ကျနော် US ရောက်နေပြီ

2025-04-26T11:55:18
အိမ်က wifi ဘာဖြစ် နေသည် မသိ။ လိုင်းမကောင်းတာတော့ ထူးထွေ မပြောနေတော့ပေ။ ခုတလော လိုင်းက ကောင်းလိုက်၊ မကောင်းလိုက်နဲ့ကိုး။ တကယ်တော့ လိုင်းက ခုမှ မကောင်းတာ မဟုတ်ပေ။ အာဏာသိမ်းပြီး ကတည်းက မကောင်းတော့တာ မလား။ ခု ဖြစ်နေတာက တမျိုးတဘာသာ ဆန်းနေ၏။
အိမ်မှာ သုံးသည့် wifi က Welink ဖြစ်၏။ လိုင်းကတော့ မဆိုးဟု ပြောလို့ရ၏။ သုံးလာတာ နှစ်တွေ မနည်း ကြာခဲ့ပြီ။ ကာလတခုစာလောက် အခြား Fiber line တွေ VPN ခံသုံးနေရသည့် software, app တွေကို VPN မလိုဘဲ သုံးခွင့်ရခဲ့သေး၏။ ဒါပေမယ့် ခု နောက်ပိုင်းမှာတော့ VPN ပြန်သုံးပေးနေရပြီ။ ယခင်က VPN မလိုသည့် Telegram တောင် တခါတလေ VPN ခံပြီး သုံးနေရတာမျိုးတွေ ရှိလာ၏။ VPN ကိုက Facebook နှင့် WOF တို့မှာ အဓိကသုံး ဖြစ်၏။ Exchange account တွေ သုံးမယ်ဆိုရင် VPN ဖြုတ်ရပြန်၏။ နည်းနည်းတော့ အလုပ်ရှုပ်၏။
နောက်ပိုင်း exchange တွေက ban ထားသည့် နိုင်ငံတွေကို မချိတ်မိအောင် ဂရုစိုက်ပြီး သုံး၏။ အစောပိုင်းက US ကို အဓိကထားသုံး၏။ ကလစ်ရင် US နဲ့ဆို ပိုပြီးရတာလည်း ပါလို့။ နောက်ပိုင်း VPN တွေက သိပ်အဆင်မပြေတော့ပေ။ သုံးနေကြဟာတွေက မရတာနဲ့ တခြား အဆင်ပြေသည့် VPN တွေ ပြောင်းသုံးရ၏။ ဝယ်ကလည်း မဝယ်နိုင်ဘူးကိုး။
တရက်သား အိမ်က wifi နဲ့ Binance ကို ဝင်တာ သင့် IP address က US ဖြစ်နေလို့ သုံးခွင့်မပြုပါဘူးတဲ့။ US ဖြစ်နေရင် Binance US ကို သုံးပါတွေ ဘာတွေ ပြလာရေ။ ဟင် ဘယ်လိုကြီးလဲပေါ့။ ကိုယ်လည်း VPN မခံထားပါဘူး။ App ကို clear data လုပ်ပြီး ပြန်ဝင်ကြည့်၏။ မရပေ။ Uninstall လုပ်ကြည့်၏။ မထူး။ လုပ်ကြည့်နေရင်းက အမေ့ မွေးနေ့မို့ ဘုရားသွားကြမယ် ဆိုသဖြင့် ဘုရားတွေ လှည့်ဖူးနေရင်းက Mobile data နဲ့ လုပ်တော့ ရသွား၏။ ပြန်အဆင်ပြေပြီပေါ့။
တရက်သာရ၏။ နောက်ရက် wifi နဲ့ Binance ကို ဝင်တော့ ထိုစာ ထပ်ပြပြန်၏။ ဟင် ဘယ်လိုကြီးလဲပေါ့။ Mobile data နဲ့ စမ်းကြည့်၏။ Mobile data နဲ့ကြ ရနေပြန်၏။ ဟုတ်တော့ ဟုတ်နေပြီ။ ညနေ Futsal သွားကန်မှာဆိုတော့ ကွင်းက wifi နဲ့ စမ်းကြည့်ဦးမည်ပေါ့။ ကွင်းက wifi ကလည်း Welink ပဲ ဖြစ်၏။ ကွင်းက wifi နဲ့ကြပြန်တော့ ရနေ၏။ ဘယ်လိုကြီးလဲ။ Welink ချင်း အတူတူကို။
ခု ကျနော့်မှာ Binance ကို Mobile data နဲ့ သုံးရင်သုံး မဟုတ်ရင် wifi နဲ့ဆို VPN ခံပြီး သုံးနေရ၏။ တပတ်လောက် စောင့်ကြည့်ပြီးမှ wifi နဲ့ VPN မခံဘဲ ဝင်ကြည့်ပါဦးမည်။
48
12
0.54
12 Replies