WHIPLASH

By @khitthit7/9/2018busy

လူတိုင်းနီးပါးတော့ ဘဝမှာသေလောက်အောင်ကြောက်ရတဲ့ ဆရာသမားတစ်ယောက်ယောက်တော့ရှိခဲ့ဖူးကြမှာပါ
ကျွန်တော်လဲ ဒီကားကြည့်ပြီး ကျွန်တော့်ဆရာမတစ်ယောက်ကိုကွက်ကွက်ကွင်းကွင်းကြီးကိုသွားမြင်တယ်
အဲ့လိုပဲ Andrew Neimar ဆိုတဲ့ကောင်လေးတစ်ယောက်မှာ ဘဝကိုအရှုံးပေးသည်အထိ ကြောက်ရလောက်တဲ့ ဆရာတစ်ယောက်ရှိခဲ့ဖူးပါတယ်

Whiplash(2014) #Spoiler_free

ဒီကားကိုလူတိုင်းနီးပါးကြည့်ဖူးမှာပေါ့ ခုဆိုတချို့လူတွေစိတ်ထဲ ဒီကောင်ခုမှကြည့်ဖူးတာလားလို့ထင်မယ်ဆိုလဲ ဟုတ်ပါတယ် ကျွန်တော်မနေ့တနေ့ကမှ ကြည့်တာပါ
Jazz music band တစ်ခုက Drum တီးတဲ့ကောင်လေးတစ်ယောက် တစ်ည Drum ကို စည်းချက်မညီစွာ လေ့ကျင့်နေတဲ့အချိန် သူတို့ Collage က နာမည်ကြီး Musician တစ်ယောက်သူတီးတာတွေ့တဲ့အချိန် လူတိုင်းကြောက်ကြတယ်လို့ နာမည်ကြီိးတဲ့ ဘဲကြီးတစ်ဗွေ သူ Drum တီးတာကို ကြည့်နေတဲ့အချိန် သူတော်တော်ကိုကြောက်နေပါပြီ တွေ့တွေ့ခြင်းပဲ တလွဲတလွဲတချော်ချော်နဲ့ ညတစ်ညကိုဖြတ်သန်းခဲ့ရပါတယ် ဒီလိုနဲ့ ကံကောင်းခြင်းများစွာဖြင့် ထိုဘဲကြီးရဲ့ တီးဝိုင်းနောက်ကိုသူလိုက်သွားရပြီး ဝါသနာ ဇွဲ လုံ့လ တို့ရဲ့အလွန်မှ မိမိကိုယ်ကိုအထင်ကြီးခြင်းဆိုတဲ့ မာနတစ်ခုပိုင်ဆိုင်ပြီး ဆရာနဲ့တပည့်ကြား မလိုမုန်းတီးတွေဟာ ဘယ်လိုဆက်ရန်ရှိမလဲဆိုရင်ဖြင့်............

Spoiler Alert အနည်းငယ်
.

.
. ဇာတ်အိမ်တည်ပုံကတော့ ရေလည်လန်းတယ်
Cast တွေကိုလဲ လိုအပ်သလောက်ပဲယူပြီး အကောင်းဆုံးလုပ်သွားတယ် ကျွန်တော်ဆို Mellisa Beonist အခန်းဆိုခဏခဏရစ်ကြည့်တာ 👃🏻👃🏻ထားပါတော့ ဒါ ပါဆင်နယ်ပေါ့
J K Simmons ကြီးရဲ့ သရုပ်ဆောင်တာတွေကဖုန်းစခင်နဲ့နားကြပ်တပ်ပြီးကြည့်တဲ့ ကျွန်တော်တောင် လန့်တယ်ဗျာ သူစိတ်တိုင်းမကျတာနဲ့ အဲ့စိတ်တိုင်းမကျအောင်လုပ်တဲ့ကောင် စိတ်ချမ်းသာဖို့ လမ်းမရှိတော့ဘူး
ဇာတ်ကားတစ်ကားလုံး သူ့ကိုပဲသဘောကျတယ် ဘယ်လောက်ထိလဲဆိုရင် Miles Tiller တောင် Ending မတိုင်ခင်ထိ အမြင်ကပ်သွားတာ
Miles Tiller လဲ တကယ့်ကိုရှယ်ပဲ သူ့Role ဖြစ်တဲ့ Andrew ကိုက တကယ်မိုက်တာပါ ဆရာနဲ့အနည်းငယ်အဆင်ပြေပြီး သူ့ကြိုးစားအားထုတ်မှုကြောင့် အထင်ကြီးပြီး စော်တောင်ဖြတ်ရတယ် သူ့ဝါသနာနဲ့မာနက ခွဲခြားလို့မရအောင် ယှဉ်ပြိုင်နေတယ် ကားအက်စီးဒန့်တောင်ဂရုမစိုက် နောက်ဆုံး ဆရာကိုတောင်ပြန်ခံပြောတဲ့အထိ တော်တော်ကိုဆိုးရွားခဲ့တယ်
နောက်ဆုံးမှာ J K ကြီးကလည်း လက်စားချေချင်တာနဲ့ Andrew ကို JVC ပွဲမှာ သူမရတဲ့သီချင်းကိုတီးခိုင်းတော့တာပဲ Andrew လဲ မရတော့တဲ့အဆုံး ရအောင်လုပ်တာပေါ့ B–)
Ending ကတော့ ခင်ဗျားထင်သလိုပဲ ဖြစ်လာမှာသေချာပါတယ်ခင်ဗျာ ကြည့်ပြီးသားသူတွေကလဲ ကျွန်တော်အမြင်မတူရင် အမြင်လေးတွေပြောသွားကြပါလို့ မကြည့်ရသေးသူတွေကလဲ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့

Main Casts တွေကတော့ J K Simmons , Miles Tiller နဲ့ Mellisa Beonist ဖြစ်ပြီး

IMBD 8.5/10 နဲ့ Rotten Tomatoes 94% ရရှိထားပြီး

J K Simmons ကြီူပဲ Award ပေါင်း 10 ခုပိုင်ဆိုင်ပြီး
အသံပိုင်းဆိုင်ရော Editing ကအစ ဆုတွေပါရရှိထားတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ခင်ဗျ

photo from google36849835_687355988272236_9215944917413527552_n.jpg

62

comments