donjaun
10.32K
Posts
958
Followers
139
Following
Don Jaun

You Never Fully Dress Without A Smile

Taunggyi,Shan State, Myanmar

95.72%
Joined in 06, 2017
donjaun
· 3 days ago

လောက နိဗ္ဗာန်ကတော့ ဘယ်ဆီ ဘယ်ဝယ်ရယ် မသိ၊ လောက ငရဲကတော့ ကိုယ်တွေ အနီးမှာပင်။ ပြီး လောလောလတ်လတ်ကို ခံစားနေကြရ၏။ ခံစားကြရတဲ့ ပုံစံချင်းသာ မတူကြမယ် နာကျင် ကြေကွဲရတာကတော့ အားလုံး အတူတူပင်။ငယ်ငယ်က ဖယောင်းတိုင်မီး၊ ရေဒီယို ကတ်ဆက်ဇာတ်လမ်းတွေနဲ့ ကြီးပြင်းခဲ့ရ၏။ တီဗီ ရုပ်ရှင်တွေ ကြည့်ခွင့်ရခဲ့ရင်တော့ တကယ့်ကို ပျော်စရာပင်။ အရွယ်ရောက်ပြီးနောက် Internet ဆိုတာကြီးနဲ့ ထိတွေ့ခွင့် ရခဲ့၏။ တီဗီ မကြည့်ရ မနေနိုင်ခဲ့သည့် အရွယ်ကနေ Internet မရှိ၊ မသုံးရ မနေနိုင်သည့် အရွယ်သို့ ရောက်ခဲ့၏။ ယနေ့ခေတ်ကလည်း Internet သာ မရှိရင် အဆင်မပြေလောက်ပေ။ မရှိလည်း ရှင်သန်နေထိုင်လို့ ရပေမယ့် ရှိရင်တော့ ပိုမို လွယ်ကူ ချောမွေ့ ပေလိမ့်မည်။

160
6
0.717