Splinterlands အမြန်ဆော့ခြင်း

By @domelay9/9/2021hive-122133

ဒီ Game က သက်တမ်း အရမ်းကြာပြီဖြစ်တာကြောင့် သိပြီးသား နည်းလမ်းလဲ ဖြစ်ပါလိမ့်မယ် ။ သူသတ်မှတ်ပေးထားတဲ့ rules တွေနဲ့ battle တစ်ခုချင်းစီမှာ ရှိတဲ့ rule တွေ အကောင်တွေရဲ့ စွမ်းအားတွေ လုပ်ဆောင်ပုံတွေကို နားလည်ပြီး တဲ့အခါ battle ကြီး ထိုင်ကြည့်နေရတာ အလွန်ပျင်းစရာကောင်းလှပါတယ် ။ game မှာ လဲ skip battle ဆိုတာလေး ပါပါတယ် ။ မကြည့်ချင်တဲ့အခါ ကျော်သွားတာတွေက အချိန်ကုန် သက်သာစေပါတယ် ။

IMG_20210909_212206.jpg

battle ကို skip တဲ့ အခါ သူပေးထားတဲ့ skip battle ကို နိပ်လိုက်ရင် ကျော်သွားပေမဲ့ အဲ့ဒီထက် များဘမြန်နိုင်ဦးမလား ။ ဟုတ်ကဲ့ ကျွှန်တော် ဒီနှစ်ပိုင်းမှာတော့ ဒီလို ကျော်ပါတယ် ။ ပွဲရှာ အကောင် ရွှေးပြီးတာနဲ့ ဟိုဘက်ကိုစောင့်ရပါတယ် တစ်ခါတစ်လေလဲ ဟိုဘက်က သွက်ရင်တော့ စောင့်စရာ မလိုဘူးပေါ့ ။ အဲ့တာ ပြီးရင် အကောင်စီ start နိပ်ပြီးမှ skip လုပ်မှာကို စောင့်မနေတော့ပါဘူး ။

IMG_20210909_213029.jpg

ညာဘက်အပေါ်က အစက် သုံးစက်လေးနိပ်ပြီး battle ကို နိပ်လိုက်ရင် အရှုံးအနိူင်က history မှာရောက်နေပါပြီ ထို့နောက် နောက်တစ်ပွဲ ချက်ချင်းစတင်နိုင်ပါပြီ ။

IMG_20210909_212319.jpg

အချိန်တအားမပေးနိုင်တဲ့သူများလဲ ကဒ်တွေ rule တွေအကြောင်း သိထားပြီဆိုရင် အချိန်တိုတို ပွဲများများ ဆော့နိုင်ကြပါစေ ။

@Domelay

comments