World Cup

By @jhonnight6/18/2018myanmar

ကမ္ဘာ​ပေါ်မှာ လူကြိုက်​အများဆုံး၊ အထင်​ရှားဆုံး၊ အ​အောင်​မြင်​ဆုံး​သော အားကစားနည်းတစ်​ခုကို ​ပြပါဆိုလျှင်​ ကျွန်​​တော်​က​တော့ ​ဘောလုံးပွဲ (soccer) အားကစားနည်းကိုသာ ​ညွှန်​ပြလိုပါသည်​။ အဘယ်​​ကြောင့်​ဆို​သော်​ ​ဘောလုံးကစားနည်းဟာ အချိန်​​နေရာမ​ရွေး၊ အသက်​အရွယ်​ ကျား၊ မ မ​ရွေး​ဆော့ကစားနိုင်​ခြင်း၊ အသင်းလိုက်​ကစားရ​သော ကစားနည်းဖြစ်​တာ​ကြောင့်​ စည်းလုံးညီညွတ်​ခြင်း၊ တစ်​သင်းနဲ့တစ်​သင်း ယှဉ်​ပြိုင်​အနိုင်​ရလိုစိတ်​ပြင်းထန်​ခြင်း၊ ဆု​ပေး ဒဏ်​​ပေး စနစ်​များနှင့်​ တရားမျှတစွာ စနစ်တကျ​ဖွဲ့စည်းထား​သော ကစားနည်းဖြစ်​ခြင်း စသည်တို့​ကြောင့်​ ​ဘောလုံးကစားနည်းဟာ အခြားအားကစားနည်း​တွေထက်​ ပိုမို​အောင်​မြင်​ပြီး လူကြိုက်​များရခြင်းဖြစ်​ပါတယ်​။

ဘောလုံးကစားနည်း​တွေထဲမှာ ဖူဆယ်​​ဘောလုံးကစားနည်း၊ သဲ​သောင်​ပြင်​​ဘောလုံးကစားနည်း၊ small goal ဂိုးကျဉ်း ကစားနည်း တို့လည်းရှိကြပြီး လူကြိုက်အ​များဆုံးကစားနည်းက​တော့ မြက်​ခင်းစိမ်းများ​ပေါ်တွင်​ တဖက်​ ဆယ်​တစ်​​ယောက်​စီပါဝင်​ ယှဉ်​ပြိုင်​ကစားရ​သော ကစားနည်းပင်ြ​ဖစ်​ပါသည်​။

ထိုမြက်​ခင်းစိမ်းများ​ပေါ်မှ ​ဘောလုံးပြိုင်​ပွဲများကို ကမ္ဘာနိုင်​ငံအသီးသီးမှာ ယှဉ်ပြိုင်ကစား​​​ကြပြီး ပိုမို​​ထင်ရှား​ကျော်​ကြား​သော ပြိုင်​ပွဲများမှာ ဥ​ရောပနိုင်​ငံများမှ ​ဘောလုံးပြိုင်​ပွဲများ ဖြစ်​ကြပါသည်​။ ဥ​ရောပနိုင်​ငံများဟာ အခြား​သောကမ္ဘာ့နိုင်​ငံများထက်​ ​ဘောလုံးကစားနည်းများကို ကျွမ်းကျင်​ပိုင်​နိုင်​စွာ ကစားနည်းနိုင်​ကြပြီး ​ဘောလုံးသမား​ကောင်းများစွာကိုလည်း အစဉ်​​မွေးထုတ်​​ပေးလျက်​ရှိပါသည်​။

Soccer (​ဘောလုံးပြိုင်​ပွဲ)များတွင်​ ပြည်တွင်း​​လိဂ်​ပြိုင်​ပွဲများ၊ နိုင်​ငံအလိုက်​ပြိုင်​ပွဲများ၊ ဖလားလုပွဲများစွာရှိသည့်​အနက်​ အဆင့်​အတန်းအမြင့်​မားဆုံးနှင့်​ ဂုဏ်​သိက္ခာအရှိဆုံးပြိုင်​ပွဲမှာ ယ္ခု ရုရှားနိုင်​ငံတွင်​ ယှဉ်​ပြိုင်​ကစား​နေကြ​သော ​လေးနှစ်​မှ တစ်​ကြိမ်​ကျင်းပပြု​လုပ်​​သည့်​ " World Cup " ကမ္ဘာဖလားပြိုင်​ပွဲ ဖြစ်​ပါသည်​။ ကမ္ဘာ့ဖလားပြိုင်​ပွဲများတွင်​ နိုင်​ငံကိုယ်​စားပြုအသင်း ၃၂သင်းအထိ ပါဝင်​ကစားကြပြီး အပြင်းထန်​ဆုံး ပြိုင်​ပွဲများအဖြစ်​ လူသိများကြပါတယ်​။ ယ္ခု ရုရှားနိုင်​ငံတွင်​ ကမ္ဘာ့ဖလားပြိုင်​ပွဲကြီးကို ဇွန်​လ ၁၄ရက်​မှ ဇူလိုင်​လ ၁၅ရက်​ တစ်​လထိထိ လက်​ခံကျင်းပသွားမှာဖြစ်​ပြီး ဘရာဇီးအသင်း​က​တော့ ဗိုလ်​စွဲဖို့အတွက်​ ​ရေပန်းအစားဆုံးအသင်းအဖြစ်​ရပ်​တည်​​နေပါတယ်​။ ကျွန်​တော်​က​တော့ ​​ပေါ်တူဂီအသင်းကို ဖလားရ​စေချင်​ပါတယ်​။ မိတ်​​ဆွေတို့​ကော ဘယ်​သင်းကို အား​ပေးမှာလဲဆိုတာ commentမှာ​ရေသွားပါအုံး​နော်​.....။

အားလုံးကို​လေးစားလျက်​ ​ရေးသားသူ Jhon
MSC-046
Photo By Google ImageFB_IMG_1528865076445.jpg

62

comments