရင်တော့ Binance Academy website (
https://academy.binance.com/en) ထဲကိုသာ ဝင်လိုက်ပါ။ Web page ရဲ့ ညာဖက်အောက်နားလေးမှာ bot icon လေးတစ်ခု ပေါ်နေပါလိမ့်မယ်။ အဲ့ဒီ bot icon လေးကို နှိပ်လိုက်ပြီဆိုရင် ကိုယ့်ရဲ့ Binance account ထဲ log in ဝင်ပြီး Binance Sensei နဲ့ စကားပြောမလား၊ ဒါမှမဟုတ် visitor အနေနဲ့ပဲ စကားပြောမလားဆိုတာရွေးပေးပြီးရင် Binance Sensei နဲ့ စပြီးစကားပြောလို့ရပါပြီ။
တစ်ခုသတိထားရမှာကတော့ Binance Sensei ဟာ signal ပေးတဲ့ chatbot ဘိုးတော်မဟုတ်ပါဘူး။ မသိသေးတဲ့အရာတွေကိုရှင်းပြပေးနိုင်မယ့်၊ web 3 အကြောင်း ကိုယ်တိုင်လေ့လာလို့ရနိုင်တဲ့နေရာတွေကို လမ်းညွှန်ပေးနိုင်မယ့် AI chatbot သက်သက်ဖြစ်ပါတယ်။
Binance ဟာ AI (Artificial Intelligence) တွေ နာမည်ကြီးလာပြီးနောက်ပိုင်း AI တွေကို ကောင်းကောင်းအသုံးချလာနေတာဖြစ်ပြီး March လထဲမှာတုန်းကလည်း AI နဲ့ personal NFT တွေ ထုတ်ပေးနိုင်မယ့် Bicasso ကို စတင်မိတ်ဆက်ခဲ့ပြီး အခု Binance Sensei ကတော့ Binance ရဲ့ ဒုတိယမြောက် AI ခြေလှမ်းဖြစ်ပါတယ်။
အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancryptohttps://t.me/myancryptochannelCrypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCryptoCrypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDHBinance Myanmar Telegram Group
https://t.me/BinanceBurmeseTrader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL