ဝဿန် စွမ်းအင်

By @ddmouse9/12/2018steemit

ဝဿန် ရာသီတွင် တောင်သူလယ်သမားများသည် စိုက်ပျိုးရေး လုပ်ကိုင်တက်ကြသည် မဟုတ်ပါလော။ စိုက်ပျိုးသမျှ ဖြစ်ထွန်းကြရန် လိုအပ်သည်အချက်များထဲ့တွင် မိုးလေဝသ မှန်ကန်မှုသည်လည်းတစ်ချက်အပါအဝင် ဖြစ်သည်။ ဝဿန် ရာသီ အစတွင် ကျောင်းများ ဖွင့်ကြသည်။ ကျောင်းဖွင့်ရသီ ဖြစ်၍ အဖြူအစိမ်းဝတ် ကျောင်းသားကျောင်းသူများ ဆရာဆရာမများကို ထီးရောင်စုံများအောက်တွင် တွေ့ မြင်နိုင်ပါသည်။ မိုးရွာနေသော်လည်း စိတ်ပျက်ခြင်းမရှိ လန်းဆန်းတက်ကြွနေသော ဟန်ပန်အမူအရာ များကို တွေ့မြင်ကြရသည်။ကောင်ပင် ပျိုလေးများနှင့်အပြိုင် တက်ကြွနေသော အနာဂတ် လူငယ်များ ၏ ပုံရိပ်မှာ နှစ်သက်ကြည်နူးဖွယ် လှပနေပါသည်။

measureable . .2.jpg

ဝဿန်ကာလတွင် ကောင်းကင်ပြင်၌ တိမ်တောင်လိပ်ကြီးများသည် အနောက်တောင်ထောင့် အရပ်မှလေနှင့်အတူ ပါလာတက်ကြသည်။ တိမ်တောင်ဟူသည့် အတိုင်း တိမ်များသည် တောင်ကြီးများသဖွယ် ကြီးမားမြင့်မားလှသည်။အချို့ တိမ်များမှာမူ ဂွမ်းဆိုင်ဂွမ်လိပ်ကြီးများ သဖွယ် လှပသောပုံစံ အမျိုးမျိုးဖြင့် တွေ့ နိုင်ပါသည်။ အဆိုပါ မိုးတိမ်တို့ကို နေရောင် ထိုးလိုက်သော အခါ အပြာရောင် အညိုရောင် စသဖြင့် အရောင်စုံ တောက်လာပါတော့သည်။ ထိုပြင် ဝါဆို ဝါခေါင် ဝဿန အနောက်တောင်က မိုးသက်ကျ ဟူသော စကားနှင့်အညီ ဝါဆို ဝါခေါင် လတို့ တွင် မိုးနှင့်အတူ အနောက်တောင်မှ မိုးသက်လေပြင်းများပါ တိုက်ခတ် လေသည်။ ဝါဆိုလတွင် မြတ်လေးပန်များသာမက ပုန်းညက်ပန်း မိကျောင်းပန်းတိုလည်း ပွင့်ကြလေသည်။

33

comments