အိမ်

By @lwanwai1/6/2020myanmar

အိမ်

လူတိုင်း မှာ မိမိတို့ရဲ့ သာယာပြီး အေးချမ်းနေချင်စဖွယ် အိမ်လေးတစ်လုံးစီတော့ ရှိကြပါတယ်။
ဘယ်လောက်ပဲ စည်းစိမ်ချမ်းသာတွေနဲ့ နေရပါစေ
အဝေးက မိသားစုတွေ ရှိတဲ့ တဲကုပ်သာသာ အိမ်လေးကိုတော့ သတိရမိကြမှာပါ။

oy05wtr2rl.jpg

မိမိရဲ့ မွေးရပ်မြေ မိမိ နေထိုင်ရာ ဒေသ နေအိမ်ကို တော့ ကျွန်တော် အမြဲတမ်း သတိရ အမှတ်ရမိပါတယ်။ အဝေးမှာ အလုပ်တွေလုပ် အဆင်တွေပြေပြီး နေနေရပေမယ့် အမေ အဖေ ရှိတဲ့ မိသားစု အိမ်လေးလောက်ကတော့ ပျော်စရာ မကောင်းတာ အမှန်ပါပဲဗျာ။

ကျွန်တော် အဝေးကို အကြိမ်ကြိမ် ခရီးတွေ ထွက်ခဲ့ဖူးတယ်။ အလုပ်တွေ အကြိမ်ကြိမ် သွားလုပ်ခဲ့ဘူးပေမဲ့ အချိန်တန်တော့လဲ အိမ်ပြန်ချင်တာပဲလေ။
အစားကောင်းကောင်း စားရရင် အိမ်က အဖေ အမေ ဘယ်လိုစားနေမလဲ ကိုယ်လို စားရပါ့မလားနဲ့ အတွေးတွေ တစ်ပွေ့ တစ်ပိုက်၊
အဝတ်အထည်လေး ကောင်းတာဝတ်ရပြန်တော့
အိမ်က အဖေနဲ့ အမေ အဝတ်အထည်လေး ကောင်းတာလေးတွေများ ဝတ်ရပါ့မလား နဲ့ အဝေးကနေရင်မောရတာအမောလေ။

အိမ်------
ကျွန်တော့် အတွက် အိမ်ဆိုတာ မိဘ မေတ္တာ တွေနဲ့ လွမ်းခြုံထားတဲ့ ဘုံဗိမ္မာန် တစ်ခုပါ။
ဒါကြောင့် ဘယ်လောက်ပဲဝေးဝေး ဘယ်လောက်ပဲ အနေဆင်းရဲနေပါစေ အိမ်ကိုပဲ အမြဲ ပြန်ရောက်တာချည်းပါပဲလေ။

MSC 045
@lwanwai

146

comments