တူနာငါးများ အ ကြောင်း အနည်းငယ်

By @caesarsupaimin12/16/2019myanmar

tuna.jpg
တူနာငါး အကြောင်းလေး နည်းနည်းရေးချင်ပါတယ်။ တစ်နည်းအားဖြင့် Tunny လို့လည်း ခေါ်ကြပါသေးတယ်။ တူနာငါးကတော့ ရေငန်ပိုင်းမှာ နေထိုင်တဲ့ငါးအမျိုးအစားဖြစ်ပြီး Scombridae (mackerel) ငါးမျိုးစိတ်ထဲကမှ Thunnini အနွယ်ဝင်အမျိုးအစားဖြစ်ပါတယ်။ Thunnini အမျိုးအစားငါးတွေထဲမှာတော့ ငါးမျိုးစိတ်ပေါင်း ၁၅ မျိုးပါဝင်ပါတယ်။ ကြည်ဆံ တူနာငါး၊ အတ္တလန္တိတ်အပြာရောင် တူနာငါး၊ Bluefin တူနာငါးဆိုပီး အမျိုးအစားထပ်ကွဲပါသေးတယ်။ ကြည်ဆံတူနာငါးက အရှည် ၅၀ စင်တီမီတာ၊ အလေးချိန် ၁.၈ ကီလိုဂရမ် ရှိပါတယ်။ အတ္တလန္တိတ်အပြာရောင် တူနာငါးကတော့ အရှည် ၄.၆ မီတာ၊ အလေးချိန် ၆၈၄ ကီလိုဂရမ် နဲ့ Bluefin တူနာငါးကတော့ အရှည် ၂ မီတာခန့်ရှိပီး သက်တမ်း ကတော့ နှစ် ၅၀ လောက်ထိ အသက်ရှင်နေထိုင်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

တူနာ၊ ophan နဲ့ mackerel ငါးမန်း တွေဟာဆိုရင် သူတို့ရဲ့ ကိုယ် ခန္တာအပူချိန်ကို ထိန်းသိမ်းထားနိုင်တဲ့ ငါးမျိုးစိတ်တွေပဲဖြစ်ပါတယ်။ တူနာငါးတွေဟာဆိုရင် ချောမွတ်တဲ့ ကိုယ် ခန္တာရှိပီးတော့ အလွန်သွက်လက်စွာ ကူးခတ်သွားလာနိုင်ပါတယ်။ တူနာငါးတွေကိုတော့ စီးပွားဖြစ်ငါးဖမ်း သမားတွေရဲ့ မျက်စိကျစရာ ငါးမျိုးစိတ်တစ်ခုဖြစ်နေပါတော့တယ်။ တူနာငါးတွေကို စီးပွားဖြစ် အလွန်အကျွံဖမ်းဆည်းမှုကြောင့် တောင်ပိုင်း Bluefin တူနာငါးတွေဟာဆိုရင် မျိုးသုန်းလုနီးပါးဖြစ်နေပါတယ်။
အခြားသော တူနာငါးမျိုးစိတ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Albacore tuna
Southern bluefin tuna
Bigeye tuna
Pacific bluefin tuna
Atlantic bluefin tuna
စတဲ့ မျိုးစိတ်များဖြစ်ကြပါတယ်။
တူနာငါးတွေကို အထူးသဖြင့် ဂျပန်နိုင်ငံမှာ စားသုံးသူပိုမိုများပြားပါတယ်။ ယခုဆိုလျှင်တော့ အနောက် ဥရောပနိုင်ငံများမှာလည်း စားသုံးသူတွေ များပြားလာတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လူလတ်တန်းစားအချို့နဲ့ လူချမ်းသာပိုင်းတွေပဲ စားသုံးကြပါတယ်။ ရေငံငါးတွေဖြစ်တာကြောင့် ရေချိုပိုင်းနဲ့ နီးစပ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖမ်းဆီးရရှိမှု နည်းလှပါတယ်။ တူနာငါးတွေကို ဟင်းအဖြစ်ချက်စားတာဖြစ်ဖြစ် တူနာကို ငါးသေတ္တာအဖြစ်ပေါင်းခံထားပီး ဆီသွတ်ဗူးပြုလုပ်ကာလည်း ခရီးဆောင် အသင့်စားအစားအစာအဖြစ်စားသုံးကြပါသေးတယ်။ ပေါင်မုန့်အတွင်းလည်း ထည့်သွင်းစားသောက်ကြပါသေးတယ်။
လူအမျိုးမျိုး နေရာဒေသအမျိုးမျိုးမှာ စားသောက်ပုံ အမျိုးမျိုးနဲ့ စားသောက်ကြပီး လူကြိုက်လည်း အရမ်းများပါတယ်။

Writer caesarsupaimin
MSC-025
Image from google

27

comments