Where is & How

By @donjaun3/22/2025hive-122133

EPL ပွဲတွေ မရှိတော့ တခုခု လိုနေသလိုပင်။ အထူးသဖြင့် United ပွဲ မရှိခြင်း ဖြစ်၏။ နိုင်ပွဲတွေ ပျောက်နေတုန်းက တောက်လျောက် ဝေဖန် ဆူပူ ပေးနေရပြီး ခု နိုင်ပွဲ ဆက်နေလို့ ချီးကျူးမယ် ဆိုခါမှ နိုင်ငံပွဲတွေ ကစားမှာမို့ လိဂ်ပွဲတွေက နှစ်ပတ်လောက် နားထားပေလိမ့်ဦးမည်။ United အကြောင်း ပြောနေကြ ဆိုတော့ မပြောရတော့ တခုခု လိုနေသလိုပင်။ အပြစ် ဆိုတာထက် ချီးကျူးရမယ့် အချိန်ကြမှ လိဂ်ပွဲတွေက မရှိနေတာမျိုး ဖြစ်၏။

ချီးကျူး ဆိုရာမှာလည်း ခုမှ ဂိုးပြတ် နှစ်ပွဲ ဆက်လိုက်လေး နိုင်ထားတာ တခုပဲ ရှိသေး၏။ ဒီရာသီကတော့ ထားပါတော့လေ။ နောက်ရာသီပေါ့။ နည်းပြ Amorim တယောက် ဘာတွေ လုပ်ပြ နိုင်မလဲ၊ ပြီး ဘုတ်အဖွဲ့ကကော စိတ်ရှည် ပေးနိုင်ပါ့မလားပေါ့။ အသင်း အောင်မြင်မှု မရတိုင်း နည်းပြတွေကို စတေးနေတာကတော့ အဖြေ မဟုတ်ပေ။ ခု နည်းပြ Amorim ကိုဆို EPL ရာသီ အစပိုင်းမှာ ခေါ်ထားခြင်း ဖြစ်၏။

ဟိုက January အပြောင်းအရွှေ့မှ ဒါမှမဟုတ် နောက်တရာသီမှ လာမယ် ဆိုတာကို ခုလာမှ မလာရင် sorry ပဲတွေ လုပ်တော့ Amorim ခမြာ နည်းပြလက်စ Sporting CP လေးကို ထားပြီး လာခဲ့ရ၏။ Sporting CP မှာ တောက်ပခဲ့သမျှ United ရောက်မှ မှေးမှိန်နေရလေတော့၏။ သူ လိုချင်သည့် ကစားသမားတွေကိုလည်း ဘုတ်အဖွဲ့က မခေါ်ပေး။ ရှိသည့် ကစားသမားတွေကြပြန်တော့ ထုတ်ရောင်း၊ အငှားချ နဲ့။ မရှိ ရှိတာလေးနဲ့ သူ့ခမြာ လှအောင် သုံးနေရ၏။

Amorim ကလည်း ခေါင်းမာ၏။ 3-5-2 ကို တပြားမှ မလျော့ပေ။ တချို့ ဝေဖန် သုံးသပ် သူတွေက United နဲ့ 3-5-2 က မကိုက်၊ မလိုက်ဘူး ပြောနေတာတောင် သူက 3-5-2 မှ 3-5-2 နေခဲ့၏။ ဒါလည်း တမျိုး ကောင်းတာပါပဲ ဘယ်သူတွေ ဘာပြောပြော ကိုယ်သွားမယ့် ကိုယ့်နည်းလမ်းနဲ့ပဲ အရောက်သွားမယ်ပေါ့။

လာမယ့်နှစ်မှာတော့ United ပြန်လည် ဦးမော့လာဖို့ မျှော်လင့်မိ၏။ ယခင်လို Champion Challenger အဖြစ်ပေါ့။ ပွဲစဉ်တိုင်းကို အကောင်းဆုံး ပုံစံ၊ ကစားကွက်၊ စိတ်ဓါတ်တွေနဲ့ ကစားပြသည့် အသင်းမျိုးပေါ့။ အထူးအားဖြင့် Sir Alex လက်ထက်က United လို အသင်းမျိုးကို ပြန်မြင်ချင်မိပါ၏။

117

comments